သေချာတယ် ။ ကိုယ့်ဘက်ကတော့ ဘယ်တုန်းကမှ စပြီး မဖောက်ပြန်ခဲ့ဖူးဘူး။ တကယ်လို့ ဝေးကြရတယ်
ဆိုရင်တောင် တစ်ခြားသော အကြောင်းတစ်ခုခုကြောင့်ပဲ ဖြစ်ပါလိမ့်မယ် ။
ကိုယ်လူတစ်ယောက်ကိုချစ်တဲ့အခါ ဒီလူကလွဲရင် ဘယ်သူ့ကိုမှ ခေါင်းထဲမထည့်တတ်သလို ထညျ့လို့လညျး မရပါဘူး။
တစ်ခြားတစ်ယောက် ဘယ်တော့မှ စိတ်ထဲမရောက်ခဲ့သလို “ငါ့မှာ သူရှိနေတယ်ဆိုတဲ့ အသိကလေးတစ်ခု” နဲ့တင်
အမြဲတမ်းတင်းတိမ်ရောင့်ရဲနေခဲ့တာမျိုးပါ။
ကိုယ်ချစ်တဲ့သူတစ်ယောက် ကိုယ့်အပေါ် ဖောက်ပြန်နေတယ် ဆိုတဲ့ စိတ်ခံစားမှုမျိုးက ဘယ်လိုလဲဆိုတာ
ကောင်းကောင်းကြီးသိတယ်။ ကိုယ့်လူနေမှုပတ်ဝန်းကျင်မှာလည်း အိမ်ထောင်ပြုပြီးလျက်နဲ့
ခိုးကြောင်ခိုးဝှက်ဖောက်ပြန်နေတာတွေလည်း မြင်ဖူးတွေ့ဖူး ကြားရဖူးတယ် ။
ကိုယ်အမုန်းဆုံးလူတစ်ယောက်ဟာ ဘယ်တော့မှ ကိုယ်မဖြစ်သွားချင်ဘူး။
အတူတူမအိုမင်းသွားရရင်တောင် ကိုယ့်ချစ်သူရဲ့ စိတ်ထဲ မကောင်းတဲ့ ကိုယ့်ဝိဥာဉ်တွေ မကျန်နေခဲ့စေချင်ဘူး။
ရိုးရိုးရှင်းရှင်းလေးရယ်ပါ…ဆက်ဆံမှုတွေရဲ့ အဆုံးသတ်တိုင်းမှာ ကိုယ်ဟာ လိပ်ပြာသန့်သန့်လေး ထွက်ခွာ
(သို့)ကျန်နေ ခဲ့ချင်တယ်။
အဲ့အတွက် ဘယ်တုန်းကမှလည်း မဖောက်ပြန်ခဲ့ဖူးသလို ဘယ်သောအခါမှလည်း ဖောက်ပြန်လိမ့်မှာမဟုတ်ပါဘူး။
ဒါ ဒီဘဝမှာဆိုနိုင်တဲ့ တစ်ခုတည်းသော ကိုယ့်ရဲ့ သစ္စာတရားပါပဲ။
Credit
Zawgyi
သေချာတယ်.. ကိုယ့်ဘက်ကတော့ ဘယ်တုန်းကမှ စပြီး မဖောက်ပြန်ခဲ့ဖူးဘူး..