အစာစားပြီးနောက် အိပ်ချင်စိတ်ဖြစ်ကာထိုင်းမှိုင်းလေးလံ ခြင်းကို ခံစားရတာဟာသဘာဝဖြစ်တယ် ထိုကဲ့သို့ ဖြစ်ရခြင်း အ ကြောင်းရင်းနှင့် ပတ်သက်ပြီး သီအိုရီအ မျိုးမျိုး ရှိသော်လည်း ယေ ဘုယျအားဖြင့်တော့အစာချေ ဖျက်ခြင်းလုပ်ငန်းစဉ်များနှင့် အိပ် စက်ခြင်းစက်ဝန်းတို့ရဲ့ ရလဒ် ကြောင့် ဖြစ်နိုင်တယ်လို့ပညာရှင်များက လက် ခံထားကြပါတယ်။
စားသုံးသည့် အစားအစာ၊ အချိန် နှင့် ပမာဏစတဲ့ အချက် ၃ ချက် ပေါ်မူတည်ပြီး လေးလံထိုင်းမှိုင်း ခြင်း သိသိသာသာသော်လည်း ကောင်း၊ မသိမသာသော်လည်း ကောင်း ခံစားရနိုင်ပါတယ်။ ကာဗို ဟိုက်ဒရိတ်နှင့်ပရိုတင်းကြွယ်ဝတဲ့ အစားအစာကို စားပြီးနောက်မှာ အိပ်ချင်စိတ် ပိုဖြစ်တတ်ပါတယ်။ ထိုအစာအုပ်စု နှစ်မျိုးကို စားသုံး လိုက်တဲ့အခါ ခန္ဓာ ကိုယ်တွင်းမှာ စိတ်အခြေ အ နေနှင့် အိပ်စက်ခြင်းစက်ဝန်းကိုထိန်း ညှိပေးတဲ့ ဓာတု ပစ္စည်း ဆီရိုတိုနင် ထုတ်လုပ်မှုမြင့်တက်လာကာအိပ် ငိုက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။
နောက်တစ် ချက်အနေနဲ့ စားသုံးလိုက်တဲ့ အစာ ပမာဏ အနည်းအများအလိုက် အိပ်ချင်စိတ် ဖြစ်ပေါ်စေပါတယ်။ ဥပမာ နေ့လယ် စာကို ပမာဏများ များ ဗိုက်တင်းကားအောင် စားမိ တဲ့ရက်တွေမှာ နေ့လယ်နေ့ခင်း ငိုက်မျဉ်းနေပါလိမ့်မယ်။ အစာစားခြင်းဟာသွေး တွင်းသကြားဓာတ်မြင့်တက်သွားစေပြီး စွမ်း အင် ရုတ်တရက် ထိုးကျသွားစေ တတ်ပါတယ်။ ညဘက်အိပ်ရေး ပျက်ထားပါက အ စာစားပြီးနောက် အိပ်ချင်စိတ် ပိုဖြစ်တတ်ပါတယ်။ နောက်ဆုံးအ ချက်အနေနဲ့ အစာ စားပြီးနောက် အိပ်ချင်စိတ်ဖြစ်ပေါ် ရခြင်းဟာ လူတစ်ဦးတစ်ယောက်စီရဲ့သ ဘာ ဝ ကိုယ်တွင်းနာရီ သံချက်ပေါ်မှာ မူတည်ပါတယ်။သဘာဝအ လျောက် လူသားတို့ရဲ့ စွမ်းအင် ခေတ္တရပ်စဲချိန်ဟာ နံနက် ၂ နာရီမှာ တစ်ကြိမ်၊ နေ့လယ် ၂ နာရီမှာ တစ်ကြိမ် ဖြစ်ပေါ်ပါ တယ်။ ထိုအ ချိန်တွေမှာ စွမ်းအင်ရုတ်တ ရက် ထိုးကျသွားသည့်အတွက် အိပ်ချင်စိတ် ဖြစ်ပေါ်ရခြင်းဖြစ် ပါတယ်။
ခန္ဓာကိုယ်ရဲ့ သဘာဝ ဖြစ်စဉ်အနေနဲ့ နေ့လယ်စာစားပြီး နောက် တစ်ရေးတမော အိပ်ချင် စိတ် ဖြစ်တတ်ပါတယ်။ သတိပြု ရန်မှာ အချို့သော ကျန်းမာရေး ပြ ဿနာများ (အစားအစာအချို့ နှင့် ဓာတ်မတည့်ခြင်း၊ အူလမ်း ကြောင်းဆိုင်ရာ ရောဂါ၊ သွေး အားနည်းရောဂါ၊ ဆီးချိုသွေးချို ရောဂါ)တို့ဟာအစာစားပြီးနောက် အလွန်အမင်း လေးလံထိုင်းမှိုင်း ခြင်းကို ဖြစ်စေတတ်ပါတယ်။ အ စာစားပြီးနောက်လေးလံထိုင်း မှိုင်း ခြင်းဟာ နေ့စဉ် ရက်ဆက် ဖြစ် ပေါ်ပြီး လူမှုဘဝကို ထိခိုက် သည် အထိ ခံစားရပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်
Ref: Medical News
Zawgyi
ထမင်းစားပြီးနောက် ဘာကြောင့် အိပ်ချင်ရတာလဲ