Uncategorized

ဘဝဆိုတာ ဖိနပ်တစ်ရံလိုပါပဲလိုချင်တာတွေ များနေရင်ရင်မောရတတ်တယ်။

ဖြစ်ချင်တာတွေ များနေရင်စိုးရိမ်ရတတ်တယ်။မျှော်လင့်တာတွေ များနေရင်ပူပန်ရတတ်တယ်။မလိုအပ်တဲ့အရာကိုလည်းမခင်တွယ်မိစေနဲ့။

စိုးရိမ်သောကတွေကိုလည်းလိုတာထပ် မပိုနဲ့။မဖြစ်သေးတဲ့ ကိစ္စကိုတွေးပြီး သောက မရောက်ပါနဲ့။လောကဓံဆိုတာ…မလိုချင်တာတွေလည်းရလာတတ်တယ်။

မဖြစ်ချင်တာတွေလည်းဖြစ်လာတတ်တယ်။မမျှော်လင့်တာတွေလည်းကြုံရတတ်တယ်။ကိုယ်လိုချင်တာ မရလို့စိတ်ညစ်မနေပါနဲ့။ကိုယ်မလိုချင်တာ ရလို့စိတ်ညစ်တဲ့သူတွေလောကမှာ ဒုနဲ့ဒေး ရှိနေပါတယ်။အတိတ်ကရတဲ့ နာကျင်မှုကိုမေ့လိုက်ပါ။

ဒါပေမဲ့အဲဒီကနေရတဲ့ သင်ခန်းစာကိုဘယ်တော့မှ မေ့မပစ်လိုက်ပါနဲ့။ရင့်ကျက်မှုတွေ ရဖို့မျက်ရည်တွေနဲ့ ရင်းခဲ့ရတယ်။ခွင့်လွှတ်တတ်ဖို့သည်းခံစိတ်တွေ မွေးထားရတယ်။

နားလည်ပေးဖို့ဒေါသတွေ လျှော့ခဲ့ရတယ်။အဆင်ပြေသွားဖို့ဖြစ်ချင်တာတွေ စွန်လွှတ်ခဲ့ရတယ်။လူ့ဘဝ လူ့သက်တမ်းဆိုတာကဖိနပ်တစ်ရံလိုပါပဲ။

ရုပ်ဝတ္ထုတွေနောက် လိုက်ရင်းပျော်ရွှင်မှုတွေဆီ လျှောက်ရင်းပါးလျကုန်ကျရတာလေ။ဘဝဟာတိုတိုလေးမို့အမုန်းတရားတွေနဲ့ အချိန်ကုန်မခံပါနဲ့။

ပြောချင်တာကလောကဓံဆိုတာလူတိုင်း ကြုံနေကြရတာပါ။အောင်မြင်လိုက်ရှုံးနိမ့်လိုက်ပေါ့ဘယ်သူမှ တသမတ်တည်းမရှိနိုင်ပါဘူး။ဒါဟာ ဘဝပါပဲ။

ဘဝရဲ့တခဏကိုထာဝရလို့ မထင်လိုက်ပါနဲ့လို့ပဲပြောလိုက်ပါရစေ…

စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်စာပေများ ကို ဖတ်ချင်ရင်ကျွန်တော့် pageထဲကို အလည်လာဖို့ ဖိတ်ခေါ်ပါတယ်။ မူရင်းဆရာများကို လေးစားလျှက်ပါ………

CreditOriginalUploader

Zawgyi