Knowledge

ဟန်ဆောင်ကောင်းမှလူလေးစားခံနေရတဲ့ ခေတ်မှာအရှိကိုအရှိအတိုင်းနေတတ်တဲ့သင်ဟာ အရာမဝင်တဲ့သူတစ်ယောက်ဖြစ်ချင်ဖြစ်နေနိုင်တယ်

အပြောကောင်းမှလူအထင်ကြီးခံနေရတဲ့ ခေတ်မှာအမှန်ကိုအမှန်အတိုင်းပြောတတ်တဲ့သင်ဟာ လူ့ကန့်လန့်တစ်ယောက်ဖြစ်ချင်ဖြစ်နေနိုင်တယ်။

ပေးနိုင် ကမ်းနိုင်မှမျက်နှာကောင်းရနေတဲ့ခေတ်မှာဝမရှိဘဲ ဝိမလုပ်တတ်တဲ့သင်ဟာ အပယ်ခံတစ်ယောက်ဖြစ်ချင်ဖြစ်နေနိုင်တယ်။

ကပ်ဖား ရပ်ဖားလုပ်မှနေရာကောင်းရနေတဲ့ ခေတ်မှာကိုယ့်လမ်းကိုယ်ဖောက်ဖို့ကြိုးစားနေတဲ့သင်ဟာ လူရယ်ချင်စရာဖြစ်ချင်ဖြစ်နေနိုင်တယ်။

သူတစ်ပါးကိုနင်းခွနိုင်မှအထက်ကိုရောက်နိုင်တဲ့ခေတ်မှာကိုယ့်ထက်နိမ့်ကျသူတွေကိုတတ်နိုင်သလောက်တွဲယူချင်နေတဲ့သင်ဟာ လူနုံလူအတစ်ယောက်ဖြစ်ချင်ဖြစ်နေနိုင်တယ်။

သူတစ်ပါးကို တွန်းတိုက်ပြီးမှအောင်မြင်နိုင်တဲ့ခေတ်မှာလိပ်ပြာသန့်သန့်နဲ့အသက်ရှင်နေထိုင်နိုင်အောင်ကြိုးစားနေတဲ့သင်ဟာလူတွေနဲ့အံမဝင်သူတစ်ယောက်ဖြစ်ချင်ဖြစ်နေနိုင်တယ်။

ဒါပေမယ့်လူရာမဝင်လို့လည်းအားငယ်မနေပါနဲ့။ဖယ်ကျဉ်ခံနေရလို့လည်းသိမ်ငယ်မနေပါနဲ့။အလှောင်အပြောင်ခံနေရလို့လည်းဒေါသထွက်မနေပါနဲ့။

ကဲ့ရဲ့ခံနေရလို့လည်းစိတ်ဓာတ်ကျမနေနဲ့။မထီမဲ့မြင်အပြုခံနေရလို့လည်းဝမ်းနည်းမနေပါနဲ့။မသမာသူတွေရဲ့ စည်းအပြင်ဘက်ကိုရောက်နေလို့လည်း ပူပန်မနေပါနဲ့။

သင် ငယ်ငယ်တုန်းကအရမ်းကြိုက်နှစ်သက်ခဲ့ကြတဲ့စင်ဒရဲလားပုံပြင်လေးကိုမှတ်မိဦးမယ်ထင်ပါတယ်။စိတ်ထားယုတ်မာတဲ့မိထွေးနဲ့ညီအစ်မတွေကြားမှာ ဝိုင်းဝန်းလက်ညိုး အထိုးခံပြီးကြီးပြင်းလာရတဲ့စင်ဒရဲလားလေးဟာနောင်တစ်ချိန်မှာတော့ပျော်ရွှင်စရာတွေနဲ့ ဇာတ်သိမ်းခဲ့ရပါတယ်။

ဒါက ပုံပြင်ထဲမှာပဲလေအပြင်လောကမှာတော့ဒီလောက် ကံမကောင်းနိုင်ဘူးလို့စောဒကမတက်လိုက်ပါနဲ့။သင့်ကံကြမ္မာဆိုတာသင့်လက်ထဲမှာရှိတဲ့ သင်ပိုင်ဆိုင်တဲ့အဖိုးတန်ရတနာတစ်ခုပါ။

သင်ကောင်းရင် သင့်ကံလည်းကောင်းနေမှာဖြစ်သလိုသင်ဆိုးရင်တော့ သင့်ကံလည်းဆိုးနေပါလိမ့်မယ်။လက်ရှိအခြေအနေမှာမအောင်မြင်ခြင်း၊ဆုံးရှုံးခြင်း၊အနှိမ်ခံရခြင်းတွေအတွက်စိတ်ပျက်နေစရာမလိုပါဘူး။

ဘယ်သူ့ကိုမှ၊လဘယ်အရာကိုမှအပြစ်တင်နေဖို့လည်းမလိုပါဘူး။”သူကောင်းဖို့မလိုပါ။ကိုယ်ကောင်းဖို့သာလိုပါတယ်”ဆိုတဲ့စကားလေးအတိုင်းပါပဲ။

သင်ကသူတစ်ပါးအပေါ်ကောင်းနေပါလျှက်နဲ့တစ်ဖက်သားကသင့်အပေါ်မကောင်းတာတွေနဲ့ကြုံရတဲ့အခါဒီစကားလေးကိုသတိရလိုက်ပါ။

သူ မကောင်းတာကသူ့ရဲ့တာဝန်ပါ။သင် ကောင်းဖို့ကတော့သင့်ရဲ့တာဝန်ပဲပေါ့။သူ မကောင်းလို့သင်လည်းတုံ့ပြန်ပြီးမကောင်းတာတွေပြန်လုပ်မယ်ဆိုရင်သင်လည်းသူနဲ့အဆင့်တူ၊မကောင်းတဲ့လူဖြစ်သွားမှာပါပဲ။

အရေးကြီးဆုံးကတော့လောကမှာကိုယ့်တာဝန်ကိုယ်ကျေပွန်အောင်ထမ်းဆောင်တတ်ဖို့လိုပါတယ်။လောကမှာ တာဝန်ကျေပွန်တဲ့သူဟာ သေတာတောင်မှနောင်တနဲ့မသေရတတ်ပါဘူး။

CreditOriginalUploader

Zawgyi

ဟန်ဆောင်ကောင်းမှလူလေးစားခံနေရတဲ့ ခေတ်မှာအရှိကိုအရှိအတိုင်းနေတတ်တဲ့သင်ဟာ အရာမဝင်တဲ့သူတစ်ယောက်ဖြစ်ချင်ဖြစ်နေနိုင်တယ်။