Knowledge

ေမြးရာပါအမွတ္ကို ရွက္ေသာသားအတြက္ အမွတ္ပုံစံ တက္တူးထိုးခဲ့ေသာဖခင္

ေမြးရာပါအနီေရာင္အမွတ္ကိုရွက္ေနေသာ သားျဖစ္သူကို မၾကည့္ရက္ေသာဖခင္က သားကိုအေဖာ္ျပဳရန္ရည္ရြယ္ၿပီး အသားအနာခံကာ အနီေရာင္အမွတ္တက္တူးထိုးရန္ဆုံးျဖတ္လိုက္တဲ့ ဖခင္တစ္ေယာက္ရဲ့ခ်စ္ခ်င္းေမတၱာအေၾကာင္းအရာတစ္ခုကို ေဖာ္ျပေပးခ်င္ပါတယ္။

ကေနဒါနိုင္ငံ၊ အယ္လ္ဘာတာျပည္နယ္၊ အက္မြန္တန္ၿမိဳ့က “ဒီရက္ ပ႐ူး စီနီယာ” ဆိုသူအမ်ိဳးသားဟာ အသက္ ၈ ႏွစ္အရြယ္သားျဖစ္သူက သူ႔ရဲ့ရင္ဘတ္နားမွာရွိတဲ့ ေမြးရာပါအနီေရာင္အမွတ္ကိုရွက္ေၾကာက္ေနၿပီး ေရကူးကန္မွာ ေရဆင္းကူးရန္ အက်ၤီမခၽြတ္ရဲတဲ့အခ်ိန္ေတြကို ဖခင္က သတိထားမိၿပီးေနာက္၊ ဒါေတြကို သားေလးရွက္ဖို့မလိုရန္ႏွင့္ စိတ္ဓါတ္ခြန္အားေတြျဖစ္ရန္ဆိုၿပီး သားနဲ႔ ဆင္တူ ျဖစ္ေအာင္ အမွတ္ပုံစံ တက္တူးထိုးရန္ ဆုံးျဖတ္လိုက္တယ္လို့ ဆိုထားပါတယ္။

“ကၽြန္ေတာ့အတြက္ တက္တူးထိုးတာ ထင္ထားတာတက္ ပိုၿပီးနာက်င္တယ္၊ ပိုၿပီးလည္း အခ်ိန္ယူရတယ္၊ ဒါေပမယ့္ ကၽြန္ေတာ္ လုပ္ရတာ ကၽြန္ေတာ္ေက်နပ္တယ္၊ အရမ္းလည္း တန္ဖိုးရွိတယ္၊ ဘာျဖစ္လို့လဲဆိုေတာ့ အခု ကၽြန္ေတာ့္သားဟာ ဖေအမွာလည္း အမွတ္အတူတူရွိၿပီး၊ သူ႔ထက္ အကြက္ပိုႀကီးေနတာလည္း ေတြ႕ၿပီးေနာက္ ေရကူးကန္မွာ အက်ၤီခၽြတ္ၿပီး ေရဆင္းကူးရန္ ပိုၿပီးရဲဝံ့လာတယ္၊ သားေလးျပဳံးေပ်ာ္တာၾကည့္ၿပီး အရမ္းဝမ္းသာတယ္” ဆိုၿပီး ေျပာပါတယ္။

Unicode

မွေးရာပါအမှတ်ကိုရှက်သောသားအတွက် အမှတ်ပုံစံ တက်တူးထိုးခဲ့သောဖခင်

မွေးရာပါအနီရောင်အမှတ်ကိုရှက်နေသော သားဖြစ်သူကို မကြည့်ရက်သောဖခင်က သားကိုအဖော်ပြုရန်ရည်ရွယ်ပြီး အသားအနာခံကာ အနီရောင်အမှတ်တက်တူးထိုးရန်ဆုံးဖြတ်လိုက်တဲ့ ဖခင်တစ်ယောက်ရဲ့ချစ်ချင်းမေတ္တာအကြောင်းအရာတစ်ခုကို ဖော်ပြပေးချင်ပါတယ်။

ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာပြည်နယ်၊ အက်မွန်တန်မြို့က “ဒီရက် ပရူး စီနီယာ” ဆိုသူအမျိုးသားဟာ အသက် ၈ နှစ်အရွယ်သားဖြစ်သူက သူ့ရဲ့ရင်ဘတ်နားမှာရှိတဲ့ မွေးရာပါအနီရောင်အမှတ်ကိုရှက်ကြောက်နေပြီး ရေကူးကန်မှာ ရေဆင်းကူးရန် အင်္ကျီမချွတ်ရဲတဲ့အချိန်တွေကို ဖခင်က သတိထားမိပြီးနောက်၊ ဒါတွေကို သားလေးရှက်ဖို့မလိုရန်နှင့် စိတ်ဓါတ်ခွန်အားတွေဖြစ်ရန်ဆိုပြီး သားနဲ့ ဆင်တူ ဖြစ်အောင် အမှတ်ပုံစံ တက်တူးထိုးရန် ဆုံးဖြတ်လိုက်တယ်လို့ ဆိုထားပါတယ်။

“ကျွန်တော့အတွက် တက်တူးထိုးတာ ထင်ထားတာတက် ပိုပြီးနာကျင်တယ်၊ ပိုပြီးလည်း အချိန်ယူရတယ်၊ ဒါပေမယ့် ကျွန်တော် လုပ်ရတာ ကျွန်တော်ကျေနပ်တယ်၊ အရမ်းလည်း တန်ဖိုးရှိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခု ကျွန်တော့်သားဟာ ဖအေမှာလည်း အမှတ်အတူတူရှိပြီး၊ သူ့ထက် အကွက်ပိုကြီးနေတာလည်း တွေ့ပြီးနောက် ရေကူးကန်မှာ အင်္ကျီချွတ်ပြီး ရေဆင်းကူးရန် ပိုပြီးရဲဝံ့လာတယ်၊ သားလေးပြုံးပျော်တာကြည့်ပြီး အရမ်းဝမ်းသာတယ်” ဆိုပြီး ပြောပါတယ်။