Knowledge

ပိုးဟပ်က မကိုက်တတ်ပါ၊ သို့သော်

ပိုးဟပ်တွေဟာ အခြားပိုးကောင် တွေလို လူကို မကိုက်တတ်ကြပေမဲ့ လူတွေကို တိုက်ရိုက်သော်လည်း ကောင်း၊ မတော်တဆသော်လည်း ကောင်း အန္တရာယ်ဖြစ်စေနိုင်ပါ တယ်။ ပိုးဟပ်တွေရဲ့ ခန္ဓာကိုယ် အတွင်းအပြင်မှာ အဏုဇီဝပိုးမွှား များစွာရှိနေတတ်ပါတယ်။ ထို အဏုဇီဝပိုးမွှားတွေထဲမှာ လူကို ဒုက္ခမပေးတဲ့ အမျိုးအစား ပါသလို၊ ရောဂါဖြစ်စေတဲ့ အမျိုးအစားအချို့ လည်း ပါရှိနေပါတယ်။ အဖြစ် အလွန်နည်းသော်လည်း အချို့သော ပိုးဟပ်တွေမှာ ဆယ်လ်မွန်နယ်လားပိုး ရှိနေနိုင်ပါတယ်။

အဓိကပြဿနာကတော့ ပိုးဟပ် တွေဟာ အိမ်အတွင်း အပြင် အနှံ့ လှည့်လည် လျှောက်သွားပြီး အစာ ရေစာ ရှာဖွေစားသောက်ကြပါ တယ်။ ထိုအခါ အိမ်သာ၊ ရေချိုး ခန်း၊ မီးဖိုချောင်၊ အိမ်ကြမ်းပြင် ကနေ ပန်းကန်ခွက်ယောက်တွေ အထိ လှည့်လည်လျှောက်သွား ကြပါတယ်။ ထိုသို့အားဖြင့် ရောဂါ ပိုးမွှားများကို ကျွန်ုပ်တို့ ချက်ပြုတ် စားသုံးရာမှာ အသုံးပြုတဲ့ အိုးခွက် ပန်းကန်တွေအပေါ် ရောက်အောင် သယ်ဆောင်ပျံ့နှံ့တတ်ပါတယ်။ ထို ရောဂါပိုးမွှားတွေ လူ့ခန္ဓာကိုယ် ထဲ ဝင်ရောက်ပါက ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်ခံစားရနိုင်ပါ တယ်။

နောက်တစ်ခုကတော့ ပိုးဟပ်တွေဟာ လူတွေကို သက်ရောက်မှုပေးနိုင်တဲ့ အလာဂျင် (Allergen) အမြောက်အမြား ထုတ်လုပ်ပါတယ်။ ထိုအလာဂျင် များနှင့် မကြာခဏ ထိတွေ့ပါက အချို့သူတွေမှာ အခန့်မသင့်ဘူး ဆိုရင် ပန်းနာရင်ကျပ် ထစေတတ် ပါ တယ်။ ပိုးဟပ်တွေဟာ ခြင်တွေ၊ ယင်တွေလိုမျိုး လူသားတို့ရဲ့ ကျန်းမာ ရေးကို တိုက်ရိုက်အန္တရာယ်မဖြစ် စေသော်လည်း ဖြစ်နိုင်လျှင်တော့ ရှင်းလင်းသုတ်သင်သင့်ပါတယ်။

Crd; Prevention

Zawgyi