Knowledge

ရွှေကျီးသာနိမိတ်အဟောနှင့် အလွန်မှန်သည့် သာဓကများ

မင်္ဂလာပါ လူတွေအမြဲတမ်း သတိပြုထားသင့်ကာ လေ့လာမှတ်သား သိထားသင့်တဲ့ အတိတ်နိမ်ိတ် စနည်းတဘောင်များစွာထဲမှ ရွှေကျီးသာနိမိတ်အဟောကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။“ကျီးးး”လူတိုင်းလူတိုင်း ငယ်စဉ်က ဆိုခဲ့ကြဘူးမှာပါ။

မိုးလေဝသဗေဒင်ဟော တောက်တဲ့ကိုလူချော ရွှေကျီးညို သာပါပေါ့ ဧည့်သည်လာပါတော့။ ဒါတွေက အကြောင်းမဲ့မဟုတ်ဘူးဆိုတာ အတိတ်နိမိတ်ကို လက်ခံယုံကြည်ကြသူတိုင်း သိကြမှာပါ။ ရတနာပုံနေပြည်တော် ပျက်သုဉ်းပြီး သီပေါပါတော်မူဖို့

ရက်တရာအလိုမှာသော်လည်းကောင်း၊ ဗိုလ်ချူပ်အောင်ဆန်းလုပ်ကြံခံရဖို့ ရက်ပိုင်းအလိုမှာသော်လည်းကောင်း ထင်ရှားတဲ့များစွာသော နိမိတ်များထဲမှ ကျီးသာ သို့မဟုတ်၊ ကျီးပြို -အလွန်များသောကျီးတို့ တမြို့လုံးတနယ်လုံး နားမခံသာအော်မြည်ခြင်း။

ထိုသို့သော ကျီးသာနိမိတ်နဲ့စပ်သော အထင်ရှားများစွာ ရှ်ိခဲ့ကြပါသည်။ ထိုကြောင့် ကျီးသာနိမိတ်နဲ့ အဆိုးအကောင်းကို ထင်မြင်သာစွာ သိစိမ့်သောငှာ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ ကျီးသည် အရှေ့အရပ်သာသော် ချစ်ရခင်ရသော

မိတ်ဆွေအပေါင်းသင်း သိုမဟုတ် ချစ်သူရောက်လာတတ် တွေ့ဆုံတတ်ပါသည်။ ကျီးသည် အရှေ့တောင်ဒေါင့်အရပ်မှာသာသော် မိသားစုအပူကြီးဖြစ်အ့ံ မီးဘေးသော်လည်းသင့်နိုင်ပါသည်။ ကျီးသည် တောင်အရပ်မှသာသော် လာတ်လာဘရမည်

တူ-တူမများ အိမ်ရောက်လာတတ်ပါသည်။ ကျီးသည် အနောက်တောင်ဒေါင့်မှသာသော် အိမ်တွင်းသို့ သူခိုးသူဝှက် ကြံစည်ခံရတတ်သည်။ ကျီးသည် အနောက်အရပ်မှသာသော် ဒါဏ်သင့်ခြင်း ဥပါဒ်ရောက်ခြင်း အပူသောကရောက်ရခြင်းတွေ

ဖြစ်စေတတ်ပါသည်။ ကျီးသည် အနောက်မြောက်ဒေါင့်မှသာသော် ကျွဲ နွား ဆင် မြင်း ကျေးကျွန်အခိုင်းစေများ ရစေတတ်ပါသည်။ ကျီးသည် မြောက်အရပ်မှသာသော် သတင်းကောင်းသတင်းထူး ကြားရတတ်ပါသည်။ ကျီးသည်

အရှေ့မြောက်ဒေါင့် အရပ်မှသာသော် ကြီးသူငယ်သူလူအများနဲ့ သူတစ်ပါးတို့၏ ပူဇော်ခြင်းကိုခံရပါမည်။ ဗဟုသုတ-ပညာစာပေကို လေ့လာလိုက်စားကြသော အမျိုးသားသမီးကောင်းတို့အတွက် ဇလွန်မြို့အဗျင်းရွာမှ

နန္ဒဝန်ကျောင်းကြီး ဆရာတော် ရေးစပ်ပေးထားသော ကျီးသာနိမိတ်တေးထပ်လေးကိုပါ မျှဝေပေးလိုက်ပါတယ်။ ရွှေကျီးညိူနုတ်သာစွရယ်နဲ့ ဗြုဗ္ဗာကလှစ်ကြူ။ မုချာပ ချစ်သူငယ် ရောက်ယူမယ်မှတ်သား။ ဒါဏ်ဥပါဒ်အနောက်ထွေတယ် မြောက်ရပ်လေ

ကောင်းတဲ့စကား။ ကိုယ့်တူရောက်တောင်ခွင် ရှေ့မြောက်တွင်လာဘ်များ။ ရှေ့တောင်ခွင်သတိထားပါတော့ လောင်လိမ့်ငြားမီးတွေ။ နောက်မြောက်ခွင်ကျွန်လာတတ် နောက်တောင်ရပ်ခိုးသူ့ရန်မွှေ။ ဖွံ့ဖြိူးမှုမှန်မသွေသည်။ ညာဏ်အခြေ

ဖွေဖွေမှီးပါတော့ ရွှေ-ရွှေကျီးနုတ်ကချိုသာ ထုတ်ဟဆိုလာ။ နိမိတ်ထွန်းကျွန်းလက်ယာမှာ ညွှန်းမြွတ်ပါရွှေကျီးသာတဲ့ကိန်း။ မကောင်းကျိူးပျောက် ကောင်းကျိုးရောက် ထွန်းတောက်ဘုန်းကံမြင့်ပါစေ။ ခရက်ဒစ်

Zawgyi