Uncategorized

သင့်ကို မချစ်နိုင်တဲ့သူ တစ်ယောက်ကို အတင်းကြီး တွယ်ကပ်မနေပါနဲ့ ။ တကယ်တော့သူတို့ဟာ သင်ထင်သလို တန်ဖိုးမကြီး လှပါဘူး

သင့်ကို မချစ်နိုင်တဲ့သူ တစ်ယောက်ကို အတင်းကြီး တွယ်ကပ်မနေပါနဲ့ ။ တကယ်တော့ သူတို့ဟာ သင်ထင်သလို တန်ဖိုးမကြီး လှပါဘူး

တန်ဖိုးဆိုတာ သင့်စိတ်က သတ်မှတ်ခြင်းနဲ့ ဆိုင်ပါတယ် ။ ပိုင်ဆိုင်လိုစိတ် ကြီးမားလာတာနဲ့ အမျှ တန်ဖိုးက တက်လာပါတယ် ။ ပိုက်ဆံနှစ်ရာလောက်သာ တန်တဲ့ ဖောင်တိန် တစ်ချောင်းကို တန်ဖိုးကြီးတယ် လို့ သတ်မှတ်လိုက်တာနဲ့ ဖောင်တိန်ရဲ့ တန်ဖိုးဟာ မြင့်တက်သွားနိုင်ပါတယ် ။သင်ဟာ လူတစ်ယောက်ကို အရမ်း ပိုင်ဆိုင်လိုချင်ပြီ ဆိုတာနဲ့ သင်ဟာ သူ့အပေါ်မှာ တန်ဖိုးထားလာပါပြီ။

သူ့ကို ပိုင်ဆိုင်လိုက်တာနဲ့ သင့်ဘဝဟာ ပြီးပြည့်စုံပြီလို့ ထင်ကောင်း ထင်လာနိုင်ပါတယ် ။အဲ့ဒီလို ထင်လိုက်မယ် ဆိုရင် သင့်ဘဝထဲကို စိတ်ညစ်စရာတွေ အလုံးအရင်း ဝင်လာနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ လူတွေဟာ ကိုယ်တန်ဖိုးထားတဲ့ အရာကို ပိုင်ဆိုင်ခွင့် မရတော့ဘဲပျက်စီး ဆုံးရှုံးသွားမှာကို မခံစား နိုင်ကြလို့ပါ ။ဥပမာ… သင်ဟာ အခု လက်ရှိ တန်ဖိုးထားတဲ့ အရာတစ်ခု ပျောက်သွားတယ် ဆိုပါစို့ ။ သင်ဘယ်လို ခံစားရမလဲ ။

သင်ဟာ ယနေ့ ဖုန်း အသစ်လေးတစ်လုံး ဝယ်လာပြီ ဆိုရင် အဲ့ဒီဖုန်းလေး ပျက်စီးသွားမှာ၊ ကွဲသွားမှာကို သေမလောက်အောင် ကြောက်နေပါလိမ့်မယ်။ သင်ဟာ သင့်ဖုန်းလေးကိုသေချာထိန်းသိမ်းဖို့ အမြဲတမ်း စဉ်းစားနေရပါပြီ ။သင့်စိတ်တွေဟာ အရင်ကလို လန်းဆန်းမှု မရှိတော့ လောက်အောင် ဖြစ်လာနိုင်ပါတယ် ။ သင့်ရဲ့လွတ်လပ်မှုတွေ ပျောက်ဆုံးလာပါလိမ့်မယ် ။သင်ဟာ လူတစ်ယောက်ကို ချစ်မိလို့ သူ့အပေါ်မှာ တန်ဖိုးထားလာပြီ ဆိုရင် သင့်စိတ်ထဲမှာ သူနဲ့ ပတ်သက်ပြီး သဝန်တိုမှုတွေ ၊ စိတ်ချုပ်ထွေးမှုတွေ၊ ခံစားရတာတွေ ဖြစ်ပေါ်လာပါလိမ့်မယ် ။အဲ့ဒီအခါ သင့်ရဲ့ ပျော်ရွှင်မှုတွေဟာ အဝေးကို လွင့်ထွက်သွား ပါလိမ့်မယ် ။လူတစ်ယောက်အပေါ်မှာ ချစ်လို့ ရပါတယ်။

တန်ဖိုးလည်း ထားရပါမယ်။ ဒါပေမယ့် အရမ်းကြီးတန်ဖိုး ထားမိရင်တော့ သင်အမှားကြီး မှားသွားနိုင်ပါတယ် ။တကယ် ပိုင်ဆိုင်ခွင့်ရလာတဲ့ တစ်နေ့မှာ သူဟာ သင်ထင်သလို အရမ်းကြီး တန်ဖိုးမကြီး ဘူးဆိုတာ သိလာပါလိမ့်မယ် ။ ပြီးတော့ သင်ဟာ ဘယ်လောက်ပဲ တန်ဖိုး ရှိတဲ့လူတစ်ယောက်ဖြစ်နေပါစေ တန်ဖိုး မသိတတ်တဲ့သူကတော့ သင့်ကို တန်ဖိုး မထားပါဘူး ။ဒါ့ကြောင့် ကိုယ့်ကို တန်ဖိုးမထားရကောင်းမလား ဆိုပြီး ဒေါသထွက်တာ ၊ စိတ်ဆင်းရဲတာမျိုးတွေ မဖြစ်ပါစေနဲ့ ။

တန်ဖိုးဆိုတာ တန်ဖိုးထားတတ်တဲ့ စိတ်နဲ့ပဲ ဆိုင်တယ် ဆိုတာ နားလည်ထားပါ ။တန်ဖိုးရှိအောင်နေပါ။ တန်ဖိုးရှိတဲ့ သူကိုလည်း တန်ဖိုး ထားပါ ။Credit

Zawgyi

သင့်ကို မချစ်နိုင်တဲ့သူ တစ်ယောက်ကို အတင်းကြီး တွယ်ကပ်မနေပါနဲ့ ။ တကယ်တော့ သူတို့ဟာ သင်ထင်သလို တန်ဖိုးမကြီး လှပါဘူး ။တန်ဖိုးဆိုတာ သင့်စိတ်က သတ်မှတ်ခြင်းနဲ့ ဆိုင်ပါတယ် ။ ပိုင်ဆိုင်လိုစိတ် ကြီးမားလာတာနဲ့ အမျှ တန်ဖိုးက တက်လာပါတယ် ။ ပိုက်ဆံနှစ်ရာလောက်သာ တန်တဲ့ ဖောင်တိန် တစ်ချောင်းကို တန်ဖိုးကြီးတယ် လို့ သတ်မှတ်လိုက်တာနဲ့ ဖောင်တိန်ရဲ့ တန်ဖိုးဟာ မြင့်တက်သွားနိုင်ပါတယ် ။သင်ဟာ လူတစ်ယောက်ကို အရမ်း ပိုင်ဆိုင်လိုချင်ပြီ ဆိုတာနဲ့ သင်ဟာ သူ့အပေါ်မှာ တန်ဖိုးထားလာပါပြီ။

သူ့ကို ပိုင်ဆိုင်လိုက်တာနဲ့ သင့်ဘဝဟာ ပြီးပြည့်စုံပြီလို့ ထင်ကောင်း ထင်လာနိုင်ပါတယ် ။အဲ့ဒီလို ထင်လိုက်မယ် ဆိုရင် သင့်ဘဝထဲကို စိတ်ညစ်စရာတွေ အလုံးအရင်း ဝင်လာနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ လူတွေဟာ ကိုယ်တန်ဖိုးထားတဲ့ အရာကို ပိုင်ဆိုင်ခွင့် မရတော့ဘဲပျက်စီး ဆုံးရှုံးသွားမှာကို မခံစား နိုင်ကြလို့ပါ ။ဥပမာ… သင်ဟာ အခု လက်ရှိ တန်ဖိုးထားတဲ့ အရာတစ်ခု ပျောက်သွားတယ် ဆိုပါစို့ ။ သင်ဘယ်လို ခံစားရမလဲ ။

သင်ဟာ ယနေ့ ဖုန်း အသစ်လေးတစ်လုံး ဝယ်လာပြီ ဆိုရင် အဲ့ဒီဖုန်းလေး ပျက်စီးသွားမှာ၊ ကွဲသွားမှာကို သေမလောက်အောင် ကြောက်နေပါလိမ့်မယ်။ သင်ဟာ သင့်ဖုန်းလေးကိုသေချာထိန်းသိမ်းဖို့ အမြဲတမ်း စဉ်းစားနေရပါပြီ ။သင့်စိတ်တွေဟာ အရင်ကလို လန်းဆန်းမှု မရှိတော့ လောက်အောင် ဖြစ်လာနိုင်ပါတယ် ။ သင့်ရဲ့လွတ်လပ်မှုတွေ ပျောက်ဆုံးလာပါလိမ့်မယ် ။သင်ဟာ လူတစ်ယောက်ကို ချစ်မိလို့ သူ့အပေါ်မှာ တန်ဖိုးထားလာပြီ ဆိုရင် သင့်စိတ်ထဲမှာ သူနဲ့ ပတ်သက်ပြီး သဝန်တိုမှုတွေ ၊ စိတ်ချုပ်ထွေးမှုတွေ၊ ခံစားရတာတွေ ဖြစ်ပေါ်လာပါလိမ့်မယ် ။အဲ့ဒီအခါ သင့်ရဲ့ ပျော်ရွှင်မှုတွေဟာ အဝေးကို လွင့်ထွက်သွား ပါလိမ့်မယ် ။

လူတစ်ယောက်အပေါ်မှာ ချစ်လို့ ရပါတယ်။ တန်ဖိုးလည်း ထားရပါမယ်။ ဒါပေမယ့် အရမ်းကြီးတန်ဖိုး ထားမိရင်တော့ သင်အမှားကြီး မှားသွားနိုင်ပါတယ် ။တကယ် ပိုင်ဆိုင်ခွင့်ရလာတဲ့ တစ်နေ့မှာ သူဟာ သင်ထင်သလို အရမ်းကြီး တန်ဖိုးမကြီး ဘူးဆိုတာ သိလာပါလိမ့်မယ် ။ ပြီးတော့ သင်ဟာ ဘယ်လောက်ပဲ တန်ဖိုး ရှိတဲ့လူတစ်ယောက်ဖြစ်နေပါစေ တန်ဖိုး မသိတတ်တဲ့သူကတော့ သင့်ကို တန်ဖိုး မထားပါဘူး ။

ဒါ့ကြောင့် ကိုယ့်ကို တန်ဖိုးမထားရကောင်းမလား ဆိုပြီး ဒေါသထွက်တာ ၊ စိတ်ဆင်းရဲတာမျိုးတွေ မဖြစ်ပါစေနဲ့ ။ တန်ဖိုးဆိုတာ တန်ဖိုးထားတတ်တဲ့ စိတ်နဲ့ပဲ ဆိုင်တယ် ဆိုတာ နားလည်ထားပါ ။တန်ဖိုးရှိအောင်နေပါ။ တန်ဖိုးရှိတဲ့ သူကိုလည်း တန်ဖိုး ထားပါ ။

Credit