Knowledge

ဆိုင္ကယ္အတိုက္ခံရၿပီး သတိလစ္သြားသည့္ ဆင္ေပါက္စေလးကို ကယ္တင္

ကယ္ဆယ္ေရးတာဝန္ထမ္းေနတာ ၂၆ ႏွစ္ထဲ ဝင္လာၿပီျဖစ္တဲ့ ဝါရင့္ ထိုင္း ကယ္ဆယ္ေရးသမား မာန ဆာရီဗစ္ ဟာ အသက္ေပါင္းမ်ားစြာကို က်ဥ္းထဲက်ပ္ထဲကေန ကယ္ခဲ့ဖူးပါတယ္။

ဒါေပမယ့္ ဆင္တေကာင္ကို ကယ္ဖူးတာကေတာ့ ဒါ ပထမ ဆုံးပါ။

တာဝန္ခ်ိန္ၿပီးလို့ အိမ္ျပန္လာတဲ့ မာန ဟာ ၿပီးခဲ့တဲ့ တနဂၤေႏြညေႏွာင္းပိုင္းမွာ အဲဒီဆင္ေပါက္ေလးနဲ႔ တိုးမိတာပါ။

ကေမၻာဒီးယားနယ္စပ္ဖက္ရွိ Chanthaburi ခရိုင္ ကားလမ္းမေပၚ ျဖတ္ကူးတဲ့ ဆင္အုပ္ကို အရွိန္မထိမ္းနိုင္တဲ့ ဆိုင္ကယ္သမားတဦးက ဝင္တိုက္မိရာကေန အဲဒီဆင္ေပါက္ေလး သတိေမ့ သြားတာျဖစ္ပါတယ္။

ကယ္ဆယ္ေရးလုပ္သား မာန တေယာက္ လဲက်ေမ့ေမ်ာေနတဲ့ ဆင္ေပါက္စေလးကို လက္ႏွစ္ဖက္နဲ႔ ဖိသိပ္ၿပီး အသက္ျပန္ရွူေအာင္ လုပ္ေပးေနတဲ့ ဗြီဒီယိုကလစ္ဟာ မေန႔က (တနလၤာေန႔)က ထိုင္းနိုင္ငံရဲ့ လူမွုဆိုရွယ္မီဒီယာမွာ ပ်ံႏွံသြားခဲ့ပါတယ္။

သူရဲ့ လုပ္ေဖၚကိုင္ဖက္တဦးကေတာ့ ဒဏ္ရာရတဲ့ ဆိုင္ကယ္သမားကို ျပဳစုေပးခဲ့ပါတယ္။

“ဆင္ေလးကို ကယ္တင္ရမယ္ဆိုတဲ့အသိက က်ေနာ့္စိတ္ထဲ ရွိေနတယ္။ ဒါေပမယ့္ ဆင္ကေလးရဲ့အေမနဲ႔တျခားဆင္ေတြက ဆင္ေလးကို အူၿပီး ေခၚေနတဲ့အသံ ၾကားေနရလို့ က်ေနာ္ တခ်ိန္လုံးစိုးရိမ္ရတယ္” လို့ မာနက ေျပာပါတယ္။

”ဆင္ေပါက္စေလး စလွုပ္ရွားလာၿပီး အသက္ရွူသံၾကားရေတာ့ က်ေနာ္ မ်က္ရည္က်မိတယ္” လို့ မာနက ဆိုပါတယ္။

ဆင္ေလးက ၁၀ မိနစ္ေလာက္မွာ စ-ရပ္ၿပီးတာနဲ႔ ကုသမွုလုပ္ဖို့ တျခားေနရာကို သယ္သြားပါတယ္။

ေနာက္ပိုင္းမွာေတာ့ သူ႔မိခင္နဲ႔ ျပန္ဆုံဖို့ ေမၽွာ္လင့္ခ်က္နဲ႔ မေတာ္တဆဆိုင္ကယ္အတိုက္ခံရတဲ့ေနရာဆီျပန္ယူလာပါတယ္။

အဲဒီေနရာကိုျပန္ေရာက္ၿပီး ဆင္ေပါက္ေလးရဲ့ ေအာ္သံကို ၾကားတာနဲ႔ သူ႔အေမ ဆင္မနဲ႔ အေဖၚဆင္ေတြ ခ်က္ျခင္းလွည့္ျပန္လာခဲ့တယ္လို့ မာနက ေျပာပါတယ္။ ။

Source: CNN

Unicode

ဆိုင်ကယ်အတိုက်ခံရပြီး သတိလစ်သွားသည့် ဆင်ပေါက်စလေးကို ကယ်တင်

ကယ်ဆယ်ရေးတာဝန်ထမ်းနေတာ ၂၆ နှစ်ထဲ ဝင်လာပြီဖြစ်တဲ့ ဝါရင့် ထိုင်း ကယ်ဆယ်ရေးသမား မာန ဆာရီဗစ် ဟာ အသက်ပေါင်းများစွာကို ကျဉ်းထဲကျပ်ထဲကနေ ကယ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ဆင်တကောင်ကို ကယ်ဖူးတာကတော့ ဒါ ပထမ ဆုံးပါ။

တာဝန်ချိန်ပြီးလို့ အိမ်ပြန်လာတဲ့ မာန ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေညနှောင်းပိုင်းမှာ အဲဒီဆင်ပေါက်လေးနဲ့ တိုးမိတာပါ။

ကမ္ဘောဒီးယားနယ်စပ်ဖက်ရှိ Chanthaburi ခရိုင် ကားလမ်းမပေါ် ဖြတ်ကူးတဲ့ ဆင်အုပ်ကို အရှိန်မထိမ်းနိုင်တဲ့ ဆိုင်ကယ်သမားတဦးက ဝင်တိုက်မိရာကနေ အဲဒီဆင်ပေါက်လေး သတိမေ့ သွားတာဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်သား မာန တယောက် လဲကျမေ့မျောနေတဲ့ ဆင်ပေါက်စလေးကို လက်နှစ်ဖက်နဲ့ ဖိသိပ်ပြီး အသက်ပြန်ရှူအောင် လုပ်ပေးနေတဲ့ ဗွီဒီယိုကလစ်ဟာ မနေ့က (တနင်္လာနေ့)က ထိုင်းနိုင်ငံရဲ့ လူမှုဆိုရှယ်မီဒီယာမှာ ပျံနှံသွားခဲ့ပါတယ်။

သူရဲ့ လုပ်ဖေါ်ကိုင်ဖက်တဦးကတော့ ဒဏ်ရာရတဲ့ ဆိုင်ကယ်သမားကို ပြုစုပေးခဲ့ပါတယ်။

“ဆင်လေးကို ကယ်တင်ရမယ်ဆိုတဲ့အသိက ကျနော့်စိတ်ထဲ ရှိနေတယ်။ ဒါပေမယ့် ဆင်ကလေးရဲ့အမေနဲ့တခြားဆင်တွေက ဆင်လေးကို အူပြီး ခေါ်နေတဲ့အသံ ကြားနေရလို့ ကျနော် တချိန်လုံးစိုးရိမ်ရတယ်” လို့ မာနက ပြောပါတယ်။

”ဆင်ပေါက်စလေး စလှုပ်ရှားလာပြီး အသက်ရှူသံကြားရတော့ ကျနော် မျက်ရည်ကျမိတယ်” လို့ မာနက ဆိုပါတယ်။

ဆင်လေးက ၁၀ မိနစ်လောက်မှာ စ-ရပ်ပြီးတာနဲ့ ကုသမှုလုပ်ဖို့ တခြားနေရာကို သယ်သွားပါတယ်။

နောက်ပိုင်းမှာတော့ သူ့မိခင်နဲ့ ပြန်ဆုံဖို့ မျှော်လင့်ချက်နဲ့ မတော်တဆဆိုင်ကယ်အတိုက်ခံရတဲ့နေရာဆီပြန်ယူလာပါတယ်။

အဲဒီနေရာကိုပြန်ရောက်ပြီး ဆင်ပေါက်လေးရဲ့ အော်သံကို ကြားတာနဲ့ သူ့အမေ ဆင်မနဲ့ အဖေါ်ဆင်တွေ ချက်ခြင်းလှည့်ပြန်လာခဲ့တယ်လို့ မာနက ပြောပါတယ်။ ။

Source: CNN