Love

ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတဲ့သူတွေပဲ နားလည်နိုင်တဲ့ ခံစားချက် (၅) မျိုး

ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတာ ချစ်သူတစ်ယောက်တည်းဆီကမှ မဟုတ်ပါဘူး။ မိဘ၊ မောင်နှမ၊ သူငယ်ချင်းအပေါင်းသင်းတွေဆီကလည်း ဖြစ်နိုင်ပါတယ်။

ကိုယ့်ဖက်က ဘယ်လောက်ပဲ ချစ်ချစ်၊ မေတ္တာထားထား တူညီတဲ့ တန်ပြန်သက်ရောက်မှုမျိုးကို မခံရတဲ့သူတွေပဲ နားလည်နိုင်မယ့် ခံစားချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ်ချစ်သလောက်ပြန်အချစ်မခံရတဲ့သူတွေဟာ ခွင့်လွှတ်ခြင်းအကြောင်းကို ကောင်းမွန်စွာ သိရှိနားလည်ထားတဲ့သူတွေဖြစ်ပါတယ်။ သူတို့ဖက်က တစ်ဖက်လူကို ခွင့်လွှတ်သည်းခံပါ များနေတော့ သူတစ်ပါးကို ခွင့်လွှတ်ဖို့ သူတို့အတွက် မခက်တော့ပါဘူး။

(၂) ကိုယ်ချစ်သလောက်ပြန်အချစ်မခံရတဲ့သူတွေဟာ လူတွေရဲ့ ပြောင်းလဲနိုင်ခြင်းသဘောတရားကို ကောင်းမွန်စွာ သိရှိနားလည်ထားသူတွေပါ။ ဒါကြောင့် ဘယ်လိုလူကိုမှ ထစ်ထစ်ချ မယုံကြည်တော့သလို၊ ခုချိန်မှာ ကိုယ့်အပေါ်ကောင်းနေလည်း တစ်ချိန်မှာ ကိုယ့်ကို မလိုမုန်းတီးသွားနိုင်တဲ့ သူတွေဖြစ်တာကို ကောင်းကောင်းနားလည်ထားတဲ့သူတွေပါ။

(၃) ကိုယ်ချစ်သလောက်ပြန်အချစ်မခံရတဲ့သူတွေဟာ လူတွေရဲ့ ကောင်းတဲ့ အချက်လေးတွေ၊ အားသာချက်လေးတွေကို မြင်အောင် ကြည့်တတ်တဲ့သူတွေပါ။ မုန်းဖို့ကောင်းတဲ့ လူတွေဆီမှာတောင် ချစ်စရာကောင်းတဲ့ အချက်လေးတွေရှိတယ်ဆိုတာကို ကောင်းကောင်းနားလည်ထားသူတွေပါ။ ဒါကြောင့်ပဲ လူတွေကို ခွင့်လွှတ်နိုင်စွမ်းရှိတာပေါ့။

(၄) ကိုယ်ချစ်သလောက်ပြန်အချစ်မခံရတဲ့သူတွေဟာ ကိုယ့်ကိုယ်ကို အမြဲလိုလို အပြစ်တင်နေမိတဲ့သူတွေပါ။ သူတစ်ပါးအပေါ် မျှော်လင့်ချက်တွေ ထားလွန်းတဲ့၊ သူတစ်ပါးကို ယုံကြည်လွန်းတဲ့၊ ယုံလွယ်လွန်းတဲ့၊ အားနာတတ်လွန်းတဲ့ ကိုယ့်ကိုယ်ကို အမြဲလိုလို အပြစ်တင်တတ်တဲ့သူတွေပါ။

(၅) ကိုယ်ချစ်သလောက်ပြန်အချစ်မခံရတဲ့သူတွေဟာ သူများတွေထက် ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်ကြပါတယ်။ အကြောင်းကတော့ ခံရပါများလာတဲ့အခါမှာ လူတွေအကြောင်းကို ပိုသိသွားပြီး၊ ခံနိုင်ရည်လည်း ပိုရှိသွားကြလို့ပါ။ ဒီလိုလူတွေဟာ သူများတွေနဲ့ယှဉ်ရင် အမြဲလိုလို စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေပါ။

Unicode