▪ေအးခ်မ္းမယ္လို႔ ထင္ထားတဲ့ အရာေတြက ပူေလာင္မႈေတြနဲ႔ ျပည္တည္ေနတတ္တယ္။
▪️သာယာမယ္လို႔ ထင္ထားတဲ့ အရာေတြက ေအာင့္သက္သက္နဲ႔ အႀကိတ္အခဲကို ျဖစ္ေစ တယ္။
▪️ၾကင္နာစရာလို႔ ထင္ထားတဲ့ အရာေတြက နာက်င္စရာေတြရဲ႕ အေျခခံအုတ္ျမစ္ ျဖစ္ေန တယ္။
▪️ေမတၱာ က႐ုဏာလို႔ ေျပာတဲ့အရာေတြက ႀကိဳးတစ္ေခ်ာင္းလို ေနရာတိုင္းကိုခ်ည္ေႏွာင္ဖို႔ ႀကိဳးစားေနတယ္။
▪️နားလည္မႈ ခြင့္လႊတ္မႈလို႔ ေျပာတဲ့အရာ ေတြက သံသယႀကီးထြားမႈသို႔ ဦးတည္ေန တယ္။
▪️ခ်စ္ပါတယ္ ခင္ပါတယ္ ဆိုတဲ့အရာေတြက အတၱကိုယ္ေရာင္ ကိုယ္ဝါေတြနဲ႔ ကိုယ္လိုရာ ဆြဲငင္ယူေနတယ္။
▪️ေတြ႕ရတာ ကံေကာင္းတယ္လို႔ ထင္ထားတဲ့ အရာေတြက မေတြ႕ခဲ့ရရင္ ေကာင္းမွာပဲ ဆိုတဲ့ အေတြးသို႔ ေျပာင္းလဲေစတယ္။
▪”ေရစက္ရွိလို႔ပါ”လို႔ ဆိုတဲ့အရာေတြက ဝဋ္ေႂကြးတစ္ခုကို ေပးဆပ္ေနရျခင္း ဆိုတဲ့ ျဖစ္စဥ္တစ္ခု ျဖစ္ေပၚလာတယ္။
▪️ေပ်ာ္ရမယ္လို႔ ထင္ထားတဲ့ အရာေတြက စိတ္ညစ္စရာေတြနဲ႔ပဲ နိဂုံးခ်ဳပ္မႈေတြ ျဖစ္ျဖစ္ သြားတယ္။
▪️”မေျပာေတာ့ဘူး”လို႔ ထိန္းထားတဲ့အရာ ေတြက မခံစားႏိုင္တဲ့အခါ ေျပာျဖစ္ေအာင္ ေျပာထြက္သြားတယ္။
▪️ယုံၾကည္ရမယ္လို႔ သတ္မွတ္ထားတဲ့ သူေတြက ေနာက္ေက်ာမွာ ဓားကိုင္ၿပီး ေစာင့္ေနတယ္။
▪️ေစတနာပါလို႔ ေျပာတဲ့သူေတြက ေဝဒနာေတြ ပိုေပးတဲ့သူေတြ ျဖစ္ေနတယ္။
▪️”ေအးခ်မ္းတယ္”လို႔ ထင္ထားတဲ့သူေတြ ဆီက မေအးခ်မ္းမႈေတြ ေတြ႕ေနရတယ္။
▪️ဂုဏ္သိကၡာပါလို႔ ပစပ္ကေျပာေျပာ ေနတဲ့သူေတြရွီမွာကိုပဲ သိကၡာတရားေတြ ရွာမေတြ႕ရျပန္ဘူး။
▪️သိပ္ခ်စ္တယ္လို႔ ထင္တဲ့သူေတြက ကိုယ့္ ကို သိပ္မုန္းတဲ့သူေတြ ျဖစ္သြားျပန္တယ္။
▪️ၾကာၾကာခိုင္ၿမဲမယ္လို႔ ထင္ထားတဲ့ အရာေတြက ပ်က္စီးမႈေတြ ျမန္ေနတယ္။
▪️မတည္ၿမဲဘူးဆိုတာ လက္ခံထားၾကေပမယ့္ တည္ၿမဲမႈကို ေမွ်ာ္လင့္ရင္း စိတ္ဆင္းရဲခံေနၾက တယ္။
▪️အျပင္ပန္းမွာ အလွတရားေတြ စီကာ ထားေပမယ့္ အတြင္းပိုင္းမွာ အလွတရားေတြ မေတြ႕ရဘူး။
▪ၿပဳံးျပလို႔ ခင္လွပါတယ္လို႔ ထင္ရတဲ့ သူေတြက ဒဏ္ရာေပးမယ့္ ရန္သူေတြ ျဖစ္ေနတယ္။
ဒီလိုနဲ႔ ဘဝဆိုတာ မာယာရင္ခြင္ႀကီး ပါလားလို႔ သေဘာေပါက္လာတယ္။
မာယာရင္ခြင္ႀကီးထဲမွာ စီးေမ်ာရင္း ကိုယ့္ရဲ႕ ေန႔ရက္ေတြကို ဘယ္လိုကုန္ဆုံးေစၾကမလဲ။
ဘဝကေတာ့ သူ႔မာယာနဲ႔ သူရွိေနမွာပဲေလ။
အဲဒီမာယာကို သာယာမေနဖို႔သည္သာ မိမိတို႔တာဝန္ ျဖစ္ပါတယ္။
Credit
Unicode
ဘဝရဲ့ မာယာများ
