နှလုံးသားအပူငြိမ်းပြီးတော့ကိ လေသာခပ်သိမ်း ငြိမ်းနေတဲ့ပု ဂ္ဂိုလ်ရဲ့အိပ်စက်မှုသာလျှင်ချမ်းချမ်း သာသာ အိပ်စက်ရခြင်းလို့ ဆိုနိုင်တယ်။
ကိလေသာ အပူ တွေရှိနေတဲ့ ပု ဂ္ဂိုလ်ရဲ့အဆင့်အတန်းမြင့်တဲ့အိပ်ရာကြီးတွေပေါ်မှာအိပ်ခြင်းဟာ အ ပြင်ပန်းအားဖြင့်ဇိမ်ကျတယ်ချမ်း သာတယ် လို့ ဒီလို ထင်ရသော် လည်းအတွင်းအပူတွေနှိပ်စက်နေသည့်အတွက်ကြောင့် ပူ လောင်မှုတွေနဲ့ လုံးပမ်း နေရလို့ သူ့ရဲ့ စိတ် နှလုံးဟာ အေးချမ်းမှုမရှိဘူး။
စိတ်နှလုံးအေးချမ်းမှုမရှိသည့် အ တွက်ကြောင့်အဲဒီပုဂ္ဂိုလ်ဟာ ချမ်း ချမ်းသာသာအိပ်စက်ရတယ် ဆိုတဲ့အဓိပ္ပာယ်မရပါဘူးတဲ့၊ဆင်း ဆင်းရဲရဲပဲ အိပ်စက် ရပါတယ်။
တကယ်လည်းပဲ လောဘ၊ဒေါသ၊မောဟ ဆိုတာ တွေရဲ့အ နှောင့်အယှက်ကြောင့် ထိုပုဂ္ဂိုလ်ဟာ ဘယ်တော့မှ ချမ်းချမ်းသာသာ အိပ်စက်ရမှာ မဟုတ်ဘူး။
စိတ်ထဲမှာ အလိုမကျမှု တွေ နဲ့ လုံးထွေးပြီးတော့စိတ်နှလုံးဟာ ပူ ပန်နေသည့်အတွက်ကြောင့် စိတ် ငြိမ်းချမ်းမှု ဆိုတာ လုံးဝမရနိုင်ဘူးတဲ့။
အေး၊ဒါကြောင့်မို့ မြတ်စွာဘုရား သခင်ကိုယ်တော် မြတ် က ချမ်း သာစွာ အိပ်စက်ရတယ် ဆိုတဲ့ တကယ့် အဓိပ္ပာယ် ဟာ နှလုံးသား အေးချမ်းမှု ရှိမှ ချမ်းသာစွာ အိပ် စက်ရတယ်။
ရာဂ၊ဒေါသ၊မောဟစတဲ့ကိလေ သာ တွေချုပ်ငြိမ်းမှ သာ လျှင် တ ကယ့်ကို အေးချမ်းတယ် ဆိုတာ ကို ပြောလို့ရမယ်။
ချမ်းသာစွာ အိပ်စက်ရတယ် ဆိုတဲ့ ပုဂ္ဂိုလ်ဟာ တကယ့်ကို ရာဂ၊ဒေါသ၊မောဟ ငြိမ်းချမ်းတဲ့ ပု ဂ္ဂိုလ်မှသာ ဖြစ်နိုင်တယ်ပေါ့။
အေး၊လောကမှာ အိပ်မရလို့ အိပ် ဆေး သောက် အိပ်ရတဲ့ လူတွေကော မရှိဘူးလား။
အေး၊ သောကတွေဖြစ်နေလို့ တစ်ညလုံး အိပ်မပျော် ဘူးတဲ့။
အဲဒီ အပူတွေကြောင့် အိပ်မရလို့ အိပ်ဆေး သောက်ပြီး တော့ အိပ်နေကြရတယ်။
အိပ်ဆေးဟာ တကယ့်အဖြေမ ဟုတ်ဘူး။
တကယ့်အိပ်ဆေး က တော့ မြတ် စွာဘုရားရဲ့ တရားတော် သာဖြစ်တယ်ပေါ့။
ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီတရား ကို လိုက်နာ ကျင့်ကြံ ကြိုးကုတ် အား ထုတ်မယ်ဆိုလို့ရှိရင် လောဘတွေ လျော့ချနိုင်မယ်၊ဒေါသတွေလျော့ချနိုင်မယ်၊မောဟတွေလျော့ ချနိုင်မယ်။
နောက်ဆုံး လောဘ၊ဒေါသ၊မော ဟ တွေ ကင်းပြီးတော့ နှလုံးသားရဲ့ပူလောင်မှုတွေ အကုန် ကင်းသွားရင် ဘယ်နေရာနေနေ စိတ် နှ လုံးဟာ အေးချမ်း နေမှာပဲ ဖြစ်တယ်။
