Knowledge

အလောင်းစည်သူမင်းကြီးအား သကြားမင်းဆက်သသောနတ်ပြည်မှာသာပေါက်ရောက်တဲ့ သရက္ခန်သားနဲ့ထုလုပ်ထားတဲ့ ဆုတောင်းပြည့်သရက္ခန်ဘုရားငါးဆူ

အလောင်းစည်သူမင်းကြီးအား သကြားမင်းဆက်သသောနတ်ပြည်မှာသာပေါက်ရောက်တဲ့ သရက္ခန်သားနဲ့ထုလုပ်ထားတဲ့ ဆုတောင်းပြည့် သရက္ခန်ဘုရားငါးဆူ

(၁) စည်သူရှင် သရက္ခန်ဘုရား – ရေစကြိုမြို့နယ် ပခန်းကြီးရွာ

(၂) ရှင်မတောင် သရက္ခန်ဘုရား – (ရေစကြိုမြို့နယ်၌တည်ရှိ၏။ ပခုက္ကူ မုံရွာကားလမ်းမှရှင်မတောင်သို့ ၁၁ မိုင် ကွာဝေး၏။တောင်အို တာတိုင်ရွာမှ ရှင်မတော်မုခ်ဦးအတိုင်း သွားရသည်။)

(၃) အညာသီဟတော သရက္ခန်ဘုရား – (အညာသီဟတော ဘုရားက တော့ ဘုရားပွဲရာသီမဟုတ်ရင် မန္တလေးမြို့ ရွှေကျီးမြင်ဘုရားထဲ မှာ ဖူးမြော်နိုင်ပါတယ်)

(၄) ဆင်ကြို့ရွှေဂူ သရက္ခန်ဘုရား – (ဆင်ကြို့ရွာ၊ ရေစကြိုမြို့နယ် ပခုက္ကူခရိုင်၊မကွေးတိုင်းဒေသကြီး)

(၅) ရွှေတန့်တစ် သရက္ခန်ဘုရား – ပခုက္ကူမြို့


သရက္ခန်အစစ် လက်လေးသစ်

(၁၆-၁၀-၂၀၁၉ရက်နေ့ ကြေးမုံသတင်းစာဆောင်းပါးတွင်ရေးသားဖော်ပြထားသည်)

သရက္ခန်သား လက်သစ်၂၀ကိုယူပြီးဆင်းတုတော် ငါးဆူကိုယ်တိုင်ထုလုပ်ခဲ့ပါသတဲ့။ တစ်ဆူချင်းမှာ ဘုရားရှင်ရဲ့ မွေတော်ဓာတ်နှစ်ဆူစီထည့်သွင်းဌာပနာပါသတဲ့။



သိကြား မင်းက အဲသလို သရက္ခန်ဆင်းတုငါးဆူ၊ ဇမ္ဗုသပြေဆင်းတု ငါးဆူထုလုပ်ရာက ထွက်ပေါ်လာတဲ့ စူးစာ ဆောက်စာ ဓားငယ်စာတွေကို သစ်စေးသရိုးနယ်ပြီးဓာတ်တော်နှစ်ဆူဌာပနာကာဆင်းတုတော်ထုလုပ်ပြီး မင်းကြီးကိုဆက်သခဲ့ပြန် ပါသတဲ့။


အလောင်းစည်သူမင်းကြီးက ဆင်းတုတော်တွေကိုဖူးမြော်ကြည်ညိုရင်း ပုလ္လင်တော်တွေနိမ့်နေတယ်ထင်လို့ မြှင့်ချင်တဲ့ဆန္ဒဖြစ်ပေါ်ရာမှာ ကျွန်းစောင့်နတ်တွေက ဆင်သားရေသဏ္ဌာန်ရှိတဲ့သစ်တုံး ခြောက်ပိုင်းကိုဆင်းတုတော် ခြောက်ဆူရှေ့မှာအစဉ်အတိုင်း လာရောက်ချထားပေးခဲ့ပါသတဲ့။


မူရင်းရေးသားသူများကို လေးစားစွာဖြင့်

Zawgyi