Knowledge

ဘာမှမရှိတဲ့ ချမ်းသာမှု

ကမ္ဘာပေါ်က လူတွေကတော့
ရုပ်ဝတ္တုဇိမ်ခံပစ္စည်းတွေကို ပြည့်စုံအောင်ရှာဖွေကြပြီးတော့
လူချမ်းသာဆိုတဲ့ ဘွဲကို ရယူဖို့ ကြိုးစားကြတယ်။ဘယ်သူက ဘီလီယံ ဘယ်လောက်ချမ်းသာတာ –ဘယ်ပုဂ္ဂိုလ်ကြီး ဘယ်ပစ္စည်းကို ဘယ်လိုဝယ်ပြီးသုံးတာ ဘယ်ဇိမ်ခံအိမ်ကြီး ဘယ်လို
နေလို့ထိုင်လို့ကောင်းပြီး ဘယ်လောက်တောင်
တန်ကြေးရှိတာ ဘယ်ကမ်းခြေကိုသွားပြီး
ဘယ်လောက်အကုန်အကျခံကာ အနာယူတာစတဲ့မိမိတို့ရဲ့ဇိမ်ခံပုံ ချမ်းသာပုံတွေကို
တင်ပြပြီး အပြိုင်အဆိုင် ဂုဏ်ယူနေကြတယ်။ကဲ –ဗုဒ္ဓရဲ့ချမ်းသာမှုဆိုတာ ဘာလည်းဆိုတဲ့
အယူအဆကို လေ့လာကြည့်ကြရအောင်နော်။ဗုဒၶရဲ႕
တရားတော်အတိုင်း နေသူတွေ
မြန်မာနိုင်ငံမှာ
အများကြီးရှိပါတယ်။လူသူအရောက်အပေါက်နည်းပြီး
ဘာဇိမ်ခံပစ္စည်းမှ မသုံပဲနဲ့
တောနက်ထဲမှာ သပိတ်တလုံး သင်္ကန်းသုံးထည်
(လူတွေနားလည်လွယ်အောင်
ပြောရရင်ပုဆိုးတထည် အကျီ င်္တထည် စောင်တထည်
စားစရာပုဂံတချက် ) အဲဒါပဲရှိတယ် သောက်ဖို့
ရေအိုးတလုံးပဲရှိတယ်
ခေါင်းအုံးမရှိဘူး ဝါးဆစ်ပိတ်ဝါးတခုကို ခေါင်းအုံးတယ် ဒီနေ့စားစရာရှာတယ် ဒီနေ့ပဲ
ကုန်အောင်စားတယ် မနက်ဖန်အတွက်ချန်ထား
တာမရှိဘူး တခါတရံ စားစရာလှူမဲ့သူမရှိလို့ မစားခဲ့ရတဲ့ရက်တွေလည်း မနည်းဘူး။အပိုပစ္စည်းဆိုလို့ ဘာတခုမှမရှိဘူး
တနေ့ကို ထမင်းတနပ်ပဲစားတယ်
နေမကောင်းလို့ ဆေးကုပေးမဲ့ ဆရာဝန်မရှိဘူး ကိုယ်သိသလောက် သစ်မြစ်သစ်ဖုတွေနဲ့ပဲ ဆေးကုရတယ်။အလှအပပစ္စည်း
အမွေးအကြိုင်ပစ္စည်း
ဇိမ်ခံပစ္စည်း ဆိုလို
ဘာတခုမွမရွိဘူး။တယောက်တည်းနေတယ် နေမကောင်းလည်း
ပြုစုမဲ့သူမရှိဘူး သေသွားရင်တောင်
ဘယ်သူမှ မသိလိုက်ပဲ သေသွားကြတယ်။သူများလှူတာပဲစားရတယ် ဟင်းမျိုးစုံကို
ခွက်တခုတည်းမှာ ရောပြီးစားရတာ ဘာအရသာ
ဆိုတာတောင် မခံစားဘူး။ကဲ –ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘာသာခြားတယောက်ကို
အဲဒီလို ပုဂ္ဂိုလ်မျိုးကို ဘယ်လိုထင်မလဲလို့
မေးမယ်ဆိုရင် –
အင်မတန်သနားစရာကောင်းပြီး ဆင်းရဲဒုက္ခ
အကြီးကြီးရောက်နေသူလို့ ထင်မှာ ပဲနော် –ဗုဒၶက –ချစ်သားတို့
အဲဒီလိုပုဂ္ဂိုလ်မျိုးရဲ့ စည်းဇိမ်ချမ်းသာဟာ
လူ့ပြည်မှာ အချမ်းသာဆုံး
ခံစားတတ်တဲ့ ဘုရင်စည်းဇိမ်လောက်ကိုမပြောနဲ့
သာမန် နတ်တွေ ဗြဟ္မာတွေတောင်
အဲဒီပုဂ္ဂိုလ်ရဲ့စည်းဇိမ်ကို
ခံစားနိုင်စွမ်းမရှိဘူး တဲ့အဲဒီလို ခံစားနိုင်ဖို့
နည်းစနစ်ကို
သာမန်လူတွေတောင်
မရနိုင္ဘူးတဲ့
အင်မတန်ကံကောင်းမှ
ရနိုင္တာ တဲ့ –ကဲ –မိတ်ဆွေတို့ရော
ယုံကြည်ကြပါရဲ့လား –မယုံရင်
သွားရောက်လေ့လာကြည့်ကြပေါ့မြန်မာနိုင်ငံက
တောတွေ တောင်တွေမှာ
အများကြီး ရှိပါတယ်။ဦးမြင့်Unicodeကမ္ဘာပေါ်က လူတွေကတော့
ရုပ်ဝတ္တုဇိမ်ခံပစ္စည်းတွေကို ပြည့်စုံအောင်ရှာဖွေကြပြီးတော့
လူချမ်းသာဆိုတဲ့ ဘွဲကို ရယူဖို့ ကြိုးစားကြတယ်။

