လူ ပဲတစ်ခါတရံတော့ မှားမှာပေါ့ ။မှားပါ ဒါပေမဲ့ အမှားတွေ မများအောင်တော့ကြိုးစားရမယ်အမှားတွေနဲ့ နေသားကျသွားမှာ စိုးလို့ပါ
လူ ပဲတစ်ခါတရံတော့ အားငယ်တတ်တာပေါ့ ငယ် ပါ ဒါပေမဲ့ အချိန်တော်တော်များများကို အားငယ်မှုတွေနဲ့ အချိန်မကုန်အောင်တော့ ကြိုးစားရမယ် ကြာရင် အားတွေကုန်မှာ စိုးလို့ပါ !!
လူ ပဲတစ်ခါတရံတော့ မာန်မာနလေးတွေရှိမှာပေါ့ ရှိ ပါ ဒါပေမယ့် လူ့အသိုင်းဝိုင်းမှာ လူရာဝင်ဖို့အတွက် မာန်မာနကို ခဝါချနိုင်အောင်တော့ ကြိုစားရမယ်လူမှုဆက်ဆံရေးတွေ အဆင်မပြေမှာ စိုးလို့ပါ !!
လူ ပဲတစ်ခါတရံတော့ ကြွားချင်မှာပေါ့ ကြွား ပါ ဒါပေမယ့် ” အလေ့ “ကနေ အကျင့် ဖြစ်တဲ့အတွက် -ကြွားဝါချင်တဲ့စိတ်ကို ၊ချိုးနှိမ်ထားနိုင်အောင်တော့ ကြိုးစားရမယ် ကြွားဝါတတ်တဲ့ အလေ့အကျင့်ကြီး -ဖြစ်သွားမှာ စိုးလို့ပါ !!
လူ ပဲတစ်ခါတရံတော့ အချစ်အတွက်အသဲကွဲဖူးမှာပေါ့ !ကွဲ ပါ ဒါပေမယ့် မိမိဘဝ မိမိမယိုင်လဲအောင်တော့ ကြိုးစားရမယ် !ခံစားချက်တွေနောက်ကို လိုက်ရင်းနဲ့ ခံယူချက်တွေပါ ပျောက်ဆုံးသွားမှာ စိုးလို့ပါ !
လူ ပဲတစ်ခါတရံတော့ အတ္တလေးတွေ ရှိမှာပေါ့ ရှိ ပါ ဒါပေမယ့် ~ဘယ်သူသေသေ ” ငတေ “မာရင်ပြီးရောဆိုတဲ့ အတ္တ မျိုးမဖြစ်အောင်တော့ ကြိုးစားရမယ် !မိမိအတ္တဟာ သူတစ်ပါးတို့ရဲ့ မျက်ရည်တွေကို နင်းချေပြီးမှ ရတဲ့အတ္တ မျိုး ဖြစ်မှာ စိုးလို့ပါ !!
လူ ပဲတစ်ခါတရံတော့ သတိလက်လွတ်သွားတာမျိုး ရှိမှာပေါ့ !လွတ် ပါ ဒါပေမယ့် လွတ်သွားတဲ့ သတိတစ်ချက်ကြောင့် တစ်ဘဝလုံး ပေးဆပ်ရမဲ့ အခြေအနေမျိုး -မဖြစ်အောင်တော့ ကြိုးစားရမယ် !တစ်ချက် လွတ်တာလေးနဲ့ ပေးဆပ်ရတာတွေကထိုက်တန်မှု မရှိမှာစိုးလို့ပါ !!
လူ ပဲတစ်ခါတရံတော့ “အတင်း”ပြောချင်ပြောမိမှာပေါ့ ပြော ပါ ဒါပေမယ့် ” လူ “ဖြစ်နေလို့ ” အတင်း “ပြောတာ မဆန်းပေမဲ့ ” အတင်း” ပြောဖို့ ” လူ “ဖြစ်တာဆိုရင်တော့ ဆန်းသွားပါပြီ အဲဒီလို ဆန်းဆန်းပြားပြား ပုဂ္ဂိုလ်များမဖြစ်အောင်တော့ ကြိုးစားရမယ်တန်ဖိုးရှိတဲ့ အချိန်တွေကုန်မှာ စိုးလို့ပါ !!
လူ ပဲတစ်ခါတရံတော့ မျှော်လင့်ချက်တွေ မဲ့ချင်မဲ့မှာပေါ့မဲ့ ပါ ဒါပေမယ့် ကိုယ်မျှော်လင့်သလို ဖြစ်မလာတာလေး တစ်ခုတည်းနဲ့ မျှော်လင့်ချက်တွေကို အသေ မသတ်မိအောင်တော့ ကြိုးစားရမယ်မျှော်လင့်ချက်တွေ သေဆုံးသွားမှာ စိုးလို့ပါ !!
လူ ပဲမိမိဘဝ မိမိတိုးတက်အောင်ပျော်ရွှင်အောင် ၊ ငြိမ်းချမ်းအောင် ၊မပူလောင်ရအောင်၊ စိတ်ညစ်မှုကင်းဝေးအောင်၊မကောင်းမှုတွေ မဖြစ်အောင် ၊ကောင်းမှုတွေဖြစ်အောင်၊အစစ အရာရာ အဆင်ပြေ ချောမွေ့အောင်၊ထုဆစ်ပုံဖော်နည်း မိမိ တည်ဆောက်နိုင်အောင် ကြိုးစားသွားရမှာက မိမိတို့ လူသားတွေရဲ့ -တာဝန်တွေပဲ မဟုတ်ပါလား !!
CreditOriginalUploader
Zawgyi
ဖတ်ကြည့်ပါ တစ်ခုခုတော့ ရမယ်ထင်ပါတယ်