Uncategorized

အခုလို မိုးရာသီမှာ ခြင်ကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေဆိုတာလည်း ပေါမှပေါ ။ ဒီတော့ ခြင်မကိုက်အောင် နေဖို့ ကျန်းမာရေးဌာနတွေက အမြဲတမ်းဆော်ဩနေကြတာပေါ့။

နေ့နေ့ ညည အိပ်တဲ့အခါတိုင်း ခြင်ထောင်နဲ့ အိပ်ဖို့ ၊ ခြင်နိုင်ဆေးဖြန်းဖို့ နဲ့ ခြင်မပေါက်ပွားအောင် ဖုံး/သွန်/လဲ/စစ်နည်းတွေ သုံးဖို့ တိုက်တွန်းနေကြပါတယ်။ အခုပြောမှာကတော့ ခြင်ပြေးစေဖို့ နည်းလမ်းထဲမှာ အသုံးလည်းတည့်ပြီး စိတ်ကိုပါ ကြည်နူးစေမယ့် အပင်လေးတွေအကြောင်း ဖြစ်ပါတယ်။

(၁) ကြောင်ဆေးပင်

တစ်ခြားနေရာမှာတော့ မသိဘူး။ မြန်မာနိုင်ငံမှာ ကြောင်ဆေးပင်လို့ခေါ်သလို ကြောင်ရိုသေပင်လို့လည်း ခေါ်ကြပါတယ်။ စိုက်ရတာ အလွန်လွယ်တဲ့ သဘာဝပေါက်ပင်ဖြစ်ပါတယ်။ နာမည်အတိုင်း ကြောင်တွေ သိပ်ကြိုက်တဲ့ အပင်ဖြစ်ပါတယ်။
အပင်ရှိရုံနဲ့တင် ခြင်တွေ မလာအောင် မောင်းထုတ်ပေးနိုင်ပါတယ်။ ခြင်မကိုက်စေဖို့ တစ်ချို့တွေက အရွက်ကို ကိုယ်လုံးမှာ ပွတ်သွားကြပါတယ်။

(၂) လာဗင်ဒါ

အိမ်တွင်းမှာ ပန်းနံ့လေးလည်း သင်းမယ် ခြင်လည်း ပြေးစေချင်တယ်ဆိုရင် လာဗင်ဒါပန်းတွေ စိုက်ထားဖို့ အကြံပေးချင်ပါတယ်။ လာဗင်ဒါပန်းခြောက်ဟာ ခြင်တင်မဟုတ်ဘဲ ပိုးဖလံတွေပါ မောင်းထုတ်ပေးနိုင်ပါတယ်။ လာဗင်ဒါရဲ့ သဘောကတော့ ရနံ့လည်း သင်းပြီး လူကို စိတ်လက်ကြည်သာအောင်နဲ့ သက်တောင့်သက်သာဖြစ်အောင် ကူညီပေးနိုင်သလို ညဘက်ပါ အိပ်လို့ ကောင်းအောင် ကူညီပေးနိုင်ပါတယ်။

(၃) ပင်စိမ်း

ဟင်းခပ်အမွှေးအကြိုင်တစ်ခုအဖြစ် နာမည်ကြီးတဲ့ အပင်ပါ။ ပင်စိမ်းဟာ ဟင်းအမယ်တွေကို အရသာရှိစေတဲ့အပြင် ခြင်တွေနဲ့ ပိုးပရွက်တွေ ခြောက်ထုတ်နိုင်တဲ့အပင်ဖြစ်ပါတယ်။ ဒီတော့ အိမ်ထဲမှာပဲ ဟင်းစားလည်းရ ခြင်လေးဘာလေး ပြေးအောင် ပင်စိမ်းသာ စိုက်ထားပါတော့။

(၄) ပူစီနံ

ပူစံနံတွေကလည်း ပင်စိမ်းလိုပါပဲ။ အတို့အမြှုပ်လိုလည်း စားနိုင်သလို ခြင်မောင်းပင်အဖြစ်လည်း သုံးနိုင်မှာပါ။ အိုးလေးနဲ့ စိုက်ထားမယ်ဆိုရင် မုန်းလောက်အောင် စားရပါလိမ့်မယ်။

(၅) စပါးလင်

ဟင်းခတ်အမွှေးအကြိုင်ပင်တွေထဲမှာ စပါးလင်ကိုလည်း ခြင်နိုင်ဆေးအဖြစ် သုံးလို့ ရပါတယ်။ စပါးလင်ကတော့ အမြင့် ၅ ပေကနေ ၆ ပေအထိ ကြီးနိုင်တဲ့ အပင်ဖြစ်လို့ အိမ်မှာစိုက်မယ်ဆိုရင် မြေကျယ်ကျယ်မှာ ဒါမှမဟုတ်ရင်လည်း အိုးအကြီးစားထဲမှာ ထည့်စိုက်ဖို့တော့ လိုမှာပါ။

Credit

Zawgyi