ဒါကြောင့်မို့တရားချစ်ခင်သူတော် စင် ပရိသတ် အပေါင်းတို့၊တို့တစ် တွေဟာ စိတ်နှလုံး အေးချမ်း သာ ယာမှု ရှိမှသာလျှင် ချမ်း သာစွာ အိပ်စက် ရတယ် ဆိုတဲ့ အဓိပ္ပာယ်ကို အပြည့်အဝ ရကြ ရမှာ ဖြစ်တယ်။
သာမန်အားဖြင့် ကြည့်ပြီးတော့ တို့တစ်တွေ ဟာ ချမ်းသာစွာ အိပ် စက်ရတယ် လို့ဖြေလို့ရှိရင်မပြည့် စုံတဲ့စကားမျိုး သာဖြစ်တယ် ပေါ့
အေး၊အဲဒီလို သဘောကျပြီးတော့ တို့တစ်တွေချမ်းချမ်းသာသာအိပ် စက်ရခြင်းရဲ့ အဓိပ္ပာယ် ပြည့် စုံအောင် ဘာလုပ်ရမလဲ။
နှလုံးသားကို ပူလောင်စေတတ်တဲ့ ရာဂတွေ ဖယ်ရှားဖို့ ကြိုးစားရမယ်၊ဒေါသတွေဖယ်ရှားဖို့ ကြိုး စားရမယ်၊ မောဟတွေ ဖယ်ရှားဖို့ ကြိုးစား ရမယ်။
ကဲ၊ကြိုးစားပြီ ဆိုတဲ့အခါ မှာ ရာ ဂကို ဘာနဲ့ ဖယ်ရှားမလဲ၊ ရာဂကို ဖယ်ရှားဖို့ရာအတွက် နံ ပါတ်(၁) က ဘုန်းကြီးတို့ တစ်တွေ ရာဂဟာ ဘာကြောင့် ဖြစ်နေသလဲလို့ ဆိုရင် တင့်တယ်မှုလို့ စိတ်က အာ ရုံပြုနေသည့်အတွက်ကြောင့် “သုဘနိမိတ်” ကို အာရုံပြုထားသည့် အတွက် ကြောင့် ရာဂဟာ တိုး သည်ထက်တိုးလာတာဖြစ်တယ်။
ဒါကြောင့်မို့လို့ မတင့်တယ်ဘူး လို့ ဆိုတဲ့ အသုဘ ကမ္မဌာန်း(အေး၊ ဗမာစကားထဲမှာ အသုဘ ဆိုလို့ရှိရင် မသာသွား သွားပြီး သတိရနေ တာမျိုး ဖြစ်တတ်တယ်နော်။အဲဒါကိုပြောတာ မဟုတ်ဘူး)ကို မိမိတို့ အသက်ရှင်လျက်ဖြစ်သော်လည်း ခန္ဓာကိုယ် မှာ တင့်တယ်မှု မရှိတာ တွေကို ဆင်ခြင် စဉ်းစား ရမယ်တဲ့။
ရွံရှာဖွယ်သဘောတွေကိုဆင် ခြင် စဉ်းစား တတ် ရမယ်။
ဘယ်လို ဆင်ခြင်စဉ်းစား တတ်ရမလဲဆိုရင် ကြည့်လေ၊ကိုယ့်ခ န္ဓာကိုယ်ဟာ မတင့်တယ်ဘူး၊ ရွံစဖွယ် ဆိုတာဟာ အလွယ်လေးနဲ့ စဉ်းစား လို့ ရတယ်။
ခန္ဓာကိုယ်ရဲ့သဘာဝဟာတ ကယ် တော့ လှပ တင့်တယ် တာ မဟုတ် ဘူး၊ အပြင်က ဝတ်စား ဆင်ယင် တာတို့၊ဖီးလိမ်းတာတို့ ဒါတွေကြောင့် မို့လို့ လူတွေဟာ လူကြားထဲမှာ ဝင်လို့ရတာ နော်။
အေး၊အဲဒီလို မတင့်မတယ် ရွံစဖွယ်သဘော တွေ ကိုဆင်ခြင်စဉ်း စားရင်းဖြင့်၊ အသုဘသညာ ကို နှလုံး သွင်းခြင်းဖြင့် ရာဂကို ဖယ် ရှားနိုင်တယ်တဲ့။ရာဂ ကို လျှော့ချနိုင်တယ်။
ရာဂ လျော့ကျသွားတာနဲ့ တစ် ပြိုင်နက် နှလုံးသားရဲ့ ပူလောင်မှုတွေဟာ လျော့ကျ သွားမယ်။
လျော့ကျသွားတာနဲ့တစ်ပြိုင်နက် ချမ်းချမ်းသာသာ အိပ်စက်ရဖို့ ဖြစ်ပေါ်လာလိမ့်မယ်။
ထို့အတူပဲ ဘုန်းကြီးတို့ တစ်တွေရဲ့ နှလုံးသား ထဲ မှာ မုန်းတီးမှု တွေကို သိမ်းထားမယ်ဆိုလို့ရှိရင် နှလုံး သားဟာ အမုန်းတရားတွေ လွှမ်းမိုး နေသည့်အတွက် ကြောင့် ဘယ်တော့မှ ချမ်းသာမှာ မဟုတ်ဘူး တဲ့။
