Love

အနာအဆာပါတိုင်း တန်ဖိုးမဲ့တယ်ဆိုရင် ဆန်ထဲ ကြွက်ချေးပါလာရင်ဆန်အကုန်လုံးကို သွန်ပစ်မယ့်အစား ကြွက်ချေးကို ဖယ်စားသင့်တယ်

အနာအဆာပါတိုင်း တန်ဖိုးမဲ့တယ်ဆိုရင်

ဆန်ထဲ ကြွက်ချေးပါလာရင်ဆန်အကုန်လုံးကို သွန်ပစ်မယ့်အစား ကြွက်ချေးကို ဖယ်စားသင့်တယ်အနာပါတဲ့ ငှက်ပျောသီးတစ်လုံးက ဆာလောင်ငတ်မွတ်နေသူအဖို့ကတော့ အနာဖယ်ပီးစားတတ်ရင် အာဟာရဖြစ်မယ်။

ထို့အတူပါပဲ လူ့လောကမှာ လူလူချင်းပေါင်းသင်းဆက်ဆံရေးမှာအားနည်းချက်ရှိသူအချင်းချင်း အပြစ်အနာအဆာတွေကိုအပြန်အလှန်ဖေးမတည့်မတ်ရင်း အနာအဆာကိုဖယ်ပီးပေါင်းသင်းတတ်သွားရင် အမြင်ကျယ်ပီး ရင့်ကျက်တဲ့ လူတွေဖြစ်လာမှာပါ။

အမြင်မတူပေမယ့် နှလုံးသားတူရင်သွေးမတော်သားမစပ် သူစိမ်းတွေတောင်လင်နှင့်မယားဆိုတာ ဖြစ်လာကြသေးတာပါပဲ။လောကမှာ တူညီတဲ့အရာတွေပဲ တစ်သားတည်းဖြစ်အောင်ပေါင်းစည်းလို့ရနေတာ မဟုတ်ပါဘူး

ဆန့်ကျင်ဘက် မတူညီတဲ့ အရာတွေကို ခွဲမရအောင်ပေါင်းစည်းထားတာတွေအများကြီးရှိနေပါတယ်။အမြင်မတူတိုင်း ၊ ခံစားချက်မတူတိုင်း ၊ လိင်မတူတိုင်း ၊ခံယူချက်မတူတိုင်းရန်သူဖြစ်မသွားပါဘူး

အဓိက လိုအပ်နေတာက အတ္တနည်းပီး ကိုယ်ချင်းစာစိတ်ရှိရင်ကမ္ဘာကြီးက ရွာကြီးပါပဲ။

credit to ဇင်းနစ်မကွေး

Zawgyi

credit to ဇင်းနစ်မကွေ