အနားမှာ အမေမရှိပေမဲ့ ဆရာရှိတယ်
ခေတ်မီတိုးတတ်လာတဲ့ ယနေ့ခေတ်
အချိန်မှာ ရှင်ရဟန်းဘဝ၌ ဗုဒ္ဓအလိုကျ ပျော်ရွှင်စွာ နေထိုင်သူ အရေအတွက် အလွန်နည်းပါးလာရတဲ့ အကြောင်းတို့တွင် ကာမဂုဏ် အာရုံများပြားလာခြင်း၊ မိဘနှင့်လူသားတို့ရဲ့ ရှင်ရဟန်းဘဝကို တန်ဖိုးထားမှု အားနည်းလာခြင်း၊ ဆရာသမားတို့ရဲ့ တပည့်လေးများအပေါ် မေတ္တာနည်းပါးကာ ထိန်းကျောင်းမှု မမှန်ကန်ခြင်း အစရှိတဲ့ အကြောင်းတွေဟာ အများအားဖြင့် ဖြစ်နိုင်ပါတယ်။
ထိုတွင် ဆရာသမားဘက်က
တပည့်လေးတွေကို ကာမဂုဏ်အာရုံနောက် မလိုက်ပါမိအောင်
သဒ္ဓါတရားဖြစ်စေမည့် ဘုရားလောင်းပါရမီဖြည့်ကျင့်ပုံ
အကြောင်းအရာများ၊ ပိဋကတ်လာသာသနာ့အာဇာနည်မထေရ်မြတ်များ၊ ရဟန်းတော်များ၊ သာမဏေများအကြာင်းနှင့် ယနေ့ခေတ်
စံပြုလောက်တဲ့ ဝိနယဂရုကမထေရ်မြတ်များအကြောင်းတွေကို အတုယူ အာကျဖွယ်ဖြစ်အောင်ပြောပြပြီး သဒ္ဓါတရားတွေကို
ဦးစွာ မြှင့်တင်ပေးရပါမယ်။
“မမြင်ရာမှာ ကိလေသာ
ဖြစ်တာ နည်းပါသည်”ဆိုတဲ့အတိုင်း
တပည့်လေးတွေကို ကိလေသာအာ
ရုံ နည်းပါးလာအောင် အထူးစောင့်
ရှောက်သောအားဖြင့် ဖုန်းအစရှိတဲ့
ပစ္စည်းတွေကို သုံးစွဲခြင်းမှ တားမြစ်
ပေးရမှာ ဖြစ်သလို ပရိယတ္တိ စာပေအာရုံမှာ ပျော်မွေ့လာအောင် ဆုံးမလမ်းညွှန်ပေးရပါမယ်။
ထို့ပြင်တပည့်လေးများ စိတ်ချမ်းမြေ့ပြီး ဗဟုသုတတိုးပွားစေမည့် စာအုပ်စာပေများကို ရံဖန်ရံခါ
လှူဒါန်းပေးရမှာ ဖြစ်သလို တစ်ခါတစ်လေ တပည့်လေးများ စားချင်တဲ့ အာဟာရတွေကိုလည်း စားနိုင်းအောင် စီစဉ်ပေးရမှာ ဖြစ်တယ်။
ဒါမှသာ တပည့်လေးများရဲ့
နှလုံးသားမှာ တို့ရဲ့ဆရားသမားတွေ
ဟာ တို့ကို စာပေတွေပို့ချပေးရုံသာမက လိုအပ်တဲ့ စာအုပ်အစရှိတဲ့ပစ္စည်းတွေအပြင်
စားချင်တဲ့အာဟာရကိုလည်း ရံဖန်ရံ
ခါ စီစဉ်လှူဒါန်းပေးနေတယ်။ကျန်းမာရေးမကောင်းရင်လည်း
သေချာပြုစု စောင့်ရှောက်ပေးတယ်။ တို့တွေမှာ မိဘတွေနဲ့
ဝေးနေပေမဲ့ ဆရားသမားတွေက အမေ အဖေသဖွယ် မေတ္တာကြီးမားစွာ စောင့်ရှောက်နေပါလားလို့
ခံစားရပြီးသကာလ သာသနာတော်မှာ ဗုဒ္ဓအလိုတော်ကျပရိယတ်,ပဋိပတ်ကို ကျင့်ကြံအား
ထုတ်ကာ ပျော်ရွှင်နေပါလိမ့်မယ်။
အထက်ပါအကြောင်းကို
နားလည်းသဘောပေါက်မိတဲ့
စာရေးသူဟာ တပည့်လေးများကို
အတတ်နိုင်ဆုံး မေတ္တာထားပါတယ်။
သဒ္ဓါတရားနဲ့ အသိတိုးပွားစေမည့် သြဝါဒများကို နေ့စဉ် ဘုရားဝတ်ပြု
ပြီးတိုင်း ပြောကြားပေးပါတယ်။
တပည့်လေးများ လိုအပ်နေတဲ့ ပစ္စည်းများကို လှူဒါန်းနိုင်အောင်
ကြိုးစားပါတယ်။ မစွမ်းနိုင်တဲ့
ပစ္စည်းများကိုတော့ ရောင့်ရဲတဲ့တရားကို လက်ကိုင်ထားပြီး သည်းခံဖို့ သြဝါဒပေးကာ ဖြေသိမ့်ပေးပါတယ်။ စာအုပ်စာတမ်းများကိုတော့
အတတ်နိုင်ဆုံး လှူဒါန်းပေးနိုင်အောင် ကြိုးစားနေပါတယ်။
တပည့်လေးများရဲ့
ကျန်းမာရေးကို အထူးစောင့်ရှောက်
သောအားဖြင့် သဘာဝဗိုက်တာမင်
အားဆေးများကို တိုက်ကျွေးပေး
ပါတယ်။ ဒီအပတ် လပြည့်နေမှာတော့ ဘားအံမြို့ကို ဆွမ်းခံကြွရင်း
တပည့်လေးများ စားချင်နေ
သည့် ကြက်သားပေါက်ဆီ ဆိတ်စွပ်
ပြုတ် ငါးပေါင်း ပြောင်းပူးပြုတ်
မြေပဲပြုတ်အစရှိတဲ့ အာဟာရတွေ
ကို ဘုန်းပေးနိုင်အောင် အမေ့အိမ်မှာ စီစဉ်ပေးခဲ့ပါတယ်။
အချုပ်အနေနဲ့ တပည့်လေး
များ သာသနာမှာ ပျော်မွေ့လာအောင် သဒ္ဓါတရားများကို မြှင့်တင်
ပေးခြင်း၊ ကာမဂုဏ်အာရုံနောက်
မလိုက်ပါမိအောင် ထိန်းချုပ်ပေးခြင်း၊ စာပေအာရုံ၌ ပျော်မွေ့လာ
အောင် ပြုလုပ်ပေးခြင်း၊ မိဘများနဲ့တမြေဆီ
ဝေးကွာနေတဲ့ တပည့်
လေးများရဲ့ နှလုံးသားမှာ “အနားမှာအမေမရှိပေမဲ့ ဆရာရှိတယ်” ဆိုတဲ့
အတွေးလေး ဝင်သွားနိုင်တဲ့ထိတိုင်
အောင် တပည့်လေးများအပေါ်မှာ
မေတ္တာထားနိုင်ကြပါစေကြောင်
အသိပေးနှိုးဆော်လိုက်ရပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ဝိနယကထိက