Life Style

2021ခုအတွက်စနေသားသမီးများ တစ်နှစ်စာဟောစာတမ်း

စနေသားသမီးတို့သည် 2021 ခုနှစ်တွင်ဘဝတစ်ဆစ်ချိုးအပြောင်းအလဲဆိုတာမျိုးတွေဖြစ်ရတတ်ပါတယ်။ မူလဇာတာအရ ကံကောင်းချိန်ကျရောက်နေတဲ့သူများက သူမတူအောင် တိုးတတ်သွားနိုင်ပြီး..မူလဇာတာအရလဲ ဒီနှစ်မှာကံညံ့နေသူဖြစ်မယ်ဆိုရင် ဘဝပျက်လောက်သည်အထိ ကံဆိုးသွားတတ်ပါတယ်။ဒီနှစ် မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေဖြစ်ရတတ်ပါတယ်။ နေရာသစ်၊ ဝန်းကျင်သစ်များသို့ ပြောင်းရွှေ့လုပ်ကိုင်ရ တတ်သည်။

သူတစ်ပါးအတွက် အကျိုးမပေးလို့ပစ်ထားတဲ့အလုပ်များမိမိကပြန်လည်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် အောင်မြင် ခြင်း ကံကို ရ တတ်သည်။ သူများတွေကအရှုံးပေါ်လို့ ရောင်းချင်တဲ့လုပ်ငန်းတွေဝယ်ယူလုပ်ကိုင်တာမျိုးက မထင် မှတ်လောက်အောင် တိုးတတ်နိုင်ပါတယ်။ ကိုယ်ဘာသာအလုပ်သစ်၊စီးပွားသစ်စမယ်ဆိုရင်တော့ ထင်သလောက် မအောင်မြင်ပါဘူး။

ကုမ္ပဏီလုပ်ငန်းများ၊ဖျော်ရည်ယမကာများ၊တံငါလုပ်ငန်း၊မွေးမြူရေးလုပ်ငန်း၊ စားသောက်ကုန် ထုတ် လုပ်မှု လုပ်ငန်း၊ အဝတ်အထည်နှင့် ဖန်စီလုပ်ငန်းများ၊ စက်ချုပ်ပစ္စည်းများ ရောင်းဝယ်ခြင်းများ အကျိုးပေး မည်။ မိမိရင်းနှီး မြှုတ်နှံမှုများသလောက် အကျိုးအမြတ်ဖြစ်ထွန်းမှု အားနည်းနေတတ်သည်။ မမျှော်လင့်ဘဲ ဘာသာရေးကိစ္စ၊ အလှူအတန်းကိစ္စများကို ထူးခြားစွာ အောင်မြင်လာပါလိမ့်မည်။

ဘာသာရေးကိုမေ့ပြီး အတ္တသိပ်ကြီးတဲ့ စနေသား သမီးများသံဝေဂဉာဏ်ကိုရလာတတ်ပါတယ်။ ကိုယ်ချင်းစာစိတ်၊ခွင့်လွှတ်စိတ်၊နားလည်ပေးနိုင်တဲ့ စိတ်မျိုးတွေ စနေ သားသမီးတွေရဲ့စိတ်သန္တန်မှာ ပေါ်ပေါက်လာတတ်ပါတယ်။ဒီနှစ်မှာ ခင်ပွန်းကြီးဆယ်ပါးကိုမမေ့ပါနှင့်။ ဘာသာ တရားကို အကျိုးမမျှော်ဘဲဆောင်ရွက်ခြင်းမျိုးက ကံဆိုးမှုတွေကိုသိသာစွာလျော့ပါးသွားစေနိုင်ပါလိမ့်မယ်။ ခေါင်း ဆောင်အကြီးအကဲတွေကတော့ ဒီလိုနှစ်တွေမှာ တရားမျှတမှုသာရှိပါစေ။ လူအများရဲ့အထင်ကြီးလေးစားခြင်းကို အထူးရပါလိမ့်မယ်။ တစ်ခုခုမတရားလုပ်မိတာနဲ့ ဖုံးကွယ်ထားလို့မရနိုင်ပါဘူး။ စနေသားသမီးတွေက ဒီနှစ်မှာဟုတ် ရင်ကျော်တယ်..ပုပ်ရင်ပေါ်တယ်ဆိုတဲ့ စကားပုံလိုပဲ ဖြစ်တတ်ပါတယ်။