▪အေးချမ်းမယ်လို့ ထင်ထားတဲ့ အရာတွေက ပူလောင်မှုတွေနဲ့ ပြည်တည်နေတတ်တယ်။
▪️သာယာမယ်လို့ ထင်ထားတဲ့ အရာတွေက အောင့်သက်သက်နဲ့ အကြိတ်အခဲကို ဖြစ်စေ တယ်။
▪️ကြင်နာစရာလို့ ထင်ထားတဲ့ အရာတွေက နာကျင်စရာတွေရဲ့ အခြေခံအုတ်မြစ် ဖြစ်နေ တယ်။
▪️မေတ္တာ ကရုဏာလို့ ပြောတဲ့အရာတွေက ကြိုးတစ်ချောင်းလို နေရာတိုင်းကိုချည်နှောင်ဖို့ ကြိုးစားနေတယ်။
▪️နားလည်မှု ခွင့်လွှတ်မှုလို့ ပြောတဲ့အရာ တွေက သံသယကြီးထွားမှုသို့ ဦးတည်နေ တယ်။
▪️ချစ်ပါတယ် ခင်ပါတယ် ဆိုတဲ့အရာတွေက အတ္တကိုယ်ရောင် ကိုယ်ဝါတွေနဲ့ ကိုယ်လိုရာ ဆွဲငင်ယူနေတယ်။
▪️တွေ့ရတာ ကံကောင်းတယ်လို့ ထင်ထားတဲ့ အရာတွေက မတွေ့ခဲ့ရရင် ကောင်းမှာပဲ ဆိုတဲ့ အတွေးသို့ ပြောင်းလဲစေတယ်။
▪”ရေစက်ရှိလို့ပါ”လို့ ဆိုတဲ့အရာတွေက ဝဋ်ကြွေးတစ်ခုကို ပေးဆပ်နေရခြင်း ဆိုတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာတယ်။
▪️ပျော်ရမယ်လို့ ထင်ထားတဲ့ အရာတွေက စိတ်ညစ်စရာတွေနဲ့ပဲ နိဂုံးချုပ်မှုတွေ ဖြစ်ဖြစ် သွားတယ်။
▪️”မပြောတော့ဘူး”လို့ ထိန်းထားတဲ့အရာ တွေက မခံစားနိုင်တဲ့အခါ ပြောဖြစ်အောင် ပြောထွက်သွားတယ်။
▪️ယုံကြည်ရမယ်လို့ သတ်မှတ်ထားတဲ့ သူတွေက နောက်ကျောမှာ ဓားကိုင်ပြီး စောင့်နေတယ်။
▪️စေတနာပါလို့ ပြောတဲ့သူတွေက ဝေဒနာတွေ ပိုပေးတဲ့သူတွေ ဖြစ်နေတယ်။
▪️”အေးချမ်းတယ်”လို့ ထင်ထားတဲ့သူတွေ ဆီက မအေးချမ်းမှုတွေ တွေ့နေရတယ်။
▪️ဂုဏ်သိက္ခာပါလို့ ပစပ်ကပြောပြော နေတဲ့သူတွေရှီမှာကိုပဲ သိက္ခာတရားတွေ ရှာမတွေ့ရပြန်ဘူး။
▪️သိပ်ချစ်တယ်လို့ ထင်တဲ့သူတွေက ကိုယ့် ကို သိပ်မုန်းတဲ့သူတွေ ဖြစ်သွားပြန်တယ်။
▪️ကြာကြာခိုင်မြဲမယ်လို့ ထင်ထားတဲ့ အရာတွေက ပျက်စီးမှုတွေ မြန်နေတယ်။
▪️မတည်မြဲဘူးဆိုတာ လက်ခံထားကြပေမယ့် တည်မြဲမှုကို မျှော်လင့်ရင်း စိတ်ဆင်းရဲခံနေကြ တယ်။
▪️အပြင်ပန်းမှာ အလှတရားတွေ စီကာ ထားပေမယ့် အတွင်းပိုင်းမှာ အလှတရားတွေ မတွေ့ရဘူး။
▪ပြုံးပြလို့ ခင်လှပါတယ်လို့ ထင်ရတဲ့ သူတွေက ဒဏ်ရာပေးမယ့် ရန်သူတွေ ဖြစ်နေတယ်။
ဒီလိုနဲ့ ဘဝဆိုတာ မာယာရင်ခွင်ကြီး ပါလားလို့ သဘောပေါက်လာတယ်။
မာယာရင်ခွင်ကြီးထဲမှာ စီးမျောရင်း ကိုယ့်ရဲ့ နေ့ရက်တွေကို ဘယ်လိုကုန်ဆုံးစေကြမလဲ။
ဘဝကတော့ သူ့မာယာနဲ့ သူရှိနေမှာပဲလေ။
အဲဒီမာယာကို သာယာမနေဖို့သည်သာ မိမိတို့တာဝန် ဖြစ်ပါတယ်။
Credit