Health

ဒံပေါက်_အုန်းနို့_မျှစ်ချဉ်_ဒညင်းသီး_မန်ကျည်းသီးတို့ကို အန္တရာယ်ကင်းအောင်စားသောက်နည်းများ

ဒံပေါက်_အုန်းနို့_မျှစ်ချဉ်_ဒညင်းသီး_မန်ကျည်းသီးတို့ကို အန္တရာယ်ကင်းအောင်စားသောက်နည်းများ(အဖိုးတန်နည်းတွေမို့မှတ်သားထားသင့်ပါတယ် )၁။ အဆီအအိမ့် များလွန်းသော ဒံပေါက် ထမင်း ကြိုက်သူများ ဒံပေါက် မစားမီ ရှေ့တွင် ရှိသော ပန်းကန်ထဲမှ ပူဒီနံရွက်များကိုအရင် ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ် အတောက် ကင်းပါသည်။၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အနှစ်တို့ ပါသော မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန့်မစားမီသံပုရာသီးစိတ် များကို ယူ၍ ဇွန်းထဲတွင်အရည်ညှစ်ချပါ။ ရလာသောဇွန်းဝက်ခန့်သံပုရာရည်များကိုအရင်သောက်ချပြီးမှ မုန့်များကို စားပါက အန္တရာယ် ကင်းသောနည်း ဖြစ်ပါသည်။၃။အဆိပ်အတောက် များသော အသည်းအတွက်မကောင်းသော မျှစ်ချဉ်ကို လုံးဝ မစားဘဲ နေပါက အန္တရာယ်ကင်းပါသည်။ စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ကို တရည်ပြုတ်ပစ်ပါ။မျှစ်ချဉ် ထဲသို့ သံပုရာရည် အနှံ့ ညှစ်ချပြီးနာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစိတ်ကြိုက် ချက်စားပါ။ သို့မဟုတ်-မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည်ညှစ်ချပြီ မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွား ပါသည်။၄။မြန်မာ့ ရိုးရာအစားအစာ ဖြစ်သော လက်ဖက်ကို လက်ဖက် ကြိုက်သူများ ပြု ပြင်၍ စားနိုင်ပါသည်။ ပထမဦးစွာလက်ဖက်ကို ဆား၊ သံပုရာရည် တို့ဖြင့် နာနာ ပွတ်နယ်၍ ရေဆေးပါ။ ရေညှစ်ပါ ။ ၂-ကြိမ်ခန့် ထိုသို့ ပြုလုပ်ပြီးမှကြိုက်နှစ်သက် သလို သုပ်စားပါ။၅။အိမ်ရှင်မအချို့ သည် မန်းကျည်းသီး စိမ်းကို အပေါ်မှ အပွေးခွံခြစ်မပစ်ဘဲ ချက်စားလေ့ ရှိပါသည်။ မန်းကျည်းသီးပွေးညိုညစ်ညစ် များကို ဓားနှင့် ခြစ်ချကာ ဆားနှင့်နယ်ပြီး အတွင်းမှ စိမ်းဖန့်ဖန့် မန်းကျည်းသီးသား ပေါ်လာမှ ထောင်း၍ချက်စားပါ။ ရင်ကျပ်ရောဂါ မဖြစ်နိုင်ပါ။၆။လူတိုင်းလိုလို ကြိုက်နှစ်သက်သော ဒညင်းသီးကို စား၍ ဖြစ်သော ရောဂါမှာ ဆေးကုသ၍ မရပါ-ဟုပင်တစ်ချို့သော ဆရာဝန်များ ပြောကြား ကြပါသည်။မသင့်တာကိုမှ စားလိုသော လူတို့ ဗီဇအရ ဒညင်းသီး စားလိုပါက ပထမ နာနတ်သီးခွံ ( သို့ ) မီးသွေး(သို့ ) ဆန်လက်တဆုပ်ထည့်ကာ တစ်ရည်ပြုတ်ပါ။ အခွံပွ လာလျှင် မီးဖိုမှချ၍ အခွံသင်၊ ထန်းလျက် အသေးစား ၂-လုံးခန့်ထည့်ပြီး နောက်ထပ် နှစ်ကြိမ် ပြန်ပြုတ်ပါ။ ရေခန်းမှ ချ၍ သုံးဆောင်ပါ။အန္တရာယ်ကင်း၍ ခံတွင်းနံ့လည်း ရှင်းပါသည်။ တစ်နည်းမှာ—ဒညင်းသီးပြုတ်မှ အညှောက် ကလေးများကိုဖယ်စားပါက သွေးတက်မှု ကင်းပါသည်။ အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်ကြပါစေ …(နက္ခတ္တရောင်ခြည်မဂ္ဂဇင်း-၂၀၀၆မှ ဥငှက်မယ်မယ် ၏ဆောင်းပါးမှ အချို့ကို မှီငြမ်းကိုးကားပါသည် )CrdZawgyiဒံပေါက်_အုန်းနို့_မျှစ်ချဉ်_ဒညင်းသီး_မန်ကျည်းသီးတို့ကို အန္တရာယ်ကင်းအောင်စားသောက်နည်းများ(အဖိုးတန်နည်းတွေမို့မှတ်သားထားသင့်ပါတယ် )၁။ အဆီအအိမ့် များလွန်းသော ဒံပေါက် ထမင်း ကြိုက်သူများ ဒံပေါက် မစားမီ ရှေ့တွင် ရှိသော ပန်းကန်ထဲမှ ပူဒီနံရွက်များကိုအရင် ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ် အတောက် ကင်းပါသည်။၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အနှစ်တို့ ပါသော မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန့်မစားမီသံပုရာသီးစိတ် များကို ယူ၍ ဇွန်းထဲတွင်အရည်ညှစ်ချပါ။ ရလာသောဇွန်းဝက်ခန့်သံပုရာရည်များကိုအရင်သောက်ချပြီးမှ မုန့်များကို စားပါက အန္တရာယ် ကင်းသောနည်း ဖြစ်ပါသည်။၃။အဆိပ်အတောက် များသော အသည်းအတွက်မကောင်းသော မျှစ်ချဉ်ကို လုံးဝ မစားဘဲ နေပါက အန္တရာယ်ကင်းပါသည်။ စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ကို တရည်ပြုတ်ပစ်ပါ။မျှစ်ချဉ် ထဲသို့ သံပုရာရည် အနှံ့ ညှစ်ချပြီးနာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစိတ်ကြိုက် ချက်စားပါ။ သို့မဟုတ်-မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည်ညှစ်ချပြီ မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွား ပါသည်။၄။မြန်မာ့ ရိုးရာအစားအစာ ဖြစ်သော လက်ဖက်ကို လက်ဖက် ကြိုက်သူများ ပြု ပြင်၍ စားနိုင်ပါသည်။ ပထမဦးစွာလက်ဖက်ကို ဆား၊ သံပုရာရည် တို့ဖြင့် နာနာ ပွတ်နယ်၍ ရေဆေးပါ။ ရေညှစ်ပါ ။ ၂-ကြိမ်ခန့် ထိုသို့ ပြုလုပ်ပြီးမှကြိုက်နှစ်သက် သလို သုပ်စားပါ။၅။အိမ်ရှင်မအချို့ သည် မန်းကျည်းသီး စိမ်းကို အပေါ်မှ အပွေးခွံခြစ်မပစ်ဘဲ ချက်စားလေ့ ရှိပါသည်။ မန်းကျည်းသီးပွေးညိုညစ်ညစ် များကို ဓားနှင့် ခြစ်ချကာ ဆားနှင့်နယ်ပြီး အတွင်းမှ စိမ်းဖန့်ဖန့် မန်းကျည်းသီးသား ပေါ်လာမှ ထောင်း၍ချက်စားပါ။ ရင်ကျပ်ရောဂါ မဖြစ်နိုင်ပါ။၆။လူတိုင်းလိုလို ကြိုက်နှစ်သက်သော ဒညင်းသီးကို စား၍ ဖြစ်သော ရောဂါမှာ ဆေးကုသ၍ မရပါ-ဟုပင်တစ်ချို့သော ဆရာဝန်များ ပြောကြား ကြပါသည်။မသင့်တာကိုမှ စားလိုသော လူတို့ ဗီဇအရ ဒညင်းသီး စားလိုပါက ပထမ နာနတ်သီးခွံ ( သို့ ) မီးသွေး(သို့ ) ဆန်လက်တဆုပ်ထည့်ကာ တစ်ရည်ပြုတ်ပါ။ အခွံပွ လာလျှင် မီးဖိုမှချ၍ အခွံသင်၊ ထန်းလျက် အသေးစား ၂-လုံးခန့်ထည့်ပြီး နောက်ထပ် နှစ်ကြိမ် ပြန်ပြုတ်ပါ။ ရေခန်းမှ ချ၍ သုံးဆောင်ပါ။အန္တရာယ်ကင်း၍ ခံတွင်းနံ့လည်း ရှင်းပါသည်။ တစ်နည်းမှာ—ဒညင်းသီးပြုတ်မှ အညှောက် ကလေးများကိုဖယ်စားပါက သွေးတက်မှု ကင်းပါသည်။ အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်ကြပါစေ …(နက္ခတ္တရောင်ခြည်မဂ္ဂဇင်း-၂၀၀၆မှ ဥငှက်မယ်မယ် ၏ဆောင်းပါးမှ အချို့ကို မှီငြမ်းကိုးကားပါသည် )Crd