လူတချို့ရဲ့ နှလုံးသားထဲကို ကိုယ်ချင်းစာတရားလေး နည်နည်းလောက် ထည့်ပေးချင်တယ်
အများကြီးမဟုတ်ပါဘူး ငါသာ သူ့နေရာမှာဆိုပြီး တွေးတတ်စေချင်ရုံလောက်ပါ
လုပ်ပြီးသွားမှ ငါမှားလေခြင်းဆိုတဲ့ နောင်တရနေတာထက်စာရင် မလုပ်ခင် မပြောခင်ကတည်း သူ့ဘက်ကိုယ့်တွေးတတ်ရင် တစ်ဖက်လူလဲ နာကျင်စရာ မလိုတော့ဘူးလေ
လူတချို့ရဲ့ မျက်လုံးလေးကို နည်းနည်းလေးဖြစ်ဖြစ် အကောင်းမြင်တတ်စေချင်တယ်
အများကြီး မဟုတ်ပါဘူး နေရာတကာ အကောင်းပဲ မြင်နေတတ်တဲ့ မျက်လုံးလေး နည်းနည်းလေ အမှန်မြင်တတ်စေရုံလောက်ပါ
အတိတ်မှာ မကောင်းခဲ့ပေမယ့် လက်ရှိမှာ ကောင်းဖို့ ကြိုးစားနေတဲ့လူတွေ ပတ်ဝန်းကျင်မှာ အများကြီးရှိတယ်
ပြီးတော့ ကောင်းသည်ထက် ကောင်းအောင် ကြိုးစားနေတဲ့လူတွေရှိတယ် အကောင်းမမြင်တတ်ချင်နေပါ မကောင်းပဲ မြင်နေတတ်ရင် မျက်လုံးလေး မှိတ်ထားတာ ပိုကောင်းတယ်
တချို့လူတွေရဲ့ ပါးစပ်ပေါက်တွေကို ခဏလောက်ဖြစ်ဖြစ် ပိတ်ထားစေချင်တယ် အကောင်းမပြောတတ်မယ့်အတူတူ မပြောပဲနေတာက ပိုကောင်းတယ်
အကျိုးသင့် အကြောင်းသင့်လဲမရှိ ဘယ်သူ့အတွက်မှလဲ အကျိုးမရှိတဲ့ စကားလုံးတွေထက်စာရင်ပါးစပ်လေးပိတ်ထားပြီး ငြိမ်ငြိမ်လေးရပ်နေတာက ပိုပြီး အကုသိုလ် ကင်းပါတယ် ။
အများကြီးမဟုတ်ပါဘူး နည်းနည်းလောက်ပဲ ဖြစ်ဖြစ်ပါ ကောင်းအောင် ကြိုးစားနေတဲ့လူတွေအတွက် အားပေးစကားတွေ မဟုတ်တောင် ဝေဖန်ရှုပ်ချတာတွေချည်းပဲ
မပြောတတ်ဖို့နဲ့ ကိုယ့်ထက် နိမ့်ကျနေတဲ့ဘဝတွေအပေါ် ကိုယ်ချင်းစာတရားလေးတွေ ရှိစေချင်လို့အများကြီး မဟုတ်ဘူး တကယ့်ကို နဲနဲလေးပါ
ကိုယ့်ဖက် သူ့ဖက်လေး မျှမျှတတလေး ကြည့်တတ်ရင်ကို အဆင်ပြေပါတယ် ။
မိန်းမသားတို့အတွက်
သျှင်ယွန်
Unicode
လူတချို့ရဲ့ နှလုံးသားထဲကို ကိုယ်ချင်းစာတရားလေး နည်နည်းလောက် ထည့်ပေးချင်တယ်
အများကြီးမဟုတ်ပါဘူး ငါသာ သူ့နေရာမှာဆိုပြီး တွေးတတ်စေချင်ရုံလောက်ပါ
လုပ်ပြီးသွားမှ ငါမှားလေခြင်းဆိုတဲ့ နောင်တရနေတာထက်စာရင် မလုပ်ခင် မပြောခင်ကတည်း သူ့ဘက်ကိုယ့်တွေးတတ်ရင် တစ်ဖက်လူလဲ နာကျင်စရာ မလိုတော့ဘူးလေ
လူတချို့ရဲ့ မျက်လုံးလေးကို နည်းနည်းလေးဖြစ်ဖြစ် အကောင်းမြင်တတ်စေချင်တယ်
အများကြီး မဟုတ်ပါဘူး နေရာတကာ အကောင်းပဲ မြင်နေတတ်တဲ့ မျက်လုံးလေး နည်းနည်းလေ အမှန်မြင်တတ်စေရုံလောက်ပါ
အတိတ်မှာ မကောင်းခဲ့ပေမယ့် လက်ရှိမှာကောင်းဖို့ ကြိုးစားနေတဲ့လူတွေ ပတ်ဝန်းကျင်မှာ အများကြီးရှိတယ်