ဖုန်းနှင့်အဖိုးတန်ပစ္စည်းများကျပျောက်ကိန်းရှိသည်။အထားမှားတာ၊မေ့ကျန်တာမျိုးတွေကဒီနှစ်မှာ သိပ်ဖြစ် လွယ်တဲ့ နှစ် မျိုးပဲ ဖြစ် ပါတယ်။ အိမ်၊ ခြံမြေ လက်မှတ်ရေး ထိုးခြင်းများ၊ စာချုပ်စာတမ်းများ ချုပ်ဆိုရာတွင် သတိပြုဆောင်ရွက်ရမည်။ လုပ်ငန်းကိစ္စများအတွက် contractချုပ်တော့မယ်ဆိုရင် သေချာဖတ်ပါ။နားလည်သူတွေ နဲ့တိုင်ပင်ပါ။

လွယ်လွယ်လက်မှတ်မထိုးဖို့ပြောလိုပါတယ်။ ကြာသပတေး၊ တနင်္ဂနွေသားသမီးများနှင့် ဆောင်ရွက် ခြင်း များ အထူးဂရုစိုက်ပေးရမည်။တနင်္လာ၊သောကြာသားသမီးများနဲ့ပတ်သတ်ပြီးအထူး အကျိုးပေးနိုင်ပါတယ်။ မကြာခဏ ခရီးသွားရတတ်သည်။အိမ်မကပ်ရတဲ့နှစ်ဖြစ်လာလိမ့်မယ်။ဒါကြောင့် ခရီးဝေးသွားပြီးလုပ်ကိုင်ဆောင် ရွက်ရတဲ့အလုပ်တွေက အညံ့အဆိုးမရှိနိုင်တာကိုတွေ့ရပါတယ်။

ကျန်းမာရေးတွင် ဖျားနာခြင်း၊ ဒူးနာ၊ ခါးနာ၊ အစားအသောက်မှားခြင်း၊ အရေပြားရောဂါ၊ အာရုံကြောအား နည်း ခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း ရောဂါများ ခံစားရတတ်သည်။ဒီနှစ်မှာစနေသားသမီးများကျန်းမာရေးမှာ မပေါ့ စေချင်ပါဘူး။ တစ်ခုခုဝေဒနာပေါ်နေတယ်။ ဆေးသောက်လဲခဏပဲသက်သာပြီး ပြန်ဖြစ်တာမျိုးတွေသေချာ ဆရာဝန် ပြ ပါတော့။ ညာဘက်မျက်စိအားနည်းတတ်ပါတယ်။ မျက်စိပါဝါတိုးနိုင်ပါတယ်။ဤကာလတွင် စီးပွားရေးလုပ် ငန်းများ တည်မြဲမှုမရှိဘဲ ပြောင်းလဲမှုကြောင့် ရသင့်သောအကျိုးအမြတ်ငွေ မရဘဲရှိနေ မည်။

