Knowledge

ဘဝတစ်ခုကိုကိုယ်စားမွပုတဲ့ အသေဖွဲ့ပြသနာလေးတွေ

ဘဝတစ်ခုကိုကိုယ်စားမွပုတဲ့
အသေးအဖွဲ့ပြသနာလေးတွေအတွက်
အချိန်အကြာကြီးစိတ်ညစ်ခံနေဖို့မတန်ဘူး။

သဘောထားသေးသိမ်တဲ့သူတွေကို
သတိလက်လွှတ်ဒေါသနဲ့တုန့်ပြန်ပြီး
ကိုယ့်စိတ်ကိုပူလောင်ခံလိုက်ဖို့မတန်ဘူး။

ခံစားချက်ကိုအလိုလိုက်ပြီး
အခိုက်အတန့်တစ်ခုမှာပျော်နေရပေမယ့်
တစ်သက်လုံးနောင်တရနေရမယ်ဆိုရင်
ကိုယ့်ရဲ့ရှင်သန်ခြင်းဟာမတန်ဘူး။

အကြိမ်ကြိမ်နာကျင်စေတဲ့သူတွေကို
ဘဝထဲကအပြီးဆွဲမထုတ်နိုင်သေးဘူးဆိုရင်
ကိုယ်ကျခဲ့ရတဲ့မျက်ရည်ဟာမတန်ဘူး။

ကိုယ့်တန်ဖိုးနားမလည်သူတွေကို
အပင်ပန်းခံဖက်တွယ်ထားဖို့မတန်ဘူး။

ကိုယ့်ဆီကအကောင်းတွေကိုဘဲလိုချင်ပြီး
ကိုယ့်ရဲ့အဆိုးတွေကို
သဘောရိုးနဲ့တောင်
လက်ခံမပေးနိုင်တဲ့သူတွေကို
ဆက်ချစ်နေရတာမတန်ဘူး။

ကိုယ့်ဘက်ကအမြဲအလျော့ပေးမှ
တည်မြဲနိုင်မယ့်ဆက်ဆံရေးတွေနဲ့
ကိုယ့်ဘက်ကတင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ထားမှ
အခိုက်အတန့်တစ်ခုအထိတည်မြဲမှာဖြစ်ပြီး
တကယ်လို့ကိုယ့်ဘက်ကလွှတ်လိုက်တာနဲ့
အချိန်မရွေးပြတ်တောက်သွားနိုင်တဲ့လက်မျိုးကို
အမြတ်တနိုးနဲ့ဆွဲထားရတာမတန်ဘူး။

ဖုန်းအဝင်ကောလေးတစ်ချက်တောင်မလာ
မီးစိမ်းလေးတွေ့ရင်တောင်
အဆင်ပြေလားလို့တစ်ခွန်းမေးဖော်မရဘဲ
မခေါ်ချင်လို့မသိချင်ယောင်ဆောင်နေသူတွေကို
ကိုယ့်ဘက်ကအမြဲတမ်းစခေါ်နေဖို့မတန်ဘူး။

ငါဒီလိုလုပ်လိုက်လို့
ငါဒီလိုပြောလိုက်လို့
သူများဘာဖြစ်သွားမလဲ
ဘာတွေများထိခိုက်သွားမလဲလို့
တစ်ဖက်သားအတွက်
နည်းနည်းမှထည့်မစဉ်းစားဘဲ
ကိုယ့်အဆင်ပြေဖို့ဘဲအမြဲကြည့်တတ်တဲ့သူမျိုးကို
စိတ်ရင်းကြီးနဲ့တကယ်နှစ်ပြီး
အလေးအနက်ထားပေါင်းဖို့မတန်ဘူး။

ဘာမျော်လင့်ချက်မှမထားဘဲ
တတ်နိုင်သလောက်ပေးလိုက်တာကောင်းပါတယ်။
စိတ်ကောင်းရှိတဲ့သူကို
ကံကောင်းခြင်းတွေကပြန်ကူညီမှာပါ။

ဒါပေမယ့်သိထားဖို့က

လောကကြီးမှာ
အများကြီး ချစ်တာနဲ့မတန်တာတွေရှိတယ်……..

အများကြီး ရှင်းပြလိုက်ဖို့မတန်တာတွေရှိတယ်………..

အများကြီး စေတနာထားလိုက်ဖို့မတန်တာတွေရှိတယ်…..

အများကြီး ပေးဆပ်လိုက်ဖို့မတန်တာတွေရှိတယ်……….

အများကြီး ဖက်တွယ်ထားဖို့မတန်တာတွေရှိတယ်……….

အများကြီး မျော်လင့်ထားဖို့မတန်တာတွေရှိတယ်………..

အများကြီး မျက်ရည်ကျဖို့မတန်တာတွေရှိတယ်……….

အများကြီး စိတ်ထဲထည့်ထားဖို့မတန်တာတွေရှိတယ်…….

အရှင်ဇဝန သူ့စိတ်ကြိုက်စာပေများ