ဘာကြောင့်လဲ တစ်ယောက်ကိုပိုချစ်လာလေ ရှောင်ဖယ်ဖို့ပဲစဥ်စားကြတာလဲ?
သင်ဟာလူတစ်ယောက်ကိုချစ်မိတာနဲ့တစ်ပြိုင်နက် ရယူဖို့ထက် စွန့်လွှတ်ဖို့ ဒါမှမဟုတ် ရှေ့ဆက်မတိုးဖို့ကိုသာ စဉ်းစားမိတတ်တဲ့သူလား။
သင်တစ်ယောက်တည်းဒီလိုခံစားနေရတာတော့ မဟုတ်ပါဘူး။ လူတော်တော်များများဟာလည်း အလားတူပဲ ခံစားရတတ်ကြပါတယ်။ ဘာကြောင့် ဒီလိုမျိုးခံစားမိနေရတာလဲဆိုတဲ့ အကြောင်းရင်းလေးတွေကိုတော့ ဖတ်ကြည့်လိုက်ပါဦး။
(၁) အတိတ်ဆိုးတွေ
သင့်မှာအချစ်ရေးနဲ့ပတ်သက်ပြီး မကောင်းတဲ့ အတိတ်တွေရှိနေခဲ့လို့ပါ။ ဥပမာ ဘယ်လောက်ပဲကြိုးစားကြိုးစား သင်ချစ်နေတဲ့သူက သင့်ကိုပြန်ချစ်မလာတာမျိုး၊ မကောင်းတဲ့သူနဲ့ ဆုံခဲ့ရတာမျိုး၊ စိတ်ပျက်စရာကောင်းတဲ့ အချစ်ရေးကို ကြုံဖူးခဲ့တာမျိုးကြောင့်ပါ။
(၂) အနှောက်အယှက်မဖြစ်ချင်လို့
သင့်ကြောင့် တစ်ဖက်လူ စိတ်အနှောက်အယှက်ဖြစ်သွားမှာ၊ နေရထိုင်ရ သက်တောင့်သက်တာ မရှိတော့မှာ၊ သင်က သူတို့အတွက် ဝန်ထုပ်တစ်ခုလို ဖြစ်သွားမှာမျိုးကို လုံးဝမလိုလားပါဘူး။
ဒါကြောင့်သင်ဟာ ရှေ့တိုးဖို့ထက် နောက်ဆုတ်ဖို့ကိုသာ ပိုပြီးအားသန်နေတာပါ။
(၃) မခံစားချင်လို့
သင်ဟာ အချစ်ရေးရဲ့နောက်ဆက်တွဲပြသနာတွေကို ကြောက်တဲ့သူပါ။ လူတစ်ယောက်ကြောင့် အမြဲလိုလို စိတ်ပူပန်နေရတာမျိုး၊ ဒေါသထွက်နေရမှာမျိုး၊ ချုပ်ခြယ်ခံရမှာမျိုး စသဖြင့် မကောင်းတဲ့ အကျိုးဆက်တွေကို တွေးတွေးပြီးကြောက်နေမိလို့ပဲဖြစ်ပါတယ်။
အချစ်ဟာ သင်မျှော်လင့်ထားသလို ဖြစ်မလာပဲ အရှုံးတွေ၊ အမုန်းတွေနဲ့ အဆုံးသတ်သွားရမှာမျိုးကို သင်ကြောက်နေလို့ပါ။
(၄) စိတ်ဖိစီးလို့
သင့်ရဲ့ ဘဝအခြေအနေကြောင့်ဖြစ်စေ၊ မိသားစုပြဿနာ၊ ကျောင်းကိစ္စ၊ အလုပ်ကိစ္စ စသဖြင့် သင့်ရဲ့ ဘဝမှာ အဆင်မပြေတာတွေများနေတာကြောင့် လူတစ်ယောက်ကို ချစ်ရမှာ မဝံ့မရဲဖြစ်နေတာပါ။
သင့်ဘဝထဲကို သူရောက်လာတဲ့အခါမှာ သင့်ကိုစိတ်ပျက်သွားမှာ၊ အထင်သေးသွားမှာမျိုး သင်လုံးဝမလိုလားပါဘူး။
(၅) စိတ္က်ေရာဂါ
သင့်ဟာ စိတ်ကျရောဂါခံစားနေရလို့ပါ။ လူတစ်ယောက်ကိုချစ်နေသည့်တိုင်အောင် သူနဲ့တွေ့ရင် ပျော်ရွှင်တာမျိုး၊ တက်ကြွနေတာမျိုး မဖြစ်ပဲ အလိုလိုနေရင်း သိမ်ငယ်နေတာ၊ စိတ်ဓာတ်ကျနေတာမျိုးတွေ ခံစားနေရတာပါ။
ဒါဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှုကို ခံယူဖို့လိုပါတယ်။
Unicode