အခ်စ္ဆိုတာ ခ်စ္သူေတြ ထားတိုင္းလည္း ေတြ႕ရတတ္တာမ်ိဳးလည္း မဟုတ္ပါဘူး။ အခ်စ္ဆိုတာ သိပ္ကို ဆန္းၾကယ္ပါတယ္။ သင့္ကို ပစ္ပစ္ခါခါ ေျပာၿပီး လမ္းခြဲသြားတာမ်ိဳးနဲ႔ သင့္ကို ဘာမွ ေရေရရာရာ မေျပာဘဲ လမ္းခြဲသြားတာမ်ိဳးလည္း ရွိတတ္ပါတယ္။
သင့္နဲ႔ မကိုက္ညီတဲ့ ခ်စ္သူေတြဆိုတာ သင့္နားမွာ ၾကာၾကာ ရွိေနမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ အခ်စ္ႀကီး ခ်စ္ခဲ့လို႔ အမုန္းႀကီး မုန္းမယ့္အစား ေက်းဇူးေတာင္ တင္သင့္ပါေသးတယ္။ ဘာလို႔လဲဆိုရင္ေတာ့….
(၁) ကံေကာင္းျခင္းေတြ ေပးသြားလို႔
မေကာင္းတဲ့သူေတြက ေကာင္းတဲ့သူေတြနားမွာ ၾကာၾကာ ရွိမေနႏိုင္ပါဘူး။ ဒါေၾကာင့္ သင့္ဆီမွာ မေနႏိုင္ၾကတာပါ။ သင့္ဘက္က အခ်စ္ေတြ ေပးခဲ့ေပးမယ့္ မထိုက္တန္တဲ့သူကေတာ့ ရမွာ မဟုတ္ပါဘူး။ ဒီလို မတူညီမႈက သင့္ကို ၾကာရင္ စိတ္ညစ္ရေစမွာပါ။
ခ်စ္သူ ျဖစ္ေနၿပီး စိတ္ဆင္းရဲမႈေတြ ရေနတာထက္စာရင္ သင့္ကို စြန႔္သြားတာက သင့္အတြက္ ပိုေကာင္းပါတယ္။ ဒါေၾကာင့္ သင္က မတူညီလို႔ အဆင္မေျပ ျဖစ္ေနတဲ့ စုံတြဲေတြထက္စာရင္ ကံေကာင္းတဲ့သူလို႔ ဆိုႏိုင္ပါတယ္။
(၂) ျမန္ျမန္ စြန႔္ခြာသြားလို႔
မေကာင္းတဲ့သူ သင့္ဆီက ျမန္ျမန္ ထြက္သြားတာ ေကာင္းပါတယ္။ တစ္ႏွစ္ပဲ အတူရွိခဲ့သည္ ျဖစ္ေစ၊ ႏွစ္ႏွစ္ပဲ အတူရွိသည္ ျဖစ္ေစ၊ သင့္အနားမွာ တစ္သက္လုံး ရွိမေနတာ ပိုေကာင္းတယ္ မဟုတ္လား။
သင့္အနားမွာ ရွိေနၿပီး ေဖာက္ျပန္တာေတြနဲ႔ သင့္ကို စိတ္ဆင္းရဲေအာင္ လုပ္ေနတာထက္ စာရင္ အခုလို ျပတ္သားသြားတာက သင့္အတြက္ ကံေကာင္းမႈ ပါပဲ။ သင္တို႔ ခ်စ္သူျဖစ္တဲ့ အခ်ိန္ထက္ ၾကာတဲ့အခ်ိန္အထိ စိတ္ညစ္ေစတာ မဟုတ္ဘဲ ျမန္ျမန္ ဇာတ္လမ္းျဖတ္သြားလို႔ ေက်းဇူးေတာင္ တင္သင့္ပါတယ္။
(၃) ပိုၿပီး သန္မာလာေစလို႔
အခ်စ္ႀကီး ခ်စ္လို႔ အမုန္းႀကီးမုန္းတာက သင့္ကို သက္သာေစမယ့္ အရာေတာ့ မဟုတ္ပါဘူး။ သင့္အတြက္ ပူေလာင္ေစတဲ့ အရာပဲမို႔ အေတြ႕အႀကဳံတစ္ခုလို မွတ္လိုက္တာက သင့္ကို အပူသက္သာေစမွာပါ။
ဒီလို အေျခအေနမ်ိဳး ရွိႏိုင္တယ္ဆိုတာနဲ႔ ဒီလို လူမ်ိဳးေတြ သင့္ဘဝထဲကို ဝင္လာတယ္ဆိုတဲ့ အသိေတြကို ဒီလို အေျခအေနေၾကာင့္ သင္ရသြားမွာပါ။ သင့္မွာ နာက်င္စရာ ရွိေလ သင္လည္း ပိုသန္မာေလပါပဲ။ ဒါေၾကာင့္မို႔ မုန္းမယ့္အစား ေက်းဇူးတင္လိုက္တာ သင့္ကို သက္သာရာ ရေစမွာပါ။
(၄) ကိုယ့္တန္ဖိုးကို သိေစလို႔
လူတစ္ေယာက္ ကိုယ့္ကို စြန႔္ခြာသြားတဲ့အခ်ိန္က ကိုယ့္ကိုယ္ကို ျပန္သိေစတဲ့ အခ်ိန္ပါပဲ။ ကိုယ္က လူတစ္ေယာက္အေပၚ ေကာင္းလား ဆိုးတတ္လားဆိုတာေတြအျပင္ ဘယ္လို အျပဳအမူေတြ လုပ္မိခဲ့လဲဆိုတာပါ ေတြးမိတဲ့အခ်ိန္လည္း ျဖစ္ပါတယ္။
သင္က သူ႔အေပၚ စိတ္သန႔္သန႔္နဲ႔ ခ်စ္ခဲ့ၿပီး ဆိုးခဲ့တာေတြကလည္း အျပစ္ျဖစ္စရာ မဟုတ္ဘဲ ခ်စ္သူလို႔ ေတြးၿပီး ဆိုးတာေတြ ဆိုရင္ သင္က ပိုၿပီးေတာင္ အဲ့လူအေၾကာင္း သိလာမွာပါ။ သင္နဲ႔ သူက ထိုက္တန္တဲ့ ခ်စ္သူ မဟုတ္တာကို သိလာရတာကလည္း အခုလို သူစြန႔္ခြာသြားလို႔ပါပဲ။
(၅) အခ်စ္စစ္နဲ႔ ဆုံႏိုင္လို႔
အခ်စ္က ဆန္းၾကယ္ပါတယ္။ ကိုယ္က အခ်စ္တုနဲ႔ ရွိေနလို႔ အခ်စ္စစ္ကို မျမင္ႏိုင္တာဆိုတဲ့ အေျခအေနလည္း ရွိေနတတ္ပါေသးတယ္။
အခ်စ္စစ္ဆိုတာ အဆင္မေျပတာေတြကို ညႇိႏႈိင္းသူ၊ ျပႆနာေတြကို အတူေျဖရွင္းသူနဲ႔ ဘာအေၾကာင္းနဲ႔မွ မထားခဲ့သူမ်ိဳး ျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္ကို စြန႔္ပစ္သြားတာက အခ်စ္စစ္မဟုတ္လို႔ အခ်စ္စစ္ကို ေတြ႕ဆုံဖို႔ သင့္မွာ အခြင့္အေရးေတြ ရွိေနပါတယ္ေနာ္။
Kham
Unicode
သင့်ကို ရက်ရက်စက်စက် ထားခဲ့သူကို ကျေးဇူးတင်ရမယ့် အကြောင်းအရင်းများ
အချစ်ဆိုတာ ချစ်သူတွေ ထားတိုင်းလည်း တွေ့ရတတ်တာမျိုးလည်း မဟုတ်ပါဘူး။ အချစ်ဆိုတာ သိပ်ကို ဆန်းကြယ်ပါတယ်။ သင့်ကို ပစ်ပစ်ခါခါ ပြောပြီး လမ်းခွဲသွားတာမျိုးနဲ့ သင့်ကို ဘာမှ ရေရေရာရာ မပြောဘဲ လမ်းခွဲသွားတာမျိုးလည်း ရှိတတ်ပါတယ်။
သင့်နဲ့ မကိုက်ညီတဲ့ ချစ်သူတွေဆိုတာ သင့်နားမှာ ကြာကြာ ရှိနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အချစ်ကြီး ချစ်ခဲ့လို့ အမုန်းကြီး မုန်းမယ့်အစား ကျေးဇူးတောင် တင်သင့်ပါသေးတယ်။ ဘာလို့လဲဆိုရင်တော့….
(၁) ကံကောင်းခြင်းတွေ ပေးသွားလို့
မကောင်းတဲ့သူတွေက ကောင်းတဲ့သူတွေနားမှာ ကြာကြာ ရှိမနေနိုင်ပါဘူး။ ဒါကြောင့် သင့်ဆီမှာ မနေနိုင်ကြတာပါ။ သင့်ဘက်က အချစ်တွေ ပေးခဲ့ပေးမယ့် မထိုက်တန်တဲ့သူကတော့ ရမှာ မဟုတ်ပါဘူး။ ဒီလို မတူညီမှုက သင့်ကို ကြာရင် စိတ်ညစ်ရစေမှာပါ။
ချစ်သူ ဖြစ်နေပြီး စိတ်ဆင်းရဲမှုတွေ ရနေတာထက်စာရင် သင့်ကို စွန့်သွားတာက သင့်အတွက် ပိုကောင်းပါတယ်။ ဒါကြောင့် သင်က မတူညီလို့ အဆင်မပြေ ဖြစ်နေတဲ့ စုံတွဲတွေထက်စာရင် ကံကောင်းတဲ့သူလို့ ဆိုနိုင်ပါတယ်။
(၂) မြန်မြန် စွန့်ခွာသွားလို့
မကောင်းတဲ့သူ သင့်ဆီက မြန်မြန် ထွက်သွားတာ ကောင်းပါတယ်။ တစ်နှစ်ပဲ အတူရှိခဲ့သည် ဖြစ်စေ၊ နှစ်နှစ်ပဲ အတူရှိသည် ဖြစ်စေ၊ သင့်အနားမှာ တစ်သက်လုံး ရှိမနေတာ ပိုကောင်းတယ် မဟုတ်လား။
သင့်အနားမှာ ရှိနေပြီး ဖောက်ပြန်တာတွေနဲ့ သင့်ကို စိတ်ဆင်းရဲအောင် လုပ်နေတာထက် စာရင် အခုလို ပြတ်သားသွားတာက သင့်အတွက် ကံကောင်းမှု ပါပဲ။ သင်တို့ ချစ်သူဖြစ်တဲ့ အချိန်ထက် ကြာတဲ့အချိန်အထိ စိတ်ညစ်စေတာ မဟုတ်ဘဲ မြန်မြန် ဇာတ်လမ်းဖြတ်သွားလို့ ကျေးဇူးတောင် တင်သင့်ပါတယ်။
(၃) ပိုပြီး သန်မာလာစေလို့
အချစ်ကြီး ချစ်လို့ အမုန်းကြီးမုန်းတာက သင့်ကို သက်သာစေမယ့် အရာတော့ မဟုတ်ပါဘူး။ သင့်အတွက် ပူလောင်စေတဲ့ အရာပဲမို့ အတွေ့အကြုံတစ်ခုလို မှတ်လိုက်တာက သင့်ကို အပူသက်သာစေမှာပါ။
ဒီလို အခြေအနေမျိုး ရှိနိုင်တယ်ဆိုတာနဲ့ ဒီလို လူမျိုးတွေ သင့်ဘဝထဲကို ဝင်လာတယ်ဆိုတဲ့ အသိတွေကို ဒီလို အခြေအနေကြောင့် သင်ရသွားမှာပါ။ သင့်မှာ နာကျင်စရာ ရှိလေ သင်လည်း ပိုသန်မာလေပါပဲ။ ဒါကြောင့်မို့ မုန်းမယ့်အစား ကျေးဇူးတင်လိုက်တာ သင့်ကို သက်သာရာ ရစေမှာပါ။
(၄) ကိုယ့်တန်ဖိုးကို သိစေလို့
လူတစ်ယောက် ကိုယ့်ကို စွန့်ခွာသွားတဲ့အချိန်က ကိုယ့်ကိုယ်ကို ပြန်သိစေတဲ့ အချိန်ပါပဲ။ ကိုယ်က လူတစ်ယောက်အပေါ် ကောင်းလား ဆိုးတတ်လားဆိုတာတွေအပြင် ဘယ်လို အပြုအမူတွေ လုပ်မိခဲ့လဲဆိုတာပါ တွေးမိတဲ့အချိန်လည်း ဖြစ်ပါတယ်။
သင်က သူ့အပေါ် စိတ်သန့်သန့်နဲ့ ချစ်ခဲ့ပြီး ဆိုးခဲ့တာတွေကလည်း အပြစ်ဖြစ်စရာ မဟုတ်ဘဲ ချစ်သူလို့ တွေးပြီး ဆိုးတာတွေ ဆိုရင် သင်က ပိုပြီးတောင် အဲ့လူအကြောင်း သိလာမှာပါ။ သင်နဲ့ သူက ထိုက်တန်တဲ့ ချစ်သူ မဟုတ်တာကို သိလာရတာကလည်း အခုလို သူစွန့်ခွာသွားလို့ပါပဲ။
(၅) အချစ်စစ်နဲ့ ဆုံနိုင်လို့
အချစ်က ဆန်းကြယ်ပါတယ်။ ကိုယ်က အချစ်တုနဲ့ ရှိနေလို့ အချစ်စစ်ကို မမြင်နိုင်တာဆိုတဲ့ အခြေအနေလည်း ရှိနေတတ်ပါသေးတယ်။
အချစ်စစ်ဆိုတာ အဆင်မပြေတာတွေကို ညှိနှိုင်းသူ၊ ပြဿနာတွေကို အတူဖြေရှင်းသူနဲ့ ဘာအကြောင်းနဲ့မှ မထားခဲ့သူမျိုး ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကို စွန့်ပစ်သွားတာက အချစ်စစ်မဟုတ်လို့ အချစ်စစ်ကို တွေ့ဆုံဖို့ သင့်မှာ အခွင့်အရေးတွေ ရှိနေပါတယ်နော်။
Kham