Knowledge

နေတတ်အောင်ထားခဲ့ပြီးမှ တစိမ်းဆန်တယ်လို့မပြောပါနဲ့

တစ်ယောက်ထဲပျော်တတ်အောင်နေစေခဲ့ပြီးမှ
ကိုယ်မရှိလည်းပျော်နေတာပဲလို့ မခနဲ့ပါနဲ့။ဒီလိုနေတတ်သွားဖို့

ခုလိုပျော်တတ်လာဖို့
အလွမ်းတွေ၊မျက်ရည်တွေ
အိပ်စက်ခြင်းကင်းတဲ့ညတွေ
တစ်ယောက်ထဲပဲကျော်ဖြတ်လာတာပါ။မချစ်တော့တာမဟုတ်ဘူး

မချစ်ရဲတော့တာပါ။ရင်ထဲမှာမရှိတော့မဟုတ်ဘူး
နှလုံးသားထဲ မထည့်ရဲတော့တာပါ။

အတူမရှိချင်တော့တာမဟုတ်ဘူး
မနီးချင်တော့တာပါ။မခေါ်ချင်တော့တာမဟုတ်ဘူး

မပျော်ချင်တော့တာပါ။အကြောင်းပြချက်မရှိခဲ့တဲ့ချစ်ခြင်းတွေနဲ့

ကိုယ်ကမင်းအနားမှာအကြိမ်များစွာ
ပြိုလဲခဲ့ဘူးတယ်။ဘောင်မဝင်တဲ့မင်းရဲ့သတ်မှတ်ချက်တွေနဲ့

ကိုယ်ကခဏခဏ ပျောက်ကွယ်ရဖူးတယ်။ခုတော့ကိုယ်ကနေသားကျနေပြီ။
ကိုယ်ပျော်နေနိုင်ပြီ။ပျောက်သွားခဲ့တဲ့ ကိုယ်ကိုကိုယ်လည်း

ပြန်ရှာတွေခဲ့ပြီ။
ကိုယ်တကယ်ကိုပဲ နေတတ်သွားပါပြီ။

Unicode

နေတတ်အောင်ထားခဲ့ပြီးမှ တစိမ်းဆန်တယ်လို့မပြောပါနဲ့တစ်ယောက်ထဲပျော်တတ်အောင်နေစေခဲ့ပြီးမှ