မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးသည် မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မဟာအတုလဝိဇယာရာမတိုက်၏ မဟာရံတံတိုင်း နှစ်ထပ်အတွင်း
ရွှေနန်းတော် ကျောင်း (အခြား post တွင်ဖတ်ပါ) နှင့် ကပ်လျှပ်တွင်ရှိပါသည်။ မင်းတုန်းမင်းကြီး၏ မြို့တည်နန်းတည် သတ္တဌာနတွင် တစ်ခုအပါအဝင်ဖြစ်ပြီး၊ ၁၈၅၉ ခုနှစ်တွင် စတင်၍
ယောအတွင်းဝန် ဦးဘိုးလှိုင်အား ဦးစီးတည်ဆောက်စေခဲ့ရာ (၁၈) နှစ်ကျော်ကြာပြီးနောက် ၁၈၇၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။ ငွေဒင်္ဂါးကျပ် (၅) သိန်းခန့်ကုန်ကျခဲ့ပါသည်။
မင်းတုန်းမင်းကြီးလက်ထက်တွင် ရွှေမြို့တော်လေးပြင်လေးရပ်ရှိ ကျောင်းတိုက်ပေါင်း (၁၁၄) တိုက်တို့ထက် သာလွန်မြင့်မြတ်ခန့်ညားထည်ဝါသော တုနှိုင်းဖွယ်မရှိသည့်
ကျောင်းတော်ကြီးဖြစ်၍ “အတုမရှိ” ဟုတင်စားခေါ်ဝေါ်၍ ကျောင်းတော်ကြီး၏ ဂုဏ်ဒြပ်နှင့်အညီ လူသိများထင်ရှားကျော်ဇောခဲ့ပါသည်။ အုတ်အင်္ဂတေဖြင့် ဆောက်လုပ်ခဲ့သော
ဘုံငါးဆင့်အဆောက်အဦဖြစ်ပြီး၊ ရှေးရိုးအစဉ်အလာ ဘုန်းကြီးကျောင်းများနှင့် တည်ဆောက်ပုံမတူဘဲ ဇေတဝန်တစ်ဆောင်တည်းဖြင့် တည်ဆောက်ထားသော ကျောင်းကြီးဖြစ်ပါသည်။
ကျောင်းတော်ကြီးသည် အရှေ့- အနောက်လှေကားအဆုံး (၃၃၉)ပေ၊ တောင်-မြောက် (၂၈၁)ပေ ကျယ်ဝန်းပြီး အမြေင့်ပေ (၁၀၀) ရှိပါသည်။ အုတ်အင်္ဂတေဖြင့် ရံထားသော
ကျွန်းတိုင်ပေါင်း (၂၄၆)တိုင်ဖြင့် တည်ဆောက်ခဲ့ပါသည်။ ဘုံအဆင့်များကိုလည်း အလယ်ထောက်တိုင်မပါဘဲ တစ်မူထူးခြားခန့်နားစွာ တည်ဆောက်ထားသည်ကိုလည်း
တွေ့မြင်ရပါသည်။ အချင်းအရာကိုကြည့်ခြင်းအားဖြင့် မြန်မာ့ဗိသုကာ ပညာရပ်ထွန်းကားမှုကိုလည်း မြင်တွေ့နိုင်ပါသည်။
ကျွန်းသစ်များဖြင့် ဆောက်လုပ်ထားကာ အင်္ဂတေအနုအမွမ်းများဖြင့် အပြင်မှ တန်ဆာဆင်ထားပြီး တမူထူးခြားသောလက်ရာအဖြစ် မြန်မာမူပြဿဒ်ကို အဆင့်ဆင့် အချွန်းပုံစံဖြင့်
တက်မသွားပဲ စတုရန်းပုံ လေထောင့်စပ်စပ်ဖြင့် အဆင့်ဆင့် ငါးဆင့်တက်ကာ ဆောက်လုပ်ထားသည်။ ကွန်းစင်တနုင်အမြင့် (၆၇)တောင် မြင့်ပြီး မြန်မာမှု ပန်းတော့ အုတ်အင်္ဂတေလက်ရာ
“မကရ်း လှေကားကြီး” (၆) စင်းဖြင့် တည်ဆောက်ထားပါသည်။ နံရံမှ တိုင်များတွင် ဖရုံမြှောင့်ခံစုလစ်၊ မွန်းချွန်းများ၊ အမွှမ်းပန်းများ၊ မြန်မာ ဥဒေါင်းရုပ်နှင့် အင်္ဂတေကနှုတ်ပန်းလက်ရာများ၊
ရတနာပုံခေတ် သစ်သားတံခါးမကြီးများမှာလည်း ဂုဏ်ယူဝင့်ကြွားဖွယ်ရာစံနမူနာပြ လက်ရာများဖြစ်ပါသည်။
ကျောင်းတော်ကြီးအတွင်းတွင် သီဟိုဠ်မှ ဆက်သလာသော မဟာဗောဓိသားရုပ်ပွားတော်တစ်ဆူအပြင် မင်းတုန်းမင်းကြီး၏ ဝတ်လဲတော်များကို ပြာချ၍ သစ်စေးသရိုးဖြင့် ပြုလုပ်ထားသော
(၁၈)တောင်ရှိသည့် မံဆင်းတုတော်ကြီးကို ထားရှိကာ ဆင်းတုတော်၏ ဥဏလုံမွေးရှင်တော်နေရာတွင် (၃၂) ရတီရှိ စိန်ကြီးတစ်လုံး(ဘိုးတော်ဘုရားအား ရခိုင်နယ်စား မဟာနော်ရထာ
ဆက်သခဲ့သည့်)တပ်ဆပ်ပူဇော်လှူဒါန်းထားခဲ့သည်။
၁၈၈၅ ခုနှစ်တွင် သီပေါမင်းပါတော်မူခဲ့ပြီး နယ်ချဲ့လက်အောက်ကျရောက်ပြီးနောက် ဗြိတိသျှစစ်တန်းလျား ဖြစ်ခဲ့ရပြီး၊ ၁၈၉၂ ခုနှစ်တွင် ကျောင်းဆောင်တစ်ခုလုံးမီးခခဲ့ရပြီး
အဆိုပါ (၃၂) ရတီရှိ စိန်ကြီးမှာလည်း ပျောက်ဆုံးခဲ့ရပြီး၊ ၃၀ ပေ ဉာဏ်တော်အမြင့်ရှိသော မတ်ရပ်ရုပ်ပွားတော်ကြီးအပါအဝင် မြန်မာ့ယဉ်ကျေးမှု ဗိသုကာလက်ရာ အမွေအနှစ်များ
ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ အကျဉ်းသားလုပ်သားများဖြင့် မူလအတိုင်း ပြန်လည်ဆောက်လုပ်ခဲ့ကြသည်။
Aung Pyae Phyo
Zawgyi
အတုမရှိကျောင်းတော်ကြီး သမိုင်း နဲ့ ရှားပါးပုံရိပ်တချို့