ဘယ်သူက ဘီလီယံ ဘယ်လောက်ချမ်းသာတာ –ဘယ်ပုဂ္ဂိုလ်ကြီး ဘယ်ပစ္စည်းကို ဘယ်လိုဝယ်ပြီးသုံးတာ ဘယ်ဇိမ်ခံအိမ်ကြီး ဘယ်လို
နေလို့ထိုင်လို့ကောင်းပြီး ဘယ်လောက်တောင်
တန်ကြေးရှိတာ ဘယ်ကမ်းခြေကိုသွားပြီး
ဘယ်လောက်အကုန်အကျခံကာ အနာယူတာစတဲ့
မိမိတို့ရဲ့ဇိမ်ခံပုံ ချမ်းသာပုံတွေကို
တင်ပြပြီး အပြိုင်အဆိုင် ဂုဏ်ယူနေကြတယ်။ကဲ –ဗုဒ္ဓရဲ့ချမ်းသာမှုဆိုတာ ဘာလည်းဆိုတဲ့
အယူအဆကို လေ့လာကြည့်ကြရအောင်နော်။ဗုဒၶရဲ႕
တရားတော်အတိုင်း နေသူတွေမြန်မာနိုင်ငံမှာအများကြီးရှိပါတယ်။လူသူအရောက်အပေါက်နည်းပြီး
ဘာဇိမ်ခံပစ္စည်းမှ မသုံပဲနဲ့
တောနက်ထဲမှာ သပိတ်တလုံး သင်္ကန်းသုံးထည်
(လူတွေနားလည်လွယ်အောင်
ပြောရရင်
ပုဆိုးတထည် အကျီ င်္တထည် စောင်တထည်
စားစရာပုဂံတချက် ) အဲဒါပဲရှိတယ် သောက်ဖို့
ရေအိုးတလုံးပဲရှိတယ်
ခေါင်းအုံးမရှိဘူး ဝါးဆစ်ပိတ်ဝါးတခုကို ခေါင်းအုံးတယ် ဒီနေ့စားစရာရှာတယ် ဒီနေ့ပဲ
ကုန်အောင်စားတယ် မနက်ဖန်အတွက်ချန်ထား
တာမရှိဘူး တခါတရံ စားစရာလှူမဲ့သူမရှိလို့ မစားခဲ့ရတဲ့ရက်တွေလည်း မနည်းဘူး။အပိုပစ္စည်းဆိုလို့ ဘာတခုမှမရှိဘူး
တနေ့ကို ထမင်းတနပ်ပဲစားတယ်
နေမကောင်းလို့ ဆေးကုပေးမဲ့ ဆရာဝန်မရှိဘူး ကိုယ်သိသလောက် သစ်မြစ်သစ်ဖုတွေနဲ့ပဲ ဆေးကုရတယ်။အလှအပပစ္စည်း
အမွေးအကြိုင်ပစ္စည်း
ဇိမ်ခံပစ္စည်း ဆိုလို
ဘာတခုမွမရွိဘူး။တယောက်တည်းနေတယ် နေမကောင်းလည်း
