ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်တဲ့ ဂေါတမ မြတ်စွာဘုရား ပါရမီဖြည့်ကျင့်ခဲ့တဲ့ ကာလ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ အကြောင်းကို ဖော်ပြ ပေးလိုက်ပါတယ်။
လေး အသင်္ချေဆိုသည်မှာ —
၁။ သေလ အသင်္ချေ
၂။ ဘာသ အသင်္ချေ
၃။ ဇယ အသင်္ချေ
၎။ ရုစိရ အသင်္ချေ တို့ဖြစ်သည်။
၁။ သုမေဓာရှင်ရသေ့ ဗျာဒိတ်ခံယူသည့် ကမ္ဘာ၏ နောက်ဆုံးပွင့်တော်မူသော ဘုရားဖြစ်သည့် ဒီပင်္ကရာဘုရားနှင့် ကောဏ္ဍည ဘုရားတို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို “သေလအသင်္ချေ” ဟူ၍ တစ်သင်္ချေ ရေတွက်ရသည်။
၂။ ကောဏ္ဍညဘုရားနှင့် မင်္ဂလဘုရားတို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို “ဘာသအသင်္ချေ” ဟူ၍ တစ်သင်္ချေ ရေတွက်ရသည်။
၃။ သောဘိတဘုရားနှင့် အနောမဒဿီ ဘုရားတို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို “ဇယအသင်္ချေ” ဟူ၍ တစ်သင်္ချေ ရေတွက်ရသည် ။
၎။ နာရဒဘုရားရှင်နှင့် မဒုမုတ္တရဘုရားတို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို “ရုစိရ အသင်္ချေ” ဟူ၍ တစ်သင်္ချေ ရေတွက်ရသည်။
ကမ္ဘာ တစ်သိန်းဆိုသည်မှာ
ပဒုမုတ္တရဘုရားပွင့်ပြီးနောက် ဘုရားများ ဆိတ်သုဉ်းခဲ့သော ကမ္ဘာပေါင်း ” ၇၀၀၀၀ ”
သုဇာတဘုရားနှင့် ပိယဒဿီ ဘုရားအကြား ကမ္ဘာပေါင်း ” ၂၈၁၉၉ ”
ဓမ္မဒဿီဘုရားနှင့် သိဒ္ဓတ္ထဘုရားအကြား ကမ္ဘာပေါင်း ” ၁၇၀၅ ”
သိဒ္ဓတ္ထဘုရားနှင့် တိဿဘုရားအကြား ” ၁ “ကမ္ဘာ
ဝိပဿီဘုရားနှင့် သိခီဘုရားအကြား ကမ္ဘာပေါင်း “၅၉ ”
ဝေဿဘူဘုရားနှင့် ကကုသန်ဘုရားအကြား ကမ္ဘာ ပေါင်း ” ၂၉ ”
ပဒုမုတ္တရဘုရားနောက်ဘုရားပွင့်သောကမ္ဘာ ပေါင်း ” ၇ ”
စုစုပေါင်း ကမ္ဘာတစ်သိန်းဖြစ်ပါသည်။
လေးစားစွာဖြင့် ခရက်ဒစ် – မူရင်းရေးသားသူ
Credit – photo uploader
Zawgyi
မြတ်စွာဘုရား ပါရမီဖြည့်ကျင့်ခဲ့တဲ့ လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ရေတွက်ပုံ