Uncategorized

ဒသာကောက်ကိန်းအရ စနေသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ

အရင်နေ့က သောကြာသားသမီးတွေရဲ့ ဒသာအပိုင်းအခြားတွေကို ပြောခဲ့ပါတယ်။ ဒီနေ့မှာတော့ စနေသားသမီး တွေရဲ့ တစ်သက်တာ ကံကောင်း၊

ကံညံ့ဒသာကာလ လေးတွေကိုပြောပေးလိုက်ပါမယ်။

လူငယ် လူရွယ် တွေအနေနဲ့ မိမိရဲ့ ကောင်းတဲ့ဒသာတွေကျရောက်နေချိန်မှာ ပိုမိုအားထည့်ပြီး ကြိုးစားနိုင်ဖို့နဲ့ ကံညံ့တဲ့ ဒသာ နှစ်ပိုင်းတွေ ဖြတ်သန်း

ချိန်မှာတော့ သတိ၊ ဉာဏ်ပညာဦးဆောင်ပြီး ဖြတ်သန်းသွားနိုင်ဖို့ အထူးရည်ရွယ်ပါတယ် ကဲစကြရအောင်

စနေသားသမီးတွေရဲ့ကံကောင်းချိန်တွေက

အသက် ၇နှစ် ၆လမှစ၍ အသက် ၈နှစ် ၉လအထိကာလ

အသက် ၂၁နှစ် ၁၀လ ၁၅ရက်မှစ၍ အသက် ၂၄နှစ် ၃လအထိကာလ

အသက် ၃၅နှစ်တင်းတင်းပြည့်ချိန်မှစ၍ အသက် ၃၆နှစ် ၆လအထိကာလ

အသက် ၄၈နှစ် ၁၀လ ၁၅ရက်မှစ၍ အသက် ၅၁နှစ် ၆လအထိကာလ

အသက် ၆၃နှစ် ၆လမှစ၍ အသက်၆၄နှစ် ၃လအထိကာလ

အသက် ၆၉နှစ် ၁၀လ ၁၅ရက်မှစ၍ အသက် ၇၁နှစ် ၉လအထိ ကာလများဟာ ၇၀%သော စနေ သားသမီး များအတွက် ကြံတိုင်းအောင် ဆောင်တိုင်းမြောက် တဲ့ကာလပဲဖြစ်ပါတယ်။

အထက်ပါအသက်အပိုင်းအခြားတွေက မိမိတို့ အလိုရှိရာပန်းတိုင်ကို ဆုပ်ကိုင်နိုင်မယ့်ကာလတွေပါပဲ။ ကောင်းသောအသက်အပိုင်းအခြားတွေမှာ

အချိန်မဖြုန်းဖို့ အထူး လိုအပ်ပါတယ်။

စနေသားသမီးများရဲ့တစ်သက်တာ ကံညံ့ချိန်အသက်အပိုင်းအခြားကတော့

အသက် ၁နှစ် ၃လမှစ၍ အသက် ၂နှစ် ၆လအထိကာလ

အသက် ၁၀နှစ် မှစ၍ အသက် ၁၂နှစ် ၄လ ၁၅ရက်အထိကာလ

အသက် ၃၉နှစ် ၆လမှစ၍ အသက် ၄၁နှစ်တင်းတင်းပြည့်ချိန်အထိကာလ

အသက် ၅၆နှစ် ၉လမှစ၍ အသက် ၅၉နှစ် ၄လ ၁၅ရက်အထိကာလ

အသက် ၆၅နှစ် ၉လမှစ၍ အသက် ၆၆နှစ် ၆လအထိကာလ

အသက် ၇၅နှစ် ၆လမှစ၍ အသက် ၇၇နှစ် ၄လ ၁၅ရက်အထိ အတွင်းကာလများဟာ စနေသားသမီးတွေ အတွက် ကံညံ့နေချိန်တွေပဲဖြစ်ပါတယ်။

ကံညံ့နေချိန်မှာ ခင်ပွန်းကြီးဆယ်ပါးကို မမေ့ပါနဲ့ အရာရာကိုချင့်ချိန်ပြီး ဆောင်ရွက်ပါ။ မိမိလုပ်ချင်တာကို မိမိတစ်ဦးတည်း ဆုံးဖြတ်ချက်မချလိုက်ပါနဲ့။

နားလည်သူတွေကို တိုင်ပင်လိုက် ပါ။

တတ်နိုင်သမျှ ပရဟိတ ကုသိုလ်တွေ၊ ဝေယျာ၀စ္စ ကုသိုလ်တွေ များများလုပ်ပေးပါ။တစ်ခုသိထားစေချင်တာက စနေသားသမီးတွေရဲ့ ကံအပြောင်းအလဲက

ရုတ်တရတ်ထဖြစ်လေ့ရှိပါတယ်။ ဒီလ စီးပွားရေးတွေကောင်းပေမဲ့ နောက်လမွဲချင်မွဲသွားတာမျိုး၊ ဒီနေ့ ကျန်းကျန်းမာမာလမ်းလျှောက်နေမဲ့ နောက်နေ့

အိပ်ရာထဲလဲနေတာမျိုးတွေ၊ ဒီနေ့မွဲနေပေမဲ့ နောက်နေ့အမွေရတာမျိုး စသည်ဖြင့် ကံတွေက ရုတ်တရက်ပြောင်းလဲတတ်တာကိုတွေ့ရပါတယ်။

သတိထားဆင်ခြင်နိုင်ဖို့ ပြောပေးထားတာပါ။

၇ရက်သားသမီးများအားလုံး တွေးဆ ဆင်ခြင်နိုင်ကြပါစေ။

ငြိမ်းအေးလူ ၀၉၇၇၅၅၅၅၆၉၅ ၀၉၄၄၅၅၅၅၆၉၅

Zawgyi