လူခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ ကျောက်ကပ်ကလည်း အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျောက်ကပ်
မကျန်းမာရင် လူလည်းမကျန်းမာနိုင်ပါဘူး။ ကျောက်ကပ်မကောင်းတာ၊ ကျောက်တည်တာတွေကို အစောကတည်းက
သိရင် အချိန်မီကုသမှုခံယူနိုင်ပြီး ကျန်းမာရေးကောင်းနိုင်တာပေါ့။
ကျောက်ကပ်မကောင်းတာကနေ အသက်အန္တရာယ်အထိဖြစ်နိုင်တာမို့ ကျောက်ကပ်မှာကျောက်တည်တာကို
အစောကြီးတည်းကသတိထားနိုင်အောင် ဒီလက္ခဏာတွေကို အထူးသတိပြုဖို့လိုပါတယ်။
(၁) ခါးနာခြင်း
ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ ခါးနားတဝိုက်နဲ့ နောက်ကျောတဝိုက်မခံမရပ်နိုင်အောင် နာကျင်တတ်ပါတယ်။
တခါတလေ အလေးအပင်တွေမ,လို့ ခါးနာတာနဲ့ ကျောက်ကပ်ကြောင့်ခါးနာတာမှားနေတတ်ပါတယ်။
ကျောက်ကပ်ကြောင့်ခါးနာတာက တခါတရံအနောက်ဘက်၊တခါတရံခါးဘေးနှစ်ဖက်မှာ တစ်ချက်တချက်မခံနိုင်အောင်
နာတာအောင့်တာဖြစ်ပါတယ်။ အဲ့လိုနာတာမျိုးနဲ့ ခြေထောက်တွေအနည်းငယ်ရောင်နေတာမျိုး တပြိုင်တည်းဖြစ်နေရင်
ကျောက်ကပ်မှာကျောက်တည်တာဖြစ်နိုင်ပါတယ်။
(၂) ဆီးအရောင်နဲ့ပမာဏပြောင်းလဲလာခြင်း
ဆီးသွားတဲ့အခါ ပုံမှန်ဝါကြည်တဲ့အရောင်မျိုးမဟုတ်ဘဲ အရောင်အရမ်းရင့်ပြီးအညိုရောင်သမ်းနေတာမျိုး၊
အရမ်းဖျော့လွန်းပြီး ရေလိုကြည်နေတာမျိုးတွေက ကျောက်ကပ်မှာကျောက်တည်နေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။
(၃) မကြာခဏဖျားနာခြင်း
ကျောက်ကပ်မှာကျောက်တည်နေတဲ့အခါ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုဖြစ်စေပြီး မကြာခဏ ကိုယ်အပူချိန်
မြင့်တက်စေပါတယ်။ ဒါကြောင့် မကြာခဏဖျားနာခြင်းကိုဖြစ်စေပါတယ်။
(၄) လွယ်လွယ်နဲ့မူးဝေခြင်း
ကျောက်ကပ်မှာကျောက်တည်တဲ့အခါ သူနဲ့ဆက်သွယ်နေတဲ့အာရုံကြောတွေမှာ ထိခိုက်မှုကိုခံစားရပြီး လူကို
အားနည်းစေကာ လွယ်လွယ်နဲ့မူးဝေစေပါတယ်။ အရင်က ကားစီးရင်မမူးတတ်တဲ့သူက ကားစီးရင်မူးတတ်နေတာမျိုး၊
လမ်းနည်းနည်းလျှောက်ပြီး မူးဝေနေတာမျိုး စသဖြင့် ဖြစ်စေပါတယ်။
(၅) ပင်ပန်းတဲ့အလုပ်တွေမလုပ်ဘဲ မောပန်းနေခြင်း
ကျောက်ကပ်မှာကျောက်တည်ပြီး အာရုံကြောတွေအားနည်းနေတဲ့အခါ ပင်ပန်းတဲ့အလုပ်တွေမလုပ်ဘဲ အလိုလိုနေရင်း
မောပန်းနွမ်းနယ်နေတတ်ပါတယ်။ ပင်ပန်းတဲ့အလုပ်တွေမလုပ်ရဘဲ အားအင်ကုန်ခမ်းနေသလိုဖြစ်နေတတ်ပါတယ်။
written by PP
Zawgyi
ကျောက်ကပ်မှာကျောက်တည်တဲ့အခါ ဖြစ်ပေါ်လာမယ့် ရှေ့ပြေးလက္ခဏာများ