မွေးနေ့မှာ ရန်ပုံငွေရှာပြီး ကင်ဆာရောဂါသည်တွေအတွက် လှူခဲ့တဲ့ကလေးနှစ်ယောက်
သင့်အသက် (၁၀)နှစ်ပြည့် မွေးနေ့တုန်းက ဘာတွေလုပ်ဖူးလဲ?? ။ ပြန်စဉ်းစားကြည့်တော့ စဉ်းစားလို့တောင်မရပါဘူး။ (၁၀)နှစ်ဆိုတဲ့အရွယ်ဟာ သူငယ်ချင်းတွေနဲ့ ကစားလို့ကောင်းတုန်း ဘာအပူအပင်မှ မရှိတဲ့အရွယ်မို့လား။ အဲဒီအရွယ်တုန်းက မွေးနေ့လုပ်ဖို့ မပြောနဲ့ မွေးနေ့လက်ဆောင်တောင်းဖို့တောင် မေ့နေတတ်တာမျိုးလေ။
ဒါပေမယ့်လည်း အသက် (၉)နှစ်အရွယ်သာ ရှိကြသေးတဲ့ ရိုမီ ပီယာ့စ်နဲ့ ရိုင်လေ ဘာဟာရာ တို့ကတော့ သူတို့ရဲ့ (၁၀)နှစ်ပြည့် မွေးနေ့မှာ လူအများအတွက် အကျိုးရှိတဲ့ အရာတစ်ခုခု လုပ်ဖို့ စိတ်ကူးရှိခဲ့ကြပါတယ်။
သူတို့နှစ်ယောက်သား တိုင်ပင်ပြီးတဲ့နောက်မှာတော့ အဖြေထွက်လာခဲ့တာပါ မွေးနေ့မှာ မိဘတွေနဲ့ သူငယ်ချင်းတွေဆီက အလှူငွေတွေကောက်ခံပြီး အကျိုးရှိမယ့် တစ်နေရာမှာ လှူဒါန်းဖို့ပါပဲ။
သူတို့က ကင်ဆာရောဂါသည်တွေအတွက် ရောဂါရှာဖွေပေးတဲ့ စင်တာ တစ်ခုမှာ သွားရောက်လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပြီး သူတို့ရဲ့ အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ရိုမီနဲ့ ရိုင်လေ တို့ဟာ သူတို့ရဲ့ အစီအစဉ်အကြောင်းကို မိသားစုတွေသိအောင် ပြောပြခဲ့ပြီး သူတို့ရဲ့ မိဘတွေက သားငယ်လေးတွေရဲ့ သိတတ်မှုအပေါ် ဂုဏ်ယူခဲ့ကြတာပါ။
ရိုမီရဲ့မွေးနေ့က ဇူလိုင်(၂၆)မှာဖြစ်ပြီး ရိုင်လေရဲ့မွေးနေ့ကတော့ သြဂုတ်လ (၉)ရက်နေ့မှာပါ။ သူတို့နှစ်ယောက်က အဲဒီနေ့ မတိုင်ခင်အထိ မွေးနေ့အတွက် ရန်ပုံငွေတွေကောက်ခံကြမှာဖြစ်ပြီး စုစုပေါင်းရရှိမယ့် ငွေကြေးပမာဏကို ကင်ဆာရောဂါသည်တွေအတွက် ကူညီပေးမှာပါ။
ရိုမီရဲ့ မိခင်ဖြစ်သူ ခရစ္စတီကတော့ သူ့ရဲ့သားတော်မောင်အတွက် ဂုဏ်ယူနေပါတယ်။ အသက် (၃၅)နှစ်အရွယ် ခရစ္စတီက သားအိမ်ခေါင်းကင်ဆာ ရှိနေတယ်လို့ သံသယရှိနေပြီး စစ်ဆေးမှုတွေ ခံယူနေရသူပါ။
“ရိုင်လေနဲ့ ရိုမီတို့နှစ်ယောက် ဇန်နဝါရီ (၂၉)ရက်နေ့တုန်းက သူတို့ကျောင်းမှာ တိုင်ပင်လာခဲ့ကြတာပါ။ သူတို့က သူတို့မွေးနေ့ကျရင် ဘာလုပ်ချင်တယ်ဆိုတာ ကျွန်မတို့ကို အသိပေးခဲ့တယ်။ သူတို့က မွေးနေ့မှာ တခြားသူတွေကို ကူညီချင်တယ်။ သူတို့ လုပ်ချင်တာတွေအကုန်လုံးကို စီစဉ်လာခဲ့ကြတယ်” လို့ ခရစ္စတီ က ဆိုပါတယ်။
ရိုင်လေကလည်း သူ့ရဲ့မိခင်ကို သူတို့ရဲ့အစီအစဉ်အကြောင်း ပြောပြခဲ့ပြီး သူ့ရဲ့မိသားစုဝင်တွေဆီကနေလည်း အလှူငွေတွေ ရခဲ့ပါတယ်။
ရိုင်လေနဲ့ရိုမီ တို့ရဲ့ မျှော်မှန်းပမာဏ က ပေါင်(၃၀၀၀)ဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူတို့က (၇၀၇)ပေါင်အထိ ရရှိထားခဲ့ကြပါပြီ
Unicode