အသင်းအဖွဲ့တို့နှင့် စီးပွား ရေး(သို့မဟုတ်) လူမှုရေးကိစ္စများ လုပ်ဆောင်ရာတွင် သိက္ခာကျဆင်းဖွယ်ရာများ ကြုံရတတ်မည်။ ဆွေမျိုး များ ထံမှ အမင်္ဂလာသတင်းများ ကြားရတတ်သည်။ စက်ပစ္စည်းအဟောင်း ရောင်းဝယ်ခြင်းမှ အကျိုးအမြတ်များ ရမည်။ ဒါကြောင့် တစ်ပတ်ရစ်၊second hand အရောင်းအဝယ်လုပ်သူများ အဆင်ပြေတတ်ကြပါတယ်။ အတိတ် ကပြုခဲ့တဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ပြန်ခံစားရတတ်ပါတယ်။ မကောင်းတာတွေလုပ်တာများသူတွေကတော့ မကောင်းကျိုးတွေဒီနှစ်အထူးခံစားရသလို..ကောင်းတာလုပ်သူတွေအတွက်တော့ ကောင်းတဲ့အကျိုးဖြစ်တဲ့ ထီပေါက်တာ အမွေရတာမျိုးတွေကိုလဲ တန်ပြန်ခံစားရနိုင်ပါတယ်။

ပျိုရွယ်သူများတစ်ဖက်သက် အချစ်ရေးမျိုးများနှင့် ကြုံတွေ့ရတတ်သည်။ ချစ်သူနှင့် နီးစပ်ရန် မလွယ်ကူသလို ခက်ခဲမှုများ ကြုံနေရမည်။ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ချစ်သူစုံတွဲများရက်ရွှေ့ရခြင်း(သို့မဟုတ်) မင်္ဂလာမဆောင် ဖြစ်ဘဲ အကျဉ်းရုံးလောက်ပဲ ဆောင်ရွက်ရခြင်းမျိုးကြုံရတတ်ပါတယ်။ ဝေးကွာနေသောချစ်သူများနှင့် ပြန်လည် ဆုံစည်း ရတတ်သည်။ အိမ်ထောင်ရေးတွင် ပြေလည်မှုခက်ခဲပေမယ့် သားသမီးများအတွက် သတင်းကောင်းများ ကြားရတတ်သည်။

အိမ်ထောင်ဘက်က အရင်ကတည်းက ခြေရှုပ်တတ်သူဆို အိမ်ထောင်ရေးဖောက်ပြန်တာဖြစ်စေ၊ မိမိကိုစိတ်ကုန်နေတာမျိုးဖြစ်စေ ကြုံလွယ်တတ်ပါတယ်။(အကုန်လုံးမဆိုလိုပါ) အိမ်ထောင်ဘက်နှင့် ပတ်သက်၍ မမျှော်လင့်ဘဲ ငွေကြေးဥစ္စာများ ရရှိမည်။ သားသမီးတို့၏စီးပွားရေး တိုးတတ်အောင်မြင်မည်။ ပညာရေးတွင် မိမိကြိုးပမ်းအားထုတ် မှုကြောင့် ထူးထူးခြားခြား တိုးတတ်အောင်မြင်လာလိမ့်မည်။ ပြည်ပများသို့ သွားရောက်ပညာ ယူခြင်းများ၊ ရာထူး၊ ဌာနနေရာပြောင်းရွှေ့ခြင်းများ ရှိမည်။ ပညာရေးတွင် လူငယ်လေးများချစ်မှုရေးရာ ရှုတ်ထွေးမှုများကြောင့် စိတ်လေလွင့်မှုမရှိဘဲ ကြိုးစားမှသာ အောင်မြင်မှုများ ရရှိမည်။

အကျိုးပေးဂဏန်း ….ဝ၊၂၊၇၊၉

အကျိုးပေးအက္ခရာ….အ၊စ၊လ၊န

တစ်နှစ်စာယတြာ…ခေါင်းကြည်ဆေးလေးတွေ၊အားဆေးလေးတွေ ဘယ်သူကိုဖြစ်ဖြစ်လှူပေးပါ။ ဒီနှစ်က ကျန်တာ ဘာမှမလုပ်ရင်နေပါ။ အာဟာရဒါနကိုတော့ အမြဲမပြတ်လုပ်စေချင်ပါတယ်။

စနေသားသမီးများအားလုံး တစ်နှစ်တာအတွင်း ကံကောင်းခြင်းတွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေ။

ဆရာငြိမ်းအေးလူ

လက်ဆန်းဗေဒင်သုတေသီ

Zawgyi