Knowledge

ဝေးလံခေါင်ဖျားတဲ့အရပ်ဒေသမှာ မိုင်းစတုန်းလေးတွေနဲ့ပေါင်းပြီး စာကြည့်တိုက်လေးဆောက်လုပ်လှူဒါန်းပေးခဲ့တဲ့ မောင်ချို”

မောင်ချိုလို့ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့ချမ်းမြေ့မောင်ချိုကတော့ ပွင့်လင်းရိုးသားတဲ့စကားပြောဟန်နဲ့ ကလေးဆန်တာတွေကြောင့် ပရိသတ်တွေအချစ်ပိုနေရသူတစ်ယောက်ပါ။မွေးရာပါထူးခြားတဲ့အသံကာလာလေးကို ပိုင်ဆိုင်ထားတာကလည်း မောင်ချိုရဲ့အားသာချက်တစ်ခုဖြစ်နေတာကြောင့် ပထမဆုံးထွက်ခဲ့တဲ့ စီးရီးမှာတင် ရောင်းအားအကောင်းဆုံးနေရာမှာ ရပ်တည်လာနိုင်ခဲ့တာဖြစ်ပါတယ်။

မောင်ချိုကတော့ အမာခံပရိသတ်အင်အားလည်းတောင့်တင်းတဲ့အပြင် ပရိသတ်တွေဆီကနေ ပထမဆုံးကားတစ်စီးလက်ဆောင်ရဖူးတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

မိုင်းစတုန်းတွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့မောင်ချိုကတော့ မကြာခဏလက်ဆောင်တွေလည်းရတတ်တဲ့အပြင် မနေ့ကလည်း မိုင်းစတုန်းလေးတွေနဲ့ပေါင်းပြီး အလှူတစ်ခုပြုလုပ်ခဲ့ပါသေးတယ်။အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေဖြစ်တဲ့ ပျော်ဘွယ်မြို့နယ်၊ကန်တဲကျေးရွာမှာ စာကြည့်တိုက်လေးဆောက်လုပ်လှူဒါန်းပေးခဲ့တာပါ

။မောင်ချိုကတော့ သူ့ရဲ့အလှူလေးနဲ့ပတ်သက်ပြီး “မောင်ချိုနဲ့ မိုင်းစတုန်းများ စုပေါင်းလှူဒါန်းသော ပျော်ဘွယ်မြို့နယ်၊ ကန်တဲကျေးရွာ စာကြည့်တိုက် ဖွင့်ပွဲအလှူ အခမ်းအနားသို့ တက်ရောက်၍ ဝမ်းသာပီတိစကားပြောကြားပြီး ဖွင့်ပွဲအမှတ်တရအနေနဲ့ သီချင်းလေးများနဲ့ ဖျော်ဖြေပေးခဲ့ပါတယ်။ဖေကြီး၊မေကြီး၊ကိုကြီးနဲ့ မောင်ချိုတို့မိသားစုက စာကြည့်တိုက်အတွက် အလှူငွေနဲ့ စာအုပ်များ ထပ်မံလှူဒါန်းခဲ့ကြပါတယ်။ ကျောင်းစာကြည့်တိုက်ဖြစ်မြောက်အောင် ဆက်သွယ်ကူညီပံ့ပိုးပေးတဲ့ မောင်ချိုရဲ့ အဖြူရောင်မေတ္တာရှင်လေးများ ပရဟိတအဖွဲ့လေးကိုလည်း ကျေးဇူးတင်ရပါတယ်” ဆိုပြီးရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မောင်ချိုကတော့ “နောင်များမှာလည်း မောင်ချို့ကိုချစ်တဲ့ မိုင်းစတုန်းလေးတွေနဲ့အတူ အမှန်တစ်ကယ်လိုအပ်နေတဲ့ နေရာများမှာ သည်ထက် ပိုပြီးလှူဒါန်းချင်ပါသေးတယ်ဗျာ” ဆိုပြီးတော့လည်း ရေးသားခဲ့ပါသေးတယ်။မိုင်းစတုန်းတွေရဲ့ ကလေးတစ်ယောက်လိုအလိုလိုက်ခြင်းကို ခံရတဲ့မောင်ချိုကတော့ ချစ်ရတဲ့ပရိသတ်တွေနဲ့အတူ အမြဲရေစက်ဆုံနိုင်အောင် စာကြည့်တိုက်အလှူလေးစုပေါင်းပြုလုပ်ခဲ့တဲ့အကြောင်း ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်

Unicode