Knowledge

ဖတ်ကြည့်စေချင်ပါတယ်အရမ်းကောင်းပါတယ်..

ဆရာဝန်တစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့
ဆေးရုံထဲကို အလျှင်အမြန်နဲ့ ပြေးဝင်သွားတယ်။

အရေးကြီး ခွဲစိတ်မှုတစ်ခုချက်ချင်းလုပ်ဖို့ လိုအပ်လို့ဖုန်းဆက်ခေါ်တဲ့အတွက် ဖုန်းရရချင်းချက်ချင်းအဝတ်အစားလဲပြီး ရောက်လာတာပါ ရောက်ရောက်ချင်းပဲ ခွဲစိတ်ဆောင်များရှိရာကို ပြေးသွားခဲ့ပါတယ်။

အထဲရောက်တော့ လူမမာကောင်လေးဖြစ်သူရဲ့ ဖခင်ဟာနံရံကိုမှီပြီး ဆရာဝန်ဖြစ်တဲ့သူ့ကို စောင့်နေတာကိုတွေ့လိုက်ရတယ် သူ့ကိုတွေ့တွေ့ချင်း ကောင်လေးရဲ့ဖခင်က

ဒေါသတကြီးနဲ့ အော်လိုက်တယ် ခင်ဗျားဘာလို့ ဒီလောက်ကြာနေတာလဲဗျာ “ကျွန်တော့်သားရဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာရောက်နေတယ်ဆိုတာ “ခင်ဗျားမသိဘူးလား “ခင်ဗျားမှာတာဝန်ယူတတ်တဲ့စိတ်ဓာတ်မရှိဘူးလား။

ဆရာဝန်က ပြုံးလိုက်ရင်း ပြန်ဖြေတယ်၊ ကြှနျတှောတောင်းပန်ပါတယ်ဗျာ “ကျွန်တော်ဆေးရုံမှာ မရှိခဲ့လို့ပါ၊ဖုန်းရရချင်း မြန်နိုင်သမျှမြန်အောင် လာခဲ့ပါတယ်၊အခု အကို ခဏလေးစိတ်ငြိမ်ငြိမ်ထားလိုက်ပါနော်။ကျွန်တော်အတတ်နိုင်ဆုံး ကောင်းအောင်ခွဲစိတ်ပေးပါ့မယ်။

စိတ်ငြိမ်ငြိမ်ထားရမယ် “ဟုတ်လား” ခင်ဗျားသား ဒီလိုခွဲခန်းထဲမှာရောက်နေရင် ခင်ဗျားစိတ်ငြိမ်ငြိမ်ထားနိုင်မှာလား၊တကယ်လို့ခင်ဗျားသားသာ သေသွားခဲ့ရင် ခင်ဗျားဘယ်လိုလုပ်မလဲ ဆိုပြီး အဖေလုပ်သူက စိတ်ဆိုးမာန်ဆိုးနဲ့ပြန်ပြောတယ်။

ဆရာဝန်က နောက်တစ်ကြိမ်ထပ်ပြုံးလိုက်ပြီး အကိုစိတ်ချပါဗျာ၊ ကျွန်တော်အစွမ်းကုန်ကြိုးစားပြီးကုသပေးပါမယ်လို့ပြောပြီး ချက်ချင်းခွဲစိတ်ခန်းထဲကိုဝင်သွားသတဲ့။

နာရီအနည်းငယ်လောက် ခွဲစိတ်မှုပြုလုပ်ပြီးတဲ့နောက်မှာဆရာဝန်က ဝမ်းသာစွာနဲ့ ခွဲစိတ်ခန်းထဲကပြန်ထွက်လာသတဲ့၊ ဘုရားရဲ့ကျေးဇူးပါပဲဗျာ အကို့သားလေးရဲ့ခွဲစိတ်မှုအောင်မြင်ပါတယ်”ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကောင်လေးရဲ့အဖေရဲ့ ပြန်ဖြေမှုကိုတောင်မစောင့်တော့ပဲ “ခင်ဗျား တစ်ခုခု
မေးစရာရှိရင် သူနာပြုဆရာမကြီးတွေကို မေးနိုင်ပါတယ်ဗျာလို့”အော်ပြီး ထပ်ပြီးပြေးထွက်သွားသတဲ့။

ဖခင်ဖြစ်သူလည်း”ဒီဆရာဝန် ဘာတွေ ဒီလောက်မောက်မာနေလဲမသိဘူး ငါ့သား အခြေအနေလေးကိုမေးဖို့ မိနစ်ပိုင်းလေးတောင်မစောင့်နိုင်ဘူး “လို့တွေးပြီး မေးမြန်းဖို့ သူနာပြုဆရာမကို သွားတွေ့သတဲ့။သူနာပြုဆရာမက မျက်ရည်တွေစီးကျရင်းနဲ့ ပြန်ဖြေလိုက်တာကတော့”ဒေါက်တာ့သားလေးက မနေ့တုန်းက ကားအက်စီးဒန့်ဖြစ်ပြီး ဆုံးသွားတာပါ

ဒေါက်တာ အသုဘအခမ်းအနားမှာရောက်နေတုန်း ရှင့်သားရဲ့ အရေးပေါ်ခွဲစိတ်မှုရှိတာကြောင့် ကျွန်မတို့ ဖုန်းဆက်ပြီးခေါ်လိုက်တာပါ၊
အခု ရှင့်သားရဲ့ အသက်ကိုကယ်ပြီး သူ့သားလေးရဲ့အသုဘအခမ်းအနားပြီးဆုံးချိန်အမှီ ပြန်ပြေးသွားတာပါတဲ့။မှတ်သားဖွယ် ဘယ်သူ့ကိုမှ အလွယ်တကူ မဝေဖန်ပါနဲ့ဘာလို့လဲဆိုတော့ သူတို့ဘယ်လိုဘဝမျိုးကို ကြုံတွေ့နေရတယ်ဆိုတာ “သင်သိချင်မှသိမှာမို့လို့ပါ။
Credit

Unicode