အဲဒီ အမုန်းတရားတွေကို ဖယ်ရှားနိုင်ဖို့အတွက် မေတ္တာ သက်ဝင် ချစ်ခင် စေတတ်တဲ့မေတ္တာတ ရား ကို ပွားများအားထုတ်ကြရမယ်။
မေတ္တာနှလုံးသားနဲ့ အစားထိုးပြီး နေနိုင်မှသာ လျှင် အမုန်းတရားတွေ ကင်းစင် သွား လိမ့် မယ်။
မေတ္တာသက်ဝင်ချစ်ခင်တဲ့၊ ကြည် လင် အေးမြတဲ့ စိတ်ဓာတ်ကို ရရှိလာတဲ့ အခါမှာ ချမ်းချမ်း သာ သာ အိပ်စက်ရမှု ဆိုတာ ဖြစ်ပေါ် လာမှာပါ။
အဲဒီလို မဟုတ်ဘဲနဲ့ အမုန်းတရားတွေ နှလုံးသား ထဲမှာ ထားမယ် ဆိုလို့ရှိရင် ချမ်းချမ်းသာသာ အိပ် စက်ရမှု ဆိုတာ ဘယ်တော့မှရမှာ မဟုတ်ဘူး တဲ့။
ထို့အတူပဲ အသိဉာဏ်ကင်းမဲ့နေကြမယ် ဆိုလို့ရှိရင် လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြား မသိဘူး။
မသိသည့်အတွက်ကြောင့် မလုပ်သင့်တာတွေ လုပ်လိမ့်မယ်။
လုပ်သင့်တာတွေကို မလုပ်ဘူးလို့ဆိုလို့ရှိရင်ပြဿနာ တွေတက်မယ်။
ပြဿနာတွေတက်ရင် ထိုပြ ဿနာကြောင့် စိတ်တွေက တည်ငြိမ်မှုမရဘူးတဲ့။
မောဟကြောင့် ဖြစ်ပေါ်လာ တဲ့ ရင်ထဲမှာ ပူနွေးစေတဲ့ အခြေအနေ မျိုးတွေ ရောက် လာတယ်။
ဒါကြောင့်မို့ အဲဒီမောဟကို ပယ်ဖျောက် ဖို့ရာအတွက် အသိပညာရအောင် ကြိုးစားကြရမယ်။
အသိပညာ ရဖို့ရာအတွက်တ ရားနာရမယ်၊တရားစာ အုပ် တွေ ဖတ်ရမယ်။
သုတမယဉာဏ်ရမယ်၊ ကမ္မဋ္ဌာန်းတရားအားထုတ် ရမယ်၊ အား ထုတ်လို့ရှိရင် ဘာဝနမယဉာဏ် တွေ ရလာမယ်။
သုတမယပညာ၊ဘာဝနာမယပ ညာဒီပညာနှစ်ခုနဲ့မောဟကိုလျော့ ချနိုင်တာပေါ့။
နောက်ဆုံးမှာသဘာဝတရား တွေ ရဲ့ အစစ်အမှန် ကို သိမြင်ခြင်းဖြင့် မှန်မှန်ကန်ကန် စဉ်းစား တွေးခေါ် နိုင် တဲ့ အသိဉာဏ်ကို ရရှိခြင်းဖြင့်
သင်္ခါရ တရားတွေ ရဲ့မမြဲတဲ့ သ ဘောတွေကို ဆင်ခြင် စဉ်းစားခြင်းဖြင့်
ဘုန်းကြီးတို့တစ်တွေဟာပူလောင် မှုတွေရော၊ တပ်မက်မှု တွေရော အားလုံးကို လျော့ချ သွားနိုင် ပါ လိမ့်မယ်တဲ့။
အဲဒီလို ပူလောင်မှုတွေ၊တပ်မက်မှုတွေ လျော့ချ သွားနိုင်တာနဲ့ တစ် ပြိုင်နက် ချမ်းသာစွာ အိပ် စက်ရမှု ဆိုတာ ရရှိလာမှာဖြစ်ပါတယ်။
ရာဂ၊ဒေါသ၊မောဟဆိုတဲ့ အခြေခံ အကုသိုလ်တရား (၃)ပါးကို ဖယ် ရှားပစ်ခြင်းဖြင့်အခြားအကုသိုလ် သဘာဝတရားတွေကိုလည်း ဖယ် ရှား နိုင်မှာဖြစ်တယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ
CrdKhin Sandar Soe Htut..
Zawgyi
အိပ်တဲ့အခါ စိတ်နှလုံး ချမ်းသာစွာ အိပ်စက်ရအောင် ဘယ်လိုလုပ်ရမလဲ..