ပဒုမ္မာကြာသင်္ကန်းဆိုသည်မှာ ရေကန်များတွင် ရှင်သန်ဖူးပွင့်ကြသော ပဒုမ္မာကြာပင်မှ ကြာရိုးများကို ခူးဆွတ်၍ ချည်မျှင်ထုတ်ယူပြီး ရက်လုပ်ရသည့် သင်္ကန်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ပဒုမ္မာကြာပန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ထဲတွင်ပေါများစွာ တွေ့ရသည်။ အင်းလေးဒေသရှိအင်းယားကန်ထဲတွင်ပေါများစွာတွေ့ရသည်။
အင်းလေးဒေသရှိအင်းယားကျေးရွာအုပ်စုမှ စတင်တီထွင်ရက်လုပ်ခဲ့သည်မှာနှစ် ၁၀၀ ခန့်ရှိခဲ့ပေပြီ။ ပဒုမ္မာကြာရိုးသည် ငါးပေခန့်ရှည်ပြီး ကြာရိုးထဲမှ ကြာမျှင်များကိုထုတ်ယူရသည်။
ခူးဆွတ်ထားသောကြာရိုးများမှတစ်ရက်နှစ်ရက်အတွင်းချည်မျှင်ထုတ်ယူပြီး နေပူလှန်းရသည်။ ကြာချည်မျှင်များကို ချည်ကျစ်ပြီး၊ လျှော်ဖွပ်ခြင်း၊ ဗိုင်းငင်ခြင်း၊ ရက်ကန်းရက်ခြင်း စသည်ဖြင့်
ရက်လုပ်မှု အစီစဥ်အတိုင်း လုပ်ဆောင်ရသည်။
ပဒုမ္မာကြာသင်္ကန်းပိတ်စမှာ အနံတစ်ထောင့်ထွာ (၂၇ လက်မ) နှင့်အလျား ၁၀ ကိုက်ရှိသည်။ နောက်တစ်မျိုးမှာ အလျား (၁၅ ကိုက်) ရှိပြီး ကြာချည်ရောင်၊ သစ်ခေါက်ဆိုးရည်
စသည်ဖြင့် အော်ဒါမှာယူကြသည်။ ကြာသင်္ကန်းများကို ဝယ်ယူခြင်း၊ အော်ဒါရက်လုပ်ခြင်းဖြင့် ဘုရားဆင်းတုတော်များနှင့် ဘုန်းကြီးများကိုကပ်လှူကြသည်။
ပဒုမ္မာကြာသင်္ကန်းသည် တန်ဖိုးကြီးလှသဖြင့် မိမိတို့ယုံကြည်ညိုသော ရဟန်းသံဃာများနှင့် ဘုရားဆင်တုတော်များအား အထွတ်အမြတ်ထားသော လှူဒါန်းကြသည်။
ကြာသင်္ကန်းတစ်ထည်လျှင် ၁၀ သိန်း မှ သိန်း၃၀ အထိတန်ဖိုးရှိကြသည်။ ပဒုမ္မာကြာသင်္ကန်းတစ်စုံ တန်ဖိုးကြီးမြင့်ရခြင်းမှာ လက်မှုပစ္စည်းစစ်စစ်ဖြစ်ခြင်း၊ ကုန်ကြမ်းပစ္စည်းရှားပါးခြင်း၊
ပဒုမ္မာကြာရိုးမှာ တစ်နှစ်လျှင် ဇွန်လမှ နိုဝင်ဘာလအထိခြောက်လခန့်သာ ရရှိခြင်း၊ ကြာရိုးအချောင်းရေ ၁၀၀၀ မှ ကြာချည် ၁ ကျပ်သားခန့်သာ ရရှိခြင်းတို့ကြောင့် တန်ဖိုးကြီးမားခြင်းဖြစ်သည်။
ထင်ရှားသော အချက်မှာ ကြာသင်္ကန်းတစ်ထည်ရရှိရန် ကြာရိုးပေါင်း သိန်းဂဏန်းကျော်မျှ အသုံးချရခြင်းကြောင့် ရှားပါးကုန်ပစ္စည်းဖြစ်၍ တန်ဖိုးကြီးမားနေခြင်းဖြစ်သည်။
မူရင်း – နေဘုန်းဝေ
Zawgyi
ပဒုမ္မာကြာသင်္ကန်း တစ်ထည်သည် ဘာကြောင့်တန်ဖိုးကြီးရတာလဲ