Knowledge

ဒီလုပ်ရပ်၊ ဒီအမူအကျင့်နဲ့ ဒီနည်းလမ်းတွေ သင့်ဆီမှာရှိနေပါသလား

(၁) ချောင်ခိုပါ

သူဌေးမမြင်သောနေရာတွင် ချောင်ခို ပြီးနေပါ။ အလုပ်ကို ခိုကပ်ပါ။ စိတ်ရော ခန္ဓာပါ သက်သာအောင် ဖြစ်သလိုနေပါ။ မန်နေဂျာ ရှေ့မှာ အလုပ်လုပ်ချင်ဟန်ဆောင်ပါ။

(၂) တွက်ကပ်ပါ

ကိုယ့်အလုပ်ကိုသာ ကိုယ်လုပ်ပါ။ အပို လုံးဝမလုပ်ပါနှင့်။ ခိုင်းရင် မကြားဟန်ဆောင်ပါ။ မဖြစ်မနေလုပ်ရမည်ဆိုလျင်လည်း အချိန်ဆွဲလုပ်ပါ။ ပြဿနာဖြစ်အောင်လုပ်ပါ။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း သူလုပ်ကိုယ်လုပ် ငြင်းခုန်ပါ။

(၃) အလုပ်သမားစိတ်မွေးပါ

ရသမျှ တောင်းဆိုပါ။ အသေးအမွှားက စ မရရအောင်တောင်းပါ။ ရပိုင်ခွင့် တစ်ဆုံးနှိုက်ပါ။ မိမိတို့သည် အလုပ်သမားများဖြစ်သည့်အလျောက် အလုပ်ရှင် ရှုံးသည်မြတ်သည် ပဓာန မဟုတ် မိမိတို့ အတွက်သည်သာ အဓိကဖြစ်သည်။ ခွင့်မှန်သမျှ ရနိုင်သမျှ ယူပါ။

(၄) အလုပ်ခဏ ခဏ ပြောင်းပါ

ကြာကြာလုပ်နေလျင် ကြာကြာဒုက္ခရောက်ပါသည်။ ထို့ကြောင့် မကြာမကြာ အလုပ်ပြောင်းခြင်းသည် အလွန် ကောင်းပါသည်။ လစာ ပိုပေးသည့်နေရာသို့ ချက်ချင်း ပြောင်းပါက ချက်ချင်း ငွေပိုရပါသည်။

(၅) မသင်ယူပါနှင့်။

သင်ယူခြင်းသည်အလွန် အလုပ်ရှုပ်ပါသည်။ ခေါင်းလည်း ရှုပ်သည်။ အားလျင် နားပါ။ မအားလည်း နားပါ။ ငွေရဖို့ နှင့်မသက်ဆိုင်သော သင်ယူမှုမျိုး ကိုပိုမိုရှောင်ရှားပါ။

(၆) ရန်အမြဲတိုက်ပေးပါ

မိမိလုပ်ဖော်ကိုင်ဖက်များကို အချင်းချင်းသော်လည်းကောင်း မန်နေဂျာဖြင့် သော်လည်းကောင်း သူဌေးဖြင့်သော်လည်းကောင်း မကောင်းကြောင်းအမြဲပြော၍ ရန်တိုက်ပေးပါ။ ပြီးလျင်မသိသလိုနေပါ။

(၇) ရသမျှ ဖြုန်းပါ

ပိုက်ဆံရသမျှ ဖြုန်းပြစ်ပါ။ ချန်ထားရန်များ ကြွက်စားပါသည်။

သေလျင်ကိုယ့်နောက်ဘာမှ မပါသောကြောင့် စုဆောင်းမထားပါနှင့်။

Credit to Original Writer

Zawgyi