စားစရာမရှိပေမဲ့ သားသမီးတွေ မျှော်လင့်ချက်မမဲ့စေဖို့ ဒန်အိုးထဲ ကျောက်ခဲတွေ ထည့်ချက်ခဲ့တဲ့ မုဆိုးမ
စားစရာမရှိလို့ ဒန်အိုးထဲ ကျောက်ခဲတွေ ထည့်ချက်ခဲ့ရတဲ့ မုဆိုးမတစ်ယောက်ရဲ့အဖြစ်က လက်တွေ့ဘဝမှာ တကယ်ဖြစ်ပျက်ခဲ့တာပါ။ ကင်ညာနိုင်ငံသူ ပီနီနာက စာမတတ်ဘူး၊ တစ်အိမ်တက်၊ တစ်အိမ်ဆင်း အဝတ်လိုက်လျှော်ပြီး ပိုက်ဆံရှာရတယ်။
ဒါဟာ ကလေး ၈ ယောက်ရှိတဲ့ မုဆိုးမတစ်ယောက်ရဲ့ လက်တွေ့ဘဝထဲက ရုန်းကန်လှုပ်ရှားရမှုပါပဲ။ အရင်တုန်းကတော့ အဝတ်လျှော်လို့ရတဲ့ ပိုက်ဆံလေးနဲ့ သူတို့မိသားစု ဖြစ်သလို စားသောက်ခွင့်ရခဲ့သေးတယ်။
ဒါပေမဲ့ အခုတော့ ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ ကပ်ရောဂါကြီးက သူတို့ကို အငတ်ဘေးဆိုက်စေခဲ့ပြီ။ မီးမရှိ၊ ရေမရှိတဲ့ အိမ်ကလေးထဲမှာ စားစရာဆိုတာလည်း နတ္တိ။ ကလေးတွေက ဗိုက်ဆာတယ်လို့ တကျီကျီ ရေရွတ်နေပေမဲ့ ချက်ပြုတ်စရာ ဘာဆိုဘာမှမရှိ။
နောက်ဆုံးမတတ်နိုင်တဲ့အဆုံးမှာ ပီနီနာက ကျောက်တုံးတွေကို ဒန်အိုးထဲထည့်ပြီး စားစရာချက်ပြုတ်နေသလို ဟန်ဆောင်ခဲ့တယ်။ သားသမီးတွေ မျှော်လင့်ချက်မဲ့သွားမှာကို မလိုလားတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာစိတ်က သူ့ကို ဒီလိုဟန်ဆောင်စေခဲ့တာပါ။ စားစရာကျက်နိုးနိုး စောင့်နေရင်းနဲ့ ကလေးတွေ အိပ်ပျော်သွားမယ်လို့ သူ တွေးတယ်လေ။
ဒီဖြစ်ရပ်ကို တွေ့တော့ အိမ်နီးနားချင်း မိုမန်ယီလည်း တော်တော်တုန်လှုပ်သွားမယ်။ သူ့ကိုယ်သူ မယုံနိုင်အောင် ဖြစ်သွားတယ်။ မိုမန်ယီက ပီနီနာရဲ့အဖြစ်ကို ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်တင်လိုက်တော့ တစ်နိုင်ငံလုံး သိသွားပြီး ကင်ညာနိုင်ငံရဲ့ NTV က ပီနီနာကို အင်တာဗျူးလုပ်တယ်။
အဲဒီနောက်မှာတော့ စေတနာရှင်တွေက ပီနီနာကို ဖုန်းထဲကနေတစ်မျိုး၊ မိုမန်ယီဖွင့်ပေးထားတဲ့ ဘဏ်အကောင့်ကတစ်ဖုံ ငွေတွေ လှူကြတယ်။ ” တစ်နိုင်ငံလုံးမှာ နေထိုင်သူတွေက သူတို့ဘယ်လိုကူညီပေးရမလဲလို့ ဖုန်းဆက်မေးကြတယ်။ ကင်ညာနိုင်ငံသားတွေ ဒီလောက် ချစ်တတ်ကြလိမ့်မယ်ဆိုတာ မယုံနိုင်အောင်ပါပဲ”လို့ ပီနီနာက ပြောပါတယ်။
အခုတော့ ကင်ညာနိုင်ငံသားတွေ ဘယ်လောက်ချစ်တတ်ကြလဲဆိုတာ ပီနီနာ သိသွားပါပြီ။ ဒီကမ္ဘာမှာ မုဆိုးမ ပီနီနာတို့ မိသားစုလို ဆာလောင်မွတ်သိပ်မှုဒဏ် ခံနေရသူတွေ ဘယ်လောက်အထိ ရှိနေလဲ။ သူတို့တွေအတွက်ရော အလှူရှင်တွေ ရှိကြရဲ့လား။
Crd. ..
Unicode

Crd. …