Knowledge




ဘုရားကပြန်ပြောတယ်

ကလေးက ပြန်မေးတယ်

ဘုရားက ပြန်ပြောတယ်

ကလေးက ပြန်ပြောတယ်




ကလေးက မေးတယ်

ဘုရားက ပြန်ပြောတယ်


credit…..

Unicode

မနက်ဖြန်မွေးမယ့် ကလေးလေးက ဘုရားကိုမေးတယ်

သူ မနက်ဖြန် လူ့ပြည်ကိုသွားရင်သူက သေးသေးလေးဘယ်သူက သူ့ကိုလက်ခံမလဲတဲ့

ဘုရားကပြန်ပြောတယ်
နတ်သမီးတွေ အများကြီးထဲက အနူးညံ့ဆုံးနတ်သမီးက ကြိုဆိုလိမ့်မယ်တဲ့

ကလေးက ပြန်မေးတယ်
သူ အခုသီချင်းလေးဆိုပြီး အေးအေးနေလို့ရတယ်ဘာလို့ လူ့ပြည်သွားရမလဲတဲ့

ဘုရားက ပြန်ပြောတယ်
လူ့ပြည်မှာ နတ်သမီးက နေ့တိုင်း အချိန်တိုင်းမှာ
သီချင်းဆိုပြီး ပျော်အောင်လုပ်ပေးလိမ့်မယ်တဲ့

ကလေးက ပြန်ပြောတယ်
လူတွေပြောတဲ့စကား သူနားမလည်ရင် ဘာလုပ်ရမလဲတဲ့

ဘုရားက ပြန်ပြောလိုက်တယ်
နတ်သမီးက မင်းကို စိတ်ရှည်ရှည်နဲ့ အရာရာကို သင်ပေးလိမ့်မယ်တဲ့

ကလေးက မေးလိုက်တယ်ဘုရားကို စကားပြောချင်ရင် ဘယ်လိုလုပ်ရမလဲတဲ့

ဘုရားက ပြန်ပြောလိုက်တယ်
နတ်သမီးက မင်းကို ဘုရားရှိခိုးပုံသင်ပေးလိမ့်မယ်အဲ့အခါကျပြောလို့ရမယ်တဲ့

ကလေးက မေးတယ်
သူကြားဖူးတာ လူ့ပြည်မှာရက်စက်တဲ့လူတွေများတယ်တဲ့

ဘုရားက ပြန်ပြောတယ်
လောကကြီးရဲ့ အရာရာအခက်အခဲမှန်သမျှကို
နတ်သမီးကပဲ အသက်စွှန့်ပြီး ကာကွယ်ပေးလိမ့်မယ်တဲ့

နောက်ဆုံးကလေးလေးက ဘုရားကို မေးလိုက်တယ်ကျွန်တော် သွားတော့မယ်နတ်သမီးရဲနာမည်ဘယ်လိုခေါ်ရမလဲလို့ တိုးတိုးလေးမေးလိုက်တယ်

ဘုရားကပြန်ဖြေလိုက်တယ် မေ မေ တဲ့
credit…..