Knowledge

ကိုယ့်ရဲ့ဘဝကိုပိုကောင်းဖို့အတွက်ပြောင်းလဲမှုတွေ ဘယ်လိုစတင်မလဲ…

ဒီဆောင်းပါးလေးကတော့ကိုယ့်ရဲ့ဘဝကိုပြောင်းလဲမှုတွေလုပ်ဆောင်ချင်ပြီး ပိုကောင်းတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့ကြိုးစားနေတဲ့သူတွေအတွက် အကျိုးရှိစေမယ့်ဆောင်းပါးလေးဖြစ်ပါတယ်။

၁။အကောင်းမြင်စိတ်နဲ့ သင်ယူပါ

အကောင်းမြင်စိတ်ရှိခြင်းဟာကိုယ့်အတွက်အကျိုးကျေးဇူးများစေတဲ့ အကောင်းဆုံးအလေ့အကျင့်တွေထဲက တစ်ခုဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေဆိုတာ လူတိုင်းကြုံတွေ့ဖူးသလို လူတိုင်းလည်း ရှောင်လွှဲလို့မရနိုင်တဲ့ အရာတစ်ခုပါ။

ဒါပေမယ့် အဲ့ဒီအခက်အခဲတွေအတွက် အကောင်းဆုံးဖြေရှင်းချက်ဟာ သင်အဲ့ဒီအခက်အခဲကို အပြုံးနဲ့ ရင်ဆိုင်တဲ့အခါမှ ပေါ်ထွက်လာတတ်ပါတယ်။ ဒါကြောင့် ဘယ်ပြဿနာနဲ့ရင်ဆိုင်ရသည်ဖြစ်စေ ပြဿနာကို အကောင်းမြင်စိတ်နဲ့ကြည့်ပြီး ဘာတွေသင်ယူနိုင်မလဲ၊ ဒီပြဿနာကို အခွင့်အရေးအဖြစ် ဘယ်လိုပြောင်းမလဲဆိုတာကိုပဲ စဉ်းစားသင့်ပါတယ်။

၂။ဖြည်းဖြည်းနဲ့မှန်မှန်ကြိုးစားပါ

ကိုယ့်ကိုယ်ကို တိုးတက်အောင်ပြုပြင်ပြောင်းလဲမယ်လို့ ဆုံးဖြတ်ချက်ချရတာ အလွန်ကောင်းပါတယ်။ သို့သော်လည်း ဆုံးဖြတ်ထားတဲ့အတိုင်း အသည်းအသန်ပြုပြင်ပြောင်းလဲဖို့ဆိုတာ တွေးကြည့်လိုက်ရင် စိတ်မောစရာကောင်းတတ်ပါတယ်။

ဒီလိုမဖြစ်အောင်ကိုယ်ဆုံးဖြတ်ထားတဲ့ဦးတည်ရာကို နေ့စဉ်တစ်လှမ်းချင်းစီ လှမ်းသွားခြင်းပါ။ တစ်နေ့ကို တိုးတက်ရာတိုးတက်ကြောင်း တစ်ခုလောက် နေ့စဉ်လုပ်ဆောင်သွားမယ်ဆိုရင်လည်း အချိန်ကာလတစ်ခုအကြာမှာ ကိုယ်လိုချင်တဲ့ပုံစံအတိုင်း တိုးတက်ပြောင်းလဲလာပါလိမ့်မယ်။

၃။မိမိကိုယ်ကိုယ်ကိုဆန်းစစ်ပါ

ကိုယ်ကလူငယ်တယောက်ဖြစ်တဲ့အတွက်စီးပွားရေးလုပ်ငန်းတစ်ခုစတင်မလုပ်ကိုင်ခင် အောင်မြင်ဖို့အတွက်ဘယ်လုပ်ငန်းကိုလုပ်ကိုင်ရမလဲဆိုတာကိုသေချာဆုံးဖြတ်ပါ။ကိုယ့်ရဲ့အားနည်းချက်တွေ အားသာချက်တွေကိုသေချာသိမြင်ပါ။

မိမိရဲ့ဗဟုသုတတွေ အတွေ့အကြုံတွေ မိမိရဲ့စွမ်းရည်တွေ နှစ်သက်မှုတွေ ကြံ့ကြ့ခံနိုင်မှုတွေကောဆန်းစစ်ပါ။

သင်လုပ်မယ်လို့ရွေးချယ်ထားတဲ့အလုပ်နဲ့ပတ်သတ်လို့ဗဟုသုတကော အတွေ့အကြုံကောရှိရဲ့လား၊ သင့်လုပ်ငန်းကျရှုံးမှု ၊ခက်ခဲမှုတွေနဲ့ရင်းနှီးနိုင်ပါ့မလားဒါတွေစဉ်းစားပြီးရင်တော့ကိုယ့်မှာရှိတဲ့ငွေအရင်းနှီးလေးနဲ့စီးပွားရေးလုပ်ငန်းတခုစတင်ပါ။

၄။တီထွင်ဖန်တီးမှုတွေလုပ်နိုင်ဖို့အချိန်ပေးပါ

သင်အလုပ်မသွားခင် ဒါမှမဟုတ် သင်ကျောင်းမသွားခင်ကိုယ့်စိတ်ကိုမြှင့်တင်ဖို့အချိန်ခဏလေးပေးပါ။ကိုယ့်ရဲ့အချိန်ဇယားအတိုင်းကျောင်းသွား ဒါမှမဟုတ် အလုပ်လုပ်ပါ။

လမ်းပုံမှန်လျှောက်ပေးပါ။ဆိတ်ငြိမ်တဲ့နေရာမှာစာဖတ်ပါ။အမြဲတတ်ကြွနေပါ။တနေရာထဲမှာတစ်နာရီထက်ပိုပြီးထိုင်မနေပါနဲ့။တနေ့ကိုမိနစ်၃၀လောက်အားကစားလေ့ကျင့်ခန်းပြုလုပ်ပါ။

ဒီလိုလုပ်ခြင်းက ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေးနှခုလုံးကောင်းပါတယ်။လမ်းလျှောက်ခြင်းဟာသင့်ရဲ့တွေးခေါ်မှုကိုမြင့်တတ်စေပြီးပိုပြီးတီထွင်ဆန်းသစ်နိုင်မှုစွမ်းရည်ကိုရရှိစေပါတယ်။

၅။ကြိုးစားပြီးစတင်ပါ

ဘဝမှာ ပြောင်းလဲမှုတွေလုပ်ဆောင်ချင်တဲ့အခါမျိုးမှာ များသောအားဖြင့် စတင်ဖို့ကအခက်ခဲဆုံးအဆင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်စုံတစ်ရာကို စတင်လိုက်နိုင်ပြီဆိုရင် ဘယ်လောက်ခက်ခဲတဲ့ အရာဖြစ်ပါစေ တစ်ဝက်လောက် ခရီးရောက်ပြီလို့ ဆိုကြပါတယ်။

ဒါကြောင့် အခက်ခဲဆုံးအဆင့်ဖြစ်တဲ့ စတင်ဖို့အတွက်ကိုကြိုးစားပြီးလုပ်ဆောင်ပါ။အဒီအတွက်အရင်ထက်အစပေါင်းများစွာကြိုးစားဆောင်ရွက်မှုတွေလုပ်ဖို့လိုအပ်ပါတယ်။ အားလုံးပဲအနာဂတ်မှာအောင်မြင်ကြီးပွါးတိုးတက်ပါစေ

Zawgyi