Knowledge

လူအများစုဘ၀မှာနောက်ကျမှ သင်ယူရတဲ့သင်ခန်းစာ(၅)ခု

၁။ မရေရာမသေချာတဲ့ ဘ၀ကို မဖြတ်သန်းပါနဲ့။

Warren Buffet က အလုပ်နဲ့ ပက်သက်ပြီး ဥပမာပေးထားပါတယ်။ အရေးကြီးဆုံးက အလုပ်မလိုအပ်သေးချိန်မှာ (လက်ရှိအလုပ်ကမထွက်ခင်) ကိုယ်လိုချင်တဲ့အလုပ်ကို အရင်တွေ့အောင်ရှာပါ။ လူတိုင်းကတော့ ကိုယ်နှစ်သက်မြတ်နိုးတဲ့အရာ၊ စိတ်ပျော်ရွှင်စေမယ့်အရာတွေပဲ လုပ်ချင်ကြတာပါ။ လက်ရှိအလုပ်မှာ ဘယ်လောက်ပဲမပျော်ရွှင်ဖြစ်နေပါစေ နောက်အလုပ်က အဆင်သင့်မဖြစ်ဘဲ ဘယ်တော့မှမပြောင်းပါနဲ့။

၂။ ဘ၀ကိုကြောက်ရွံ့မှုမရှိိစွာဖြတ်သန်းပါ။

Will Smith ကတော့ ဘ၀ဆိုတာ တိုတောင်းလှတဲ့အတွက်ကြောင့် ကြောက်ရွံထိန့်လန့်မှုတွေနဲ့ မရှင်သန်ဖို့ ပြောထားပါတယ်။ ကြောက်ရွံထိန့်လန့်မှုတွေဆိုတာ အပြင်လက်တွေ့ဘ၀မှာ မရှိိနိုင်တဲ့အရာတွေကို အတွင်းစိတ်ကတွေးပြီး ကြောက်နေတဲ့အရာတွေသာ ဖြစ်ပါတယ်။ ကြောက်ရွံမှုကြောင့် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲအန္တရယ်ကသာ အစစ်ဖြစ်တယ်။ ကြောက်ရွံနေမလား နောက်ဆက်တွဲအန္တရယ်ကို လက်ခံမလား ဆိုတာကတော့ ကိုယ့်ရွေးချယ်မှုနဲ့ဘဲ ဆိုင်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်ထဲက ကြောက်ရွံ့ထိန့်လန့်မှုတွေများစွာကြောင့် လက်လွှတ်လိုက်ရတဲ့ အခွင့်အရေးပေါင်း မနည်းတော့ပါဘူး။ လက်ရှိသာယာနေတဲ့ comfort zone ထဲကနေ ခြေတစ်လှမ်းစထွက်ကြည့်ပြီး အောင်မြင်တဲ့ဘ၀ကို လျှောက်လှမ်းကြည့်ပါ။

၃။ မကျေမနပ်ဖြစ်ပြီး ညည်းတွားနေတာတွေရပ်တန့်လိုက်ပါ။

ကျွန်တော်အကြိုက်ဆုံး စွန့်ဦးတီထွင်တွေထဲကတစ်ယောက်ဖြစ်တဲ့ Gary Vaynerchuk ကတော့ အကယ်၍ ဒီနေ့ဟာ မင်းဘ၀ရဲ့ နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင် ခါတိုင်းနေ့တွေလိုမျိုး နေအရမ်းပူလို့၊ မိုးအရမ်းရွာလို့၊ ခေါင်းမူးနေလို့၊ တနင်္လာနေ့မို့၊ သောကြာနေ့မို့ စတဲ့ အကြောင်းပြချက် ဆင်ခြေတွေနဲ့ လက်ကျန်အချိန်တွေကို ကုန်ခိုင်းမလား? ဒါမှမဟုတ် အကျိုးရှိတဲ့ အလုပ်တွေ မြန်မြန်ပြီးအောင်လုပ်ရင်း အချိန်ကုန်စေမလား? ဘယ်ဟာက ဘ၀အတွက်အကျိုးရှိစေမယ်ထင်လဲ? အဲတော့ ဘ၀ကို မြန်မြန်အောင်မြင်စေဖို့ မကျေနပ်ဘဲ ညည်တွားနေတာတွေလျော့ပြီး လက်ရှိအလုပ်ကို ဒီထက်ပိုကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ ကြိုးစားကြည့်ပါ။

၄။ ကိုယ့်ရဲ့ပန်းတိုင်ကိုယ်သိပါ။

ရောင်းအကောင်းဆုံး စာအုပ်စာရင်း၀င် Start with Why စာအုပ်ရေးသားသူ Simon Sinek က ကိုယ့်ဘ၀ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ကိုယ်တိုင်သိအောင်လုပ်ပါ။

ဘယ်အရာဘဲလုပ်လုပ် ရည်မှန်းချက် ပန်းတိုင်ထားပြီးလုပ်ပါ။ ပန်းတိုင်ကိုရောက်ဖို့ လမ်းကြောင်းထက် ပန်းတိုင်က ဘယ်မှာရှိိလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။

ပန်းတိုင်ကိုသိမှသာ သွားနေတဲ့လမ်းကြောင်းက အဆင်မပြေရင် နောက်တစ်ခုပြောင်းနိုင်မှာပါ။

လမ်းကြောင်းသာသိပြီး ပန်းတိုင်ကို မသိရင်တော့ အခက်အခဲ ဆူးငြောင့်ခလုတ်တွေနဲ့ တွေ့ရင် ဘယ်လမ်းကနေ ဆက်သွားရမယ်မှန်းမသိဖြစ်နေပါလိမ့်မယ်။

၅။ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းပါ။

Jack Ma ကတော့ တိုတောင်းလှတဲ့ ဘ၀ကို ပျော်ရွှင်မှုတွေနဲ့ဖြတ်သန်းဖို့ အကြံပေးထားပါတယ်။ ကိုယ့်ကို ပျော်ရွှင်ကျေနပ်မှုရစေမယ့်အရာက ဘာလဲဆိုတာ သိအောင်ရှာဖွေပါ။

ဥပမာ – အလုပ်က၀င်ငွေနဲ့ ရပ်တည်နေရပေမယ့် ဝါသနာပါတာက အားကစားတစ်ခုခု လုပ်ရတာဆိုရင် ပြန်တွေးကြည့်ပါ။

အဲ့ဒီအားကစားနဲ့ အသက်မွေး၀မ်းကြောင်း ပြုနိုင်မလားဆိုတာကို မဟုတ်ရင်တော့ ဘ၀ရဲ့ မွန်းကြပ်မှုထွက်ပေါက် အနေနဲ့သာ လုပ်ပြီး ပျော်ရွှင်စွာဖြတ်သန်းပါ။

(Evan Carmichael ရဲ့ Motivation video မှ အချက်များကိုအခြေခံပြီး မိမိ၏ထင်မြင်ယူဆချက်များနှင့် ဆီလျော်အောင်ပေါင်းစပ် ရေးသားထားခြင်းသာဖြစ်ပါသည်။)

Writer-Htoo Zaw Wai

ပြောင်းလဲချင်သူ အောင်မြင်ချင်သူများအတွက်

Credit. To. Original writer

Zawgyi