Knowledge

၂ မိုင်နီးပါး လမ်းလျှောက် ကျောင်းတက်ရသော ကလေးများအတွက် ဘတ်စ်ကားဝယ်ပေးခဲ့သော ဆရာ

၂ မိုင်နီးပါး လမ်းလျှောက် ကျောင်းတက်ရသော ကလေးများအတွက် ဘတ်စ်ကားဝယ်ပေးခဲ့သော ဆရာဆရာ ဆရာမများသည် မိဘနှင့် တစ်ဂိုဏ်းတည်းဖြစ်ပြီး တပည့်လေးများအပေါ် စာတတ်မြောက်အောင် သင်ကြားပေးရခြင်းအပြင် အဆင်မပြေအခက်အခဲများကြား ကျောင်းတက်ရသော ကလေးငယ်များကိုလည်း တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးလျက်ရှိကာ ကျေးဇူးကြီးမားလှသည်။ယခုအခါတွင်လည်း အိန္ဒယနိုင်ငံ Udupi ပြည်နယ်ရှိ Baaraliကျေးရွာတွင် တာဝန်ကျသော Rajaraအမည်ရှိသော ကျောင်းဆရာတစ်ယောက်သည် တပည့်လေးများ ကျောင်းတက်ရန် အဆင်ပြေဖို့ ဘတ်စ်ကားတစ်စီး ဝယ်ပေးခဲ့သည်။ဒေသရှိကလေးငယ်များသည် ကျောင်းသွားရန် ၂မိုင်နီးပါး လမ်းလျှောက်ရသည့်အပြင် သစ်တောများကြား ရွှံ့ဗွက်တွေရှိသော လမ်းကနေ ဖြတ်သွားခဲ့ရသည်။မိဘများမှလည်း ကျောင်းသို့ရောက်ရန်တောအုပ်တွေကြား အချိန်ကြာဖြတ်သွားရ၍ စိတ်မချခြင်းတွေနှင့်အတူ ခက်ခဲသောကြောင့် ကလေးများကလည်း ကျောင်းသွားရမှာပင် ကြောက်လာပြီး ထွက်ကုန်ကြသည်။ထိုအဖြစ်ကို သိရသော ကျောင်းဆရာမှာ စိတ်မကောင်းဖြစ်ရကာ သူကိုယ်တိုင်က ချမ်းသာသူမဟုတ်သော်လည်း အိမ်ခြံမြေစီမံခန့်ခွဲမှု ကုမ္ပဏီကိုတည်ထောင်ထားသော ကျောင်းသားဟောင်းဆီ ဆက်သွယ်ခဲ့ပြီး အကူအညီတောင်းခဲ့သည်။နောက်ဆုံးတွင် တပည့်ဟောင်းများစီကနေ ရလာသော ငွေကြေးနှင့် ဘတ်စ်ကားအား ဝယ်နိုင်ခဲ့ပြီး ကိုယ်တိုင်ကားမောင်းနည်း သင်ယူပြီး ကျောင်းသို့လိုက်ပို့ရင်း တူတူသွားခဲ့သည်။ထို့နောက် ကလေးများတွက် ကစားကွင်းလေးတစ်ခုလုပ်ပေးချင်သေးကြောင်း ဆိုခဲ့ရာ အလွန်လေးစားစရာကောင်းပြီး မွန်မြတ်သော ဆရာပင်ဖြစ်သည်။Unicodeဖတ်ရန်၂ မိုင်နီးပါး လမ်းလျှောက် ကျောင်းတက်ရသော ကလေးများအတွက် ဘတ်စ်ကားဝယ်ပေးခဲ့သော ဆရာဆရာ ဆရာမများသည် မိဘနှင့် တစ်ဂိုဏ်းတည်းဖြစ်ပြီး တပည့်လေးများအပေါ် စာတတ်မြောက်အောင် သင်ကြားပေးရခြင်းအပြင် အဆင်မပြေအခက်အခဲများကြား ကျောင်းတက်ရသော ကလေးငယ်များကိုလည်း တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးလျက်ရှိကာ ကျေးဇူးကြီးမားလှသည်။ယခုအခါတွင်လည်း အိန္ဒယနိုင်ငံ Udupi ပြည်နယ်ရှိ Baaraliကျေးရွာတွင် တာဝန်ကျသော Rajaraအမည်ရှိသော ကျောင်းဆရာတစ်ယောက်သည် တပည့်လေးများ ကျောင်းတက်ရန် အဆင်ပြေဖို့ ဘတ်စ်ကားတစ်စီး ဝယ်ပေးခဲ့သည်။ဒေသရှိကလေးငယ်များသည် ကျောင်းသွားရန် ၂မိုင်နီးပါး လမ်းလျှောက်ရသည့်အပြင် သစ်တောများကြား ရွှံ့ဗွက်တွေရှိသော လမ်းကနေ ဖြတ်သွားခဲ့ရသည်။မိဘများမှလည်း ကျောင်းသို့ရောက်ရန်တောအုပ်တွေကြား အချိန်ကြာဖြတ်သွားရ၍ စိတ်မချခြင်းတွေနှင့်အတူ ခက်ခဲသောကြောင့် ကလေးများကလည်း ကျောင်းသွားရမှာပင် ကြောက်လာပြီး ထွက်ကုန်ကြသည်။ထိုအဖြစ်ကို သိရသော ကျောင်းဆရာမှာ စိတ်မကောင်းဖြစ်ရကာ သူကိုယ်တိုင်က ချမ်းသာသူမဟုတ်သော်လည်း အိမ်ခြံမြေစီမံခန့်ခွဲမှု ကုမ္ပဏီကိုတည်ထောင်ထားသော ကျောင်းသားဟောင်းဆီ ဆက်သွယ်ခဲ့ပြီး အကူအညီတောင်းခဲ့သည်။နောက်ဆုံးတွင် တပည့်ဟောင်းများစီကနေ ရလာသော ငွေကြေးနှင့် ဘတ်စ်ကားအား ဝယ်နိုင်ခဲ့ပြီး ကိုယ်တိုင်ကားမောင်းနည်း သင်ယူပြီး ကျောင်းသို့လိုက်ပို့ရင်း တူတူသွားခဲ့သည်။ထို့နောက် ကလေးများတွက် ကစားကွင်းလေးတစ်ခုလုပ်ပေးချင်သေးကြောင်း ဆိုခဲ့ရာ အလွန်လေးစားစရာကောင်းပြီး မွန်မြတ်သော ဆရာပင်ဖြစ်သည်။