Knowledge






ပုံစံ(၁)


ပုံစံ (၂)


ပုံစံ (၃)


ပုံစံ (၄)


Unicode

သင်အိပ်နေတဲ့ပုံစံကနေ သင့်အကြောင်းကို မှန်အောင်ပြောနိုင်တယ်.

သင်အိပ်နေတဲ့ပုံစံကနေ သင့်အကြောင်းကို မှန်အောင်ပြောနိုင်တယ်.

သင်အိပ်နေတဲ့ပုံစံကနေ သင့်အကြောင်းကို မှန်အောင်ပြောနိုင်တယ်.

သင်အိပ်နေတဲ့ပုံစံကနေ သင့်အကြောင်းကို မှန်အောင်ပြောနိုင်တယ်ဆိုတာ သင်သိပါသလား။ ပုံမွာပါတဲ့အထဲက သင်ဘယ်လိုအိပ်တတ်လဲဆိုတာ ရွေးပြီး မှန်မမှန်ကြည့်လိုက်ရအောင်နော်။

ပုံစံ(၁)

တကယ်လို့သင်ဟာ ဒူးနှစ်ဖက်ကို ဘေးဘက်သို့ ကွေးပြီးအိပ်တတ်တယ်ဆိုရင်တော့ သင်ဟာ အေးဆေးပြီးတည်ငြိမ်တဲ့သူဖြစ်ပါတယ်။ သင့်ကိုလွယ်လွယ်တိုက်ခိုက်လို့မရသလို၊ သင်ဟာ အနာဂတ်ကိုတွေးပြီး ကြောက်နေတတ်တဲ့သူမျိုးလည်းမဟုတ်ပါဘူး။ သင်ဟာ သင့်ဘဝမှာဘယ်လိုအခက်အခဲမျိုးပဲ ကြုံကြုံ အပြုံးမပျက်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ပုံစံ (၂)

တကယ်လို့သင်ဟာ ကွေးကွေးလေးအိပ်နေတတ်တယ်ဆိုရင်တော့ သင်ဟာ တစ်ခါတလေမှာ အားကိုးရှာတတ်တဲ့သူဖြစ်ပြီး သင့်အပေါ်မှာ ကြင်နာပြီး၊ မေတ္တာအပြည့်ပေးနိုင်တဲ့သူကို တောင့်တနေတတ် သူပါ။ နောက်ပြီး သင်ဟာ ပြသနာတွေအရှုပ်အထွေးတွေနဲ့ ခပ်ဝေးဝေးမှာနေချင်သူလည်းဖြစ်ပါတယ်။ သင့်နဲ့အကိုက်ညီဆုံးကတော့ ပန်းချီ၊ အကနဲ့ စာရေးတာပဲဖြစ်ပါတယ်။

ပုံစံ (၃)

မှောက်ရက်အိပ်တတ်တဲ့သူဆိုရင်တော့ သင်ဟာခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ သင်ဟာ ဦးဆောင်နိုင်ပြီး တွန်းလှန်နိုင်တဲ့အစွမ်းရှိသူတစ်ယောက်ပါ။ သင်ဟာ အရာရာကို စနစ်တကျစီစဉ်ပြီးမှ လုပ်တတ်သူတစ်ယောက်ပါ။ သင့်မှာ တာဝန်ယူစိတ်အပြည့်ရှိပြီး သင့်ဘဝရဲ့အောင်မြင်မှုတွေကို ကိုယ်တိုင်ရှာဖွေနိုင်မယ့်သူတစ်ယောက် ဖြစ်ပါတယ်။

ပုံစံ (၄)

သင်ဟာ ပက်လက်အိပ်တတ်တဲ့သူဆိုရင် သင်ဟာ အကောင်းမြင်စိတ်ရှိသူဖြစ်ပါတယ်။ လူအများရဲ့ အာရုံစိုက်ခြင်းကို ခံရသူဖြစ်ပြီး အပေါင်းအသင်းများသူဖြစ်ပါတယ်။ အလုပ်တစ်ခုခုကိုလုပ်ပြီဆိုရင် မှန်မှန်ကန်ကန်၊ ဇွဲရှိရှိလုပ်ကိုင်တတ်သူဖြစ်ပြိး အမှန်တရားဖက်ကရပ်တည်သူပါ။ ဒီလိုပုံစံအိပ်တတ်သူတွေဟာ လူမှုဆက်ဆံရေး အရမ်းတော်ကြပါတယ်။