Health

ထမင်းစားပြီး ပြီးချင်း တန်းအိပ်ရင် ကြုံတွေ့ရနိုင်တဲ့ ဆိုးကျိုးများ

ထမင်းစားပြီး ချက်ချင်း မအိပ်ရဘူးဆိုတာမျိုးကိုတော့ ကြားဖူးကြမှာပါ။

ဒါပေမယ့် တစ်ခါတစ်လေမှာ သတိထားနေရဲ့ကြားက လုပ်လိုက်မိတဲ့ အမှားတွေဆိုတာ ရှိတတ်ပါတယ်။

ဒီတော့ ထမင်းစားပြီး ချက်ချင်းတန်းအိပ်ရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာကို

သိထားစေဖို့ ဝေမျှပေးလိုက်ပါတယ်နော်။

ရင်ပူရင်ဆာ ဖြစ်စေတယ်

ပုံမှန်အားဖြင့် အစာအိမ်ထဲကနေ အစာတွေကို ခြေဖျက်ဖို့ acid ကို ထုတ်လွှတ်ပေးပါတယ်။

လူတွေက ပုံမှန်အနေအထားအတိုင်း နေတဲ့အခါ အစာခြေဖျက်တဲ့

အရည်တွေဟာ အစာအိမ်ရဲ့ အောက်ဖက်မှာ စုနေတတ်ကြပါတယ်။

ဒါပေမယ့် လှဲလျောင်းလိုက်တဲ့ အခါမှာတော့ အဲဒီ့အစာခြေအရည်တွေဟာ

အစာအိမ်ရဲ့ ထိခိုက်လွယ်တဲ့ အပိုင်းတွေကို ထိခိုက်စေပြီး ရင်ပူရင်ဆာဖြစ်ခြင်းကို ဖြစ်ပေါ်လာစေတာပါ။

ဒီလိုဖြစ်ပေါ်ခြင်းက ရင်ဘတ်နဲ့ လည်ချောင်းတွေမှာ နာကျင်မှုတွေ ဖြစ်ပေါ်စေပါတယ်။

နှစ်ခြိုက်စွာ အိပ်မပျော်စေဘူး

ထမင်း စားပြီးပြီးချင်း အိပ်တဲ့အခါ အစာအိမ်ထဲမှာ အစာတွေပြည့်နေတဲ့အတွက်

အိပ်မပျော်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

ဒါက အိပ်စက်ခြင်းကို ကောင်းစွာ နှောင့်ယှက်နိုင်ပြီး ဆိုးဝါးတဲ့ အိပ်စက်ပုံဖြစ်လာစေပါတယ်။

နှစ်ခြိုက်စွာ အိပ်မပျော်တဲ့အခါ စိတ်မကြည်လင်ခြင်းနဲ့ ခေါင်းကိုက်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။

အိပ်မက်ဆိုးတွေ မက်စေတယ်

ထမင်းစားပြီး ချက်ချင်းအိပ်စက်တဲ့အခါ ဗိုက်ကတင်းပြီး ဇီဝဖြစ်စဉ်ကို

နှောင့်ယှက်တဲ့အတွက် ဦးနှောက်က ပိုအလုပ်လုပ်နေတတ်ပါတယ်။

ဒီလိုဖြစ်စဉ်ကြောင့်ပဲ အိပ်စက်တဲ့အချိန်မှာ နေမထိထိုင်မသာ ဖြစ်နေတာကြောင့်

အိပ်မက်ဆိုးတွေအဖြစ် မြင်မက်တတ်တာပါ။

ဝိတ်ပိုတက်စေတယ်

အစာစားပြီးတာနဲ့ အိပ်စက်လိုက်တဲ့အခါ ခန္ဓာကိုယ်ကနေပြီး ကယ်လိုရီလောင်ကျွမ်းဖို့

အချိန် မလုံလောက်တဲ့အတွက် ဝိတ်ကို ပိုတက်စေတာပါ။

ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ ကယ်လိုရီတွေ စုပုံလာပြီး တဖြည်းဖြည်းနဲ့ ဝိတ်ပိုတက်လာရခြင်း ဖြစ်ပါတယ်။

Credit

Zawgyi