ေလေရာဂါအမ်ိဳးမ်ိဳးေၾကာင့္ အစာမေၾက၊ ရင္ျပည့္ရင္ကယ္၊ ေလထိုးေလေအာင့္ေရာဂါမ်ားအတြက္ ကိုယ္တိုင္လုပ္ေဆးနည္းေလးကို မွ်ေ၀ေပးလိုက္တယ္။
ပါ၀င္သည့္ပစၥည္းမ်ား –
(၁) သိေႏၶာဆား ၁၀ က်ပ္သား။
(၂) ဆားပုပ္ ၁၀ က်ပ္သား။
(၃) ဇ၀က္သာ ၁၀ က်ပ္သား။
(၄) ပဲခူးဆား ၁၀ က်ပ္သား (ရိုးရိုးဟင္းခတ္ဆား)။
(၅) ျမန္မာဆားခါး ၁၀ က်ပ္သား။
၄င္းဆားငါးမ်ိဳးကို ေလလံုေအာင္ ပုလင္းထဲတြင္ ေရာစပ္ထည့္ထား၍ လက္ဖက္စားဇြန္း၀က္ခန့္ကို ေရွာက္ရည္၊ သံပုရာရည္၊ ဆိုဒါရည္ တစ္မ်ိဳးမ်ိဳးႏွင့္ သင့္ရံုမွ် ေရာစပ္၍ မနက္၊ ေန့၊ ည တစ္ေန့ ၃ ၾကိမ္ ေသာက္ပါ။
ဆီးပူ၊ ဆီးေအာင့္၊ ဆီးထိုးေရာဂါအတြက္လည္း ၄င္းဆားငါးပါးေဆးကိုျမင္းခြါရြက္သတၳဳရည္ႏွင့္ ေရာစပ္၍ ေသာက္ေပးပါက ဆီးေရာဂါအမ်ိဳးမ်ိဳးကို သက္သာေပ်ာက္ကင္းေစပါသည္။
၄င္းဆားမ်ားကို မိမိတို့အနားမွာရွိသည့္ ပရေဆးဆိုင္မ်ားတြင္ အလြယ္တကူ ၀ယ္ယူရရွိႏိုင္ၾကပါသည္။ေရာဂါမ်ားကင္းစင္၍ က်န္းမာေပ်ာ္ရႊင္ႏိုင္ၾကပါေစ။
credit – ေစာႏြဲ ့ေနဆိုင္(ပူတာအို)
Unicode
ရင်ပြည့်ရင်ကယ်နှင့် လေရောဂါအမျိူးမျိူးအတွက် မြန်မာဆေးနည်း
လေရောဂါအမျိုးမျိုးကြောင့် အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ လေထိုးလေအောင့်ရောဂါများအတွက် ကိုယ်တိုင်လုပ်ဆေးနည်းလေးကို မျှဝေပေးလိုက်တယ်။
ပါဝင်သည့်ပစ္စည်းများ –
(၁) သိန္ဓောဆား ၁၀ ကျပ်သား။
(၂) ဆားပုပ် ၁၀ ကျပ်သား။
(၃) ဇဝက်သာ ၁၀ ကျပ်သား။
(၄) ပဲခူးဆား ၁၀ ကျပ်သား (ရိုးရိုးဟင်းခတ်ဆား)။
(၅) မြန်မာဆားခါး ၁၀ ကျပ်သား။
၎င်းဆားငါးမျိုးကို လေလုံအောင် ပုလင်းထဲတွင် ရောစပ်ထည့်ထား၍ လက်ဖက်စားဇွန်းဝက်ခန့်ကို ရှောက်ရည်၊ သံပုရာရည်၊ ဆိုဒါရည် တစ်မျိုးမျိုးနှင့် သင့်ရုံမျှ ရောစပ်၍ မနက်၊ နေ့၊ ည တစ်နေ့ ၃ ကြိမ် သောက်ပါ။
ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုးရောဂါအတွက်လည်း ၎င်းဆားငါးပါးဆေးကိုမြင်းခွါရွက်သတ္ထုရည်နှင့် ရောစပ်၍ သောက်ပေးပါက ဆီးရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါသည်။
၎င်းဆားများကို မိမိတို့အနားမှာရှိသည့် ပရဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ကြပါသည်။ရောဂါများကင်းစင်၍ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။
credit – စောနွဲ့နေဆိုင်(ပူတာအို)