Knowledge Uncategorized

အမေ့ကို အာခံ၍ပြန်မပြောခင်

အမေ့ကို အာခံ၍ပြန်မပြောခင်

တစ်ခုသော နံနက်ခင်းလေအထက်တန်းကျောင်းသားအရွယ်ကောင်လေးတစ်ယောက်အား အိပ်ရာမသိမ်းမိလို့ မိခင်ဖြစ်သူကထမင်းစားချိန်မှန်းလဲမသိအပြင်ထွက်လည်း မိဘဆီခွင့်မတိုင်
ကြည့်စမ်း ဘယ်အချိန်ရှိနေပြီလဲတစ်နေကုန် ဂိမ်းဆော့နေအစရှိသဖြင့် ဆူပူကြိမ်းမောင်းသည်ကို

သားဖြစ်သူက သည်းမခံနိုင်လို့
ဟာဗျာ . အမေကလဲ ကျနော်က ကလေမဟုတ်တော့ဘူးတစ်နေ့လုံး ဗျစ်တောက်ဗျစ်တောက်နဲ့ နားငြီးတယ် ကျနော့ဟာ ကျနော် ကြိုက်သလိုနေမှာပေါ့ . လို့ သူ့အမေကို အော်ပြီးပြန်ပြောလိုက်တယ် ။

အမေကတစ်လှည့် သားကတစ်လှည့်စကားများကြရာက အနီးအနားမှာထိုင်နေတဲ့အဖေဖြစ်သူက ကြားပြန်ဖြေတဲ့အနေနဲ့သူ့သားကို ခေါ်လိုက်ပါတယ်။

သားရေ..အဖေ့ဆီလာပါဦးကွာ
သားဖြစ်သူက ခြေဆောင့်ရင်း အိမ်ပေါ်ကနေဆင်းသွားပြီးအဖေခေါ်ရာကို လိုက်ခဲ့ပါတယ် ။
အဖေဖြစ်သူက သားပခုံးကို လှမ်းဖက်ရင်း
အပြင်ဘက်ကို လမ်းလျှောက်ထွက်ခဲ့ပါတယ်။

“သား..ဘာဖြစ်လို့ အမေ့ကိုပြန်ပြောနေရတာလဲ”
အဖေကလည်း ကျနော်က ကလေးမှမဟုတ်တော့တာနေ့တိုင်းလိုလို ကျနော့်ကိုအပြစ်မြင်နေတယ်နေ့တိုင်း ဆူပူနေတယ်
ကျနော် ဒီအိမ်မှာ မနေချင်တော့ဘူး ဖေဖေရယ်”

အော်..သားက မေမေ့ဆိုဆုံးမစကားတွေကို
ဆူတယ်လို့ထင်နေတာကိုး မေမေ မဆူအောင်
မေမေ့ပြောတဲ့အတိုင်း ငါ့သားနေပေါ့ကွ

ဖေဖေလည်း မေမေ့လိုပဲသားကို မချစ်ဘူးပေါ့ ”
မဟုတ်ပါဘူးသားရယ် ဘယ်မိဘကမှ ကိုယ့်သားသမီးကိုလမ်းမှားမရောက်စေချင်ဘူး ကြိုတင်တားဆီးတဲ့အနေနဲ့ ပြောဆိုဆုံးမနေတာ”

တော်ပြီ..ဖေဖေလည်းမေမေ့လိုပဲ သားကို အကောင်းမမြင်ဘူး ဆူဖို့ပဲကဲ ဖေဖေတစ်ခုပြောမယ် သေချာနားထောင်ေဘာပြောမှာလဲဖေဖေ
သားနားထောင်နေတယ်”

သားက မေမေ့ကိုတစ်ခွန်းမကျန်အာခံပြန်ပြောတယ်နော်သားသေချာစဉ်းစားသား ပြန်ပြောမှာပေါ့ဖေဖေ နေ့တိုင်း ဗျစ်တောက်ဗျစ်တောက်
ဆိုတော့ သား နားငြီးတယ်”

“ကဲ ဒါဆိုဖေဖေ အချက် ၁၀ ချက်ပြောပြမယ်
အဲဒီအချက် ၁၀ ချက်လုံး သားလိုက်နာနိုင်ရင်
သားမေ့မေ့ကို ကြိုက်သလို အာခံပြီးပြန်ပြောလို့ရပြီ
ပြောပါ ဖေဖေ သားနားထောင်ပါ့မယ်”

“ဒါဆိုသေချာနားထောင်
၁။။ သုံးလတိတိ သားထမင်းစားပြီးတိုင်း
အန်နိုင်မလား ၊

၂။။ သားရဲ့ဝမ်းဗိုက်ထဲဘောလုံးထည့်ပြီး

ကြီးမားလာအောင် တစ်လတစ်ခါ ရေထိုးသွင်းမယ် တစ်ဆယ်လတိုင်တိုင်သားအလေးခံပြီး သယ်ထားနိုင်မလား ၊

၃။။ ကော်ဖီ ၊ လက်ဖက်ရည် ၊ကိုယ်ကြိုက်တဲ့မုန့် အစားအစာတွေမစားပဲ ခြောက်လတိုင်တိုင် အငတ်ခံနေနိုင်မလား ၊

၄။။ ညညအိပ်ရင်လည်း ဘယ်ညာ မစောင်းပဲ
ငြိမ်ငြိမ်လေးနဲ့ ၅ လတိုင်တိုင် အိပ်နိုင်မလား ၊

၅။။ ၈ လတိုင်တိုင်ဆော့ကစားတာတို့ လျှောက်လည်တာတို့ကခုန်တာတို့ မလုပ်ပဲ အိမ်ထဲမှာပဲ နေနိုင်မလား ၊

၆။။ နာဖျားလို့မရှိအောင် ကိုယ့်ကိုဂရုစိုက်နေရလို့ ကြိုက်တဲ့အစားအသောက်တွေ မစားပဲနေမယ်နာဖျားခဲ့ရင်တောင် ဆေးတွေစိတ်ကြိုက်စားခွင့်မရှိပဲ၁၀ လအထိ သားနေနိုင်လား ၊

၇။။ ၁၄ နာရီအကြာ အသက်နဲ့ရင်းပြီး
နာကျင် ကိုက်ခဲတဲ့ဝေဒနာ သားခံနိုင်မလား

၈။။ ကိုယ့်နို့သီးခေါင်းကို ကိုက်ရင်
နာပေမယ့် ၁၀ လအထိ အောင့်အည်းသည်းခံနိူင်မလား ၊

၉။။ ချီးတွေ ၊ သေးတွေ ၊ အန်ဖတ်တွေ ၂ နှစ်တိုင်တိုင်သားကကြုံးနိုင်မလား ၊

၁၀။။ ညညဆိုရင်လည်း နှစ်နာရီတစ်ခါ တစ်နှစ်လုံးလုံးအိပ်ရေးပျက်ခံပြီးထနိုင်မလား ။

ကဲ..သား အဲဒီအချက်၁၀ ချက် လိုက်နာလို့နိုင်မလားတကယ်လို့ သားက တစ်ချက်မကျန် လိုက်နာနိုင်ရင်မေမေ့ကို ကြိုက်သလိုအာခံပြီး ပြန်ပြောလို့နိုင်ပြီ”

သားဖြစ်သူက ခေတ္တမှိုင်ပြီး အတွေးတစ်ခုဝင်လာကာဟုတ်ကဲ့ဖေဖေ သားနားလည်ပါပြီ
နောက်ဘယ်တော့မှ မေမေ့ကိုရော ဖေဖေ့ကိုပါ
သားပြန်မပြောတော့ပါဘူးလို့ သားကတိပေးပါတယ်ဖေဖေ”

Unicode