Knowledge

တောမီးဝိုင်းနေချိန်တွင် ဘုရားလောင်းငုံးမင်းပြုခဲ့သော သစ္စာစကား

တောမီးအဝိုင်းခံရချိန်တွင် အကျဉ်းအကျပ်ထဲရောက်နေသော ဘုရားလောင်းငုံးမင်းသစ္စာပြုပုံ သစ္စာမဆိုခင် ဆင်ခြင်ပါရန် ငုံးမင်းသည် သစ္စာမပြုခင် ပွင့်တော်မူခဲ့ပြီးသော ဘုရားရှင်တို့၏ သီလသမာဓိပညာဉာဏ်ဂုဏ်တွေကိုဆင်ခြင်ပါတယ်။

ဘုရားရှင်တို့၏ ထိုးထွင်းသိသွားသောဉာဏ်တော် (သဗ္ဗညုတဉာဏ်) နှင့် ဘုရားရှင်တို့သိသွားသည့်တရား(နိဗ္ဗာန်, မဂ္ဂင်(၈)ပါး)အဲ့ဒါတွေကို အရင်ဆင်ခြင်ပါတယ်။

မဂ္ဂင်(၈)ပါးနှင့်နိဗ္ဗာန်တရားတွေမှာ စွမ်းအားတွေရှိပါတယ်၊ အဲ့ဒါတွေ ဆင်ခြင်နိုင်ရင် ဆင်ခြင်နိုင်သလောက်အစွမ်းထက်ပါလိမ့်မယ်။ ဥပမာ မဂ္ဂင်(၈)ပါး ပြည့်သည့်အခိုက် (မဂ်ကျသည့် အခိုက်) ကမ်ဘာပျက်မယ်ဆိုရင်တောင် မပျက်ပဲ စောင့်ရကြောင်း အဆိုရှိပါတယ်၊ နိဗ္ဗာန်ကို အာရုံပြုနေတဲ့အချိန် သမာပတ်ဝင်စားနေတဲ့အချိန်မှာ မီးရှို့ရင် မီးမလောင်ပါ။

တောင်နဲ့ဖိတောင် ဘာမှမဖြစ်နိုင်ဟုလို့ ဆိုပါတယ်။ ဓမ္မစကြာတရားစဟောသည့် အချိန် ငရဲမီးတွေပါ တဒင်္ဂငြိမ်းတယ်လို့ ဆိုပါတယ်။ စသည်အားဖြင့် တရားရဲ့စွမ်းအားတွေက ဆင်ခြင်ရင် ဆင်ခြင်နိုင်သလောက် များစွာရှိပါတယ်။

သစ္စာပြုလိုသော ယောဂီများသည် ဘုရားရှင်၏ ဂုဏ်နှင့် တရား၏ဂုဏ် (ဝဋ်ဒုက္ခမှထွက်မြောက်ကြောင်း မဂ္ဂင်(၈)ပါးနှင့် ထွက်မြောက်ရာနိဗ္ဗာန်)ကို ထပ်ခါထပ်ခါတွေးပြီးမှ သစ္စာဆိုလိုက်ပါ။ အဲ့ဒါက လိုရင်းကျပါတယ်။ ဘုရားလောင်း ငုံးမင်းက အဲ့ဒါတွေဆင်ခြင်ပြီးမှ သစ္စာပြုတာပါ။ သစ္စာပြုတာက မွန္တာကို တိုင်တည်ပြောပြီး ဤမှန်ကန်သော သစ္စာစကားကြောင့် ဒီအခတ်အခဲ အကျဉ်းအကျပ်က လွတ်ရပါစေသတည်း ဆိုရင်ရပါပြီ။

ဘုရားလောင်းငုံးမင်းသစ္စာပြုပုံ သန္တိ ပက္ခာ အပတနာ, သန္တိ ပါဒါ အဝဉ်စနာ၊မာတာပိတာ စ နိက္ခန္တာ၊ ဇာတေဝဒ ပဋိက္ကမ လိုရင်းမြန်မာပြန်

တောမီး၊ ငါသည် အတောင်ရှိသော်လည်း ကောင်ကင်သို့ မပျံတက်နိုင်သေးပါ၊ ခြေထောက်ရှိသော်လည်း မြေ၌ မပြေးနိုင်သေးပါ။ ငါ့၏ မိဘတို့သည် ထွက်သွားကုန်ပြီ။ သင်(တောမီး)သည် ဖဲရှားလေလော့။ ကျမ်းကိုး(ဇာတကပါဠိ၊ ၉) (စရိယာပိဋက အဋ္ဌကထာ၊၂၂၇)

အရှင်ခေမာသီရိ(မော်လမြိုင်)

Zawgyi