Knowledge

အားရပါးရ ပြုံးလိုက်ပါ အမေ (အမေ့အပြုံးကိုမြင်မှ ပျော်နေတတ်တဲ့ သားသမီးတွေအတွက်)

အမေ…သက္ကလရေကြည် သန္ဓေတည်ထဲက ပူ ငံ စပ် ခါး ၊ ရှောင်ရှားရင်းဖြင့် ကိုးလလွယ် ဆယ်လမွေးပေးခဲ့လို့ကျေးဇူးတော် အနန္တပါ အမေ…။

ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်အရွယ်မှလူလားမြောက်တဲ့ အရွယ်အထိသားသမီးတွေရဲ့ ဘဝခရီးလမ်းအစဉ်ထာဝရ ဘေးမသမ်းပဲ အေးချမ်းစေဘို့မညှိုးနွမ်းတဲ့ မေတ္တာတွေနဲ့ ပေးဝေခဲ့လို့ ရှိခိုးဦးခိုက်ပါတယ်အမေ…။

ငယ်စဉ်တောင်ကျေး ကလေးဘဝကအမေ့မေတ္တာတွေ မခံယူတတ်ဘူး…အဖေမရှိသည့်နောက် သားသမီးတွေကိုပင်ပန်းကြီးစွာ ပျိုးထောင်ခဲ့တဲ့အမေ့စေတနာတွေ နားမလည်ခဲ့ဘူး… ။

တောင်းပန်ပါတယ် အမေ…သားသမီးတွေ ပျော်ရွှင်နေရင်ပြုံးနေတတ်တဲ့ အမေ့မျက်နှာလေး…သားသမီးတွေ အောင်မြင်နေရင်ပျော်နေတတ်တဲ့ အမေ့ရုပ်သွင်လေး…အမေ့မျက်ရည်တွေ မြင်ခဲ့တုန်းကဘာမှမဖြစ်သလို နေခဲ့မိလို့ တောင်းပန်တယ် ။

နားလည်ပါပြီ အမေ…အမေပျော်နေရင် ကျနော်ပြုံးတတ်ပြီ…အမေပြုံးနေသ၍ ကျနော် မရှုံးဘူး အမေ ။မိုနာလီဇာပြုံးလို့ လှတာမလှတာကျနော် မသိဘူး…အမေပြုံးတဲ့အပြုံးကကျနော့်ကမ္ဘာမှာ အလှဆုံးပဲ ။

ဥမ္မာဒန္တီ ချောလှတဲ့အကြောင်းပြောပြမနေနဲ့ ကျနော်မသိဘူး…သွန်သင်ဆုံးမ ပြောပြတတ်တဲ့ အမေ့ရုပ်ရည်က အချောအလှဆုံးပဲ ။ပပဝတီဂုဏ်သတင်း ခုနှစ်ဆောင်ပြိုင်မီးမထွန်းပဲ လင်းတာမလင်းတာ ကျနော်မသိဘူး…အမေနမ်းတဲ့ ပါးတစ်ဖက်…ကျနော့် အနာဂတ်တွေ လင်းလက်စေတယ် ။

အမေ့အပြုံးကိုမြင်မှ ပျော်နေတတ်တဲ့သားသမီးတွေအတွက်…”အားရပါးရ ပြုံးလိုက်ပါ အမေ”…မိုနာလီဇာရှုံးမယ့် အပြုံးမျိုး…အောင်နိုင်သူတို့ ပြုံးတဲ့အပြုံးမျိုး ကမ္ဘာကုန်ကျယ်သ၍ မရှုံးတဲ့ အပြုံးမျိုး…အားရပါးရ ပြုံးလိုက်စမ်းပါ…။

Unicode