လဲကျနေတဲ့အချိန်မှာ တစ်စုံတစ်ယောက်ရဲ့ ကမ်းပေးလာမယ့် လက်ကို စောင့်မနေပါနဲ့ …
လူတွေက ဒုက္ခရောက်နေတဲ့ အချိန်တွေမှာ တစ်စုံတစ်ရဲ့ အကူအညီ၊ တစ်စုံတစ်ယောက်ကို လိုအပ်တတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ တကယ်တမ်းမှာတော့ ဖြစ်လာနိုင်ခြေအရမ်းကို နည်းတဲ့အရာတစ်ခုပါ။
ဒါကြောင့် လှဲကျနေတဲ့အချိန်မျိုးမှာ တစ်စုံတစ်ယောက်ရဲ့ ကမ်းပေးလာမယ့်လက်ကို မမျှော်လင့်သင့်ပါဘူး။
ကိုယ့်အားကိုယ်ကိုးပြီး ပြန်ထပါချိန် မျိုးဆိုတာလည်း ရှိသလို၊ ကိုယ့်ဘဝမှာ ကျရှုံးမှု တစ်စုံတစ်ရာ တွေ့တဲ့ အချိန်မျိုးမှာ တစ်စုံတစ်ယောက်ရဲ့ လက်ကမ်းပေးမှုကို မစောင့်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီလို သူများလက်ကမ်းပေးလာမယ့်အချိန်ကို စောင့်နေတာက မသေချာမရေရာတဲ့ အရာတစ်ခုပါ။
တစ်ချို့ဆို ကိုယ့်ကိုယ် လက်ကမ်းပေးသယောင်နဲ့ ဟိုးအောက်ဆုံးထိရောက်အောင် တွန်းချလိုက်တတ်ကြတာလည်း ရှိပါတယ်။ ဒါကြောင့် လဲှကျတဲ့အချိန်တိုင်းမှာ ကိုယ့်ကိုယ်ကိုသာ အားကိုးပြီး ရအောင်ထပါ။
အရှုံးမပေးပါနဲ့
.
လူတိုင်းက လမ်းမလျှောက်တတ်ခင်မှာ လှဲကျတာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေတော့ ရှိတတ်ကြတာပါပဲ။ ဒီလိုပါပဲ ဘဝဆိုတာလည်း ကိုယ်ကြိုးစားနေတဲ့အချိန်မှာ ဆုံးရှုံးမှုတွေ၊ ပြိုလဲမှုတွေဆိုတာ အနည်းနဲ့အများတော့ တွေ့ကြရမှာပါပဲ။
ဒီလို ဆုံးရှုံးမှုတွေကြုံရတဲ့ အချိန်မှာ ငါမဖြစ်နိုင်တော့ဘူးဆိုတဲ့ စိတ်မျိုးကို မေ့ထားလိုက်ပါ။ ကျရှုံးခြင်းဆိုတာ အရှုံးတွေနဲ့ ရင်ဆိုင်ရချိန်မဟုတ်ပဲ သင်ကိုယ်တိုင် အရှုံးဆိုတာကို လက်ခံလိုက်တဲ့ အချိန်ဖြစ်နေလို့ပါ။
ကိုယ့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း စတဲ့သူတွေဟာ ကိုယ့်အပေါ်မှာ စိတ်မှန်တဲ့ ခင်မင်မှုတွေ ပေးတဲ့သူတွေ ရှိသလို၊ ဟန်ဆောင်မျက်နှာဖုံးတွေ ချိတ်ဆွဲထားတဲ့သူတွေလည်း ရှိနေပါတယ်။ ဒီတော့ ကိုယ်ကျရှုံးတဲ့အချိန်၊ ကိုယ်လှဲကျတဲ့အချိန်မျိုးမှာ ကိုယ့်ကိုယ် လက်ကမ်းပေးမယ့်သူတွေထက် ကိုယ့်ကိုယ် လှောင်ရယ်ဟားတိုက်ကြမယ့်သူတွေ များကောင်းများနေနိုင်ပါတယ်။
ဒီအတွက်ကြောင့်မို့ တစ်စုံတစ်ယောက် ဆွဲထူမယ့်အချိန်ကို စောင့်မနေပဲ ကိုယ်တိုင် ထနိုင်အောင် ကြိုးစားပါ။
စိတ်ဓာတ်ကြံခိုင်ပါစေ
ဘဝလား အမြဲတမ်း ပျော်စရာတွေချည်း မလာနိုင်သလို ဝမ်းနည်းစရာတွေလည်း အမြဲတမ်း ရှည်ကြာမနေတတ်ပါဘူး။ တစ်ခါတစ်လေ အောင်မြင်မယ်၊ တစ်ခါတစ်လေ ကျရှုံးမယ် ဒါဟာ ဘဝပါပဲ။ ဒီအပြောင်းအလဲတွေကို လက်ခံနိုင်တဲ့သူကမှ တကယ့် အောင်နိုင်ခြင်းတွေကို ပိုင်ဆိုင်နိုင်တာပါ။ ဒီတော့ ကျရှုံးခြင်းတွေနဲ့ ကြုံရသည့်တိုင် လွယ်လွယ်အရှုံးမပေးဘူး၊ ပြန်ကုန်းရုန်းထမယ်ဆိုရင် အောင်မြင်ခြင်းတွေဆိုတာ ကိုယ့်အတွက် မဝေးတော့ပါဘူးနော်
Unicode
လဲကျနေတဲ့အချိန်မှာ တစ်စုံတစ်ယောက်ရဲ့ ကမ်းပေးလာမယ့် လက်ကို စောင့်မနေပါနဲ့ …
လူတွေက ဒုက္ခရောက်နေတဲ့ အချိန်တွေမှာ တစ်စုံတစ်ရဲ့ အကူအညီ၊ တစ်စုံတစ်ယောက်ကို လိုအပ်တတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ တကယ်တမ်းမှာတော့ ဖြစ်လာနိုင်ခြေအရမ်းကို နည်းတဲ့အရာတစ်ခုပါ။
ဒါကြောင့် လှဲကျနေတဲ့အချိန်မျိုးမှာ တစ်စုံတစ်ယောက်ရဲ့ ကမ်းပေးလာမယ့်လက်ကို မမျှော်လင့်သင့်ပါဘူး။
ကိုယ့်အားကိုယ်ကိုးပြီး ပြန်ထပါ
ချိန် မျိုးဆိုတာလည်း ရှိသလို၊ ကိုယ့်ဘဝမှာ ကျရှုံးမှု တစ်စုံတစ်ရာ တွေ့တဲ့ အချိန်မျိုးမှာ တစ်စုံတစ်ယောက်ရဲ့ လက်ကမ်းပေးမှုကို မစောင့်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီလို သူများလက်ကမ်းပေးလာမယ့်အချိန်ကို စောင့်နေတာက မသေချာမရေရာတဲ့ အရာတစ်ခုပါ။
တစ်ချို့ဆို ကိုယ့်ကိုယ် လက်ကမ်းပေးသယောင်နဲ့ ဟိုးအောက်ဆုံးထိရောက်အောင် တွန်းချလိုက်တတ်ကြတာလည်း ရှိပါတယ်။
ဒါကြောင့် လဲှကျတဲ့အချိန်တိုင်းမှာ ကိုယ့်ကိုယ်ကိုသာ အားကိုးပြီး ရအောင်ထပါ။
အရှုံးမပေးပါနဲ့
လူတိုင်းက လမ်းမလျှောက်တတ်ခင်မှာ လှဲကျတာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေတော့ ရှိတတ်ကြတာပါပဲ။ ဒီလိုပါပဲ ဘဝဆိုတာလည်း ကိုယ်ကြိုးစားနေတဲ့အချိန်မှာ ဆုံးရှုံးမှုတွေ၊ ပြိုလဲမှုတွေဆိုတာ အနည်းနဲ့အများတော့ တွေ့ကြရမှာပါပဲ။ ဒီလို ဆုံးရှုံးမှုတွေကြုံရတဲ့ အချိန်မှာ ငါမဖြစ်နိုင်တော့ဘူးဆိုတဲ့ စိတ်မျိုးကို မေ့ထားလိုက်ပါ။
ကျရှုံးခြင်းဆိုတာ အရှုံးတွေနဲ့ ရင်ဆိုင်ရချိန်မဟုတ်ပဲ သင်ကိုယ်တိုင် အရှုံးဆိုတာကို လက်ခံလိုက်တဲ့ အချိန်ဖြစ်နေလို့ပါ။
ကိုယ့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း စတဲ့သူတွေဟာ ကိုယ့်အပေါ်မှာ စိတ်မှန်တဲ့ ခင်မင်မှုတွေ ပေးတဲ့သူတွေ ရှိသလို၊ ဟန်ဆောင်မျက်နှာဖုံးတွေ ချိတ်ဆွဲထားတဲ့သူတွေလည်း ရှိနေပါတယ်။
ဒီတော့ ကိုယ်ကျရှုံးတဲ့အချိန်၊ ကိုယ်လှဲကျတဲ့အချိန်မျိုးမှာ ကိုယ့်ကိုယ် လက်ကမ်းပေးမယ့်သူတွေထက် ကိုယ့်ကိုယ် လှောင်ရယ်ဟားတိုက်ကြမယ့်သူတွေ များကောင်းများနေနိုင်ပါတယ်။ ဒီအတွက်ကြောင့်မို့ တစ်စုံတစ်ယောက် ဆွဲထူမယ့်အချိန်ကို စောင့်မနေပဲ ကိုယ်တိုင် ထနိုင်အောင် ကြိုးစားပါ။
စိတ်ဓာတ်ကြံခိုင်ပါစေ
ဘဝလား အမြဲတမ်း ပျော်စရာတွေချည်း မလာနိုင်သလို ဝမ်းနည်းစရာတွေလည်း အမြဲတမ်း ရှည်ကြာမနေတတ်ပါဘူး။
တစ်ခါတစ်လေ အောင်မြင်မယ်၊ တစ်ခါတစ်လေ ကျရှုံးမယ် ဒါဟာ ဘဝပါပဲ။ ဒီအပြောင်းအလဲတွေကို လက်ခံနိုင်တဲ့သူကမှ တကယ့် အောင်နိုင်ခြင်းတွေကို ပိုင်ဆိုင်နိုင်တာပါ။ ဒီတော့ ကျရှုံးခြင်းတွေနဲ့ ကြုံရသည့်တိုင် လွယ်လွယ်အရှုံးမပေးဘူး၊ ပြန်ကုန်းရုန်းထမယ်ဆိုရင် အောင်မြင်ခြင်းတွေဆိုတာ ကိုယ့်အတွက် မဝေးတော့ပါဘူးနော်