Uncategorized

ယူဂန္ဓာနိုင်ငံတွင် ပြိုင်ပွဲဝင်နေသည့် ကြက်တောင်မယ် သက်ထားသူဇာနှစ်ပွဲဆက်အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်

ရန်ကုန်၊ ဖေဖေါ်ဝါရီ – ၂၁

ယူဂန္ဓာနိုင်ငံတွင် နိုင်ငံတကာကြက်တောင်အာကစားပြိုင်ပွဲဝင်နေသည့် ကြက်တောင်အားကစားမယ် သက်ထား သူဇာသည် ယခုလ၂၁ ရက်က ရှုံးထွက်ပထမအဆင့်နှင့် ဒုတိယအဆင့်တို့၌ ပြိုင်ဘက်ကစားသမားများကို အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်တက်ရောက်ခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖေါ်ပြ ထားသည်။

မြန်မာနိုင်ငံကိုယ်စားပြုကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ပြိုင်ပွဲပထမအဆင့်တွင် မော်လိဒိုက် ကစားသမား သီမက်နာဘက်ရှ်ကို ၂၁-၁၅၊၂၁-၉ ဖြင့် လည်းကောင်း ဒုတိယအဆင့်တွင် အီရန်ကစားသမားကို ၂၁-၁၉၊၂၂-၂၀ မှတ်ဖြင့်လည်းကောင်း နှစ်ပွဲပြတ်များ အနိုင်ရကာ ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်းဖြစ် သည်။

ယူဂန္ဓာနိုင်ငံတွင် ကျင်းပသည့် ယခုပြိုင်ပွဲကို ကြက်တောင်အားကစားမယ်သက်ထားသူဇာအနေဖြင့် ယမန်နှစ် ကလည်းဗိုလ်စွဲဖူးကာ ယခုပြိုင်ပွဲပြီးလျှင် နောက်ထပ်နိုင်ငံခြောက်နိုင်ငံသို့သွားရောက်ကာ နိုင်ငံတကာပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်မည်လည်းဖြစ်သည်။

ကြက်တောင်အားကစားမယ်သက်ထားသူဇာသည် လက်ရှိသွားရောက်ယှဉ်ပြိုင်နေသည့် ပြိုင်ပွဲများကို ကြက် တောင်အားကစားအဖွဲ့ချုပ်၏အထောက်အပံ့မပါဘဲ ကုမ္ပဏီများမှပေးသည့် စပွန်ဆာများဖြင့် သွားရောက်ယှဉ် ပြိုင်ခြင်းဖြစ်သည်။

Unicode