Love

ဘယ်တော့မှ မဝေးလောက်ဘူးလို့ တွေးခဲ့ထင်ခဲ့ပေမယ့်လဲ တကယ်တမ်းဝေးသွားတဲ့အခါမှာတော့ ဘယ်တုန်းကမှ မဆိုင်ခဲ့ဖူးတဲ့ သူစိမ်းတွေလိုပါပဲ

ဘယ်တော့မှ မဝေးလောက်ဘူးလို့ တွေးခဲ့ထင်ခဲ့ပေမယ့်လဲ တကယ်တမ်းဝေးသွားတဲ့အခါမှာတော့ ဘယ်တုန်းကမှ မဆိုင်ခဲ့ဖူးတဲ့ သူစိမ်းတွေလိုပါပဲ ။ ချစ်လားဆိုတဲ့မေးခွန်းတွေအပြင် နေကောင်းလားဆိုတဲ့စကားတွေ ပြောဖို့တောင် ကိုယ့်ဘက်က အများကြီးဆင်ခြင်ရတယ်လေ ။

လွမ်းလို့ဖုန်းဆက်တဲ့အခါတိုင်းမှာလဲ ဘာလို့ဖုန်းဆက်တာလဲစကားတွေနဲ့ပဲ ရင်ဝကို စောင့်ကန်ခံရတဲ့အခါ ဖုန်းတစ်ခါဆက်ဖို့ကို အချိန်တွေအကြာကြီးစဉ်းစားရတယ် ။ ပြောစရာစကားတွေ ရင်ထဲပြည့်နေပေမယ့် အပြစ်မြင်တတ်သူအတွက်တော့ အရာရာဟာ အနှောင့်အယှက်သက်သက်ကလွဲလို့ ဘာဆိုဘာမှ ဖြစ်မလာခဲ့ဘူးလေ ။

ဘယ်တော့မှ မဝေးလောက်ပါဘူးလို့ထင်ထားတဲ့ဆက်ဆံရေးတွေဟာ ခုတော့ ရေခဲမှတ်တွေရဲ့အောက်မှာ ။ အရင်းနှီးဆုံး သူစိမ်းဖြစ်ခဲ့ဖူးတဲ့ အမှတ်တရတွေကတော့ ခုချိန် အနာတရတွေသက်သက်ပေါ့ အမှတ်ရနေမိတဲ့ကိုယ့်မှာ ပြန်တွေးမိတိုင်း ပြန်တွေးမိတိုင်း အကြိမ်ကြိမ်သေရတယ် ။

တို့အတူဆိုပြီးမှ မက်ခဲ့တဲ့အိပ်မက်တွေဟာလဲ ကိုယ်တစ်ယောက်ထဲ ဆက်မမက်ရဲတော့လို့ ညတွေတောင် မအိပ်ဖြစ်တော့ဘူး ။ နှစ်ယောက်တစ်ဘဝဆိုတဲ့ မျှော်လင့်ချက်တွေဟာလဲ ကိုယ်တစ်ယောက်တည်းရှင်သန်ရတဲ့ အခါ အဓိပ္ပါယ်တွေ မဲ့နေခဲ့တယ် ။

ဘယ်တော့မှ မဝေးလောက်ပါဘူးဆိုပြီး တွေးခဲ့မိတဲ့ ဆက်ဆံရေးတွေဟာ အကြောင်းပြချက်တွေ မရှိပါပဲ အေးစက်သွားခဲ့ပြန်ပါပြီ ။

Credit သျှင်ယွန်း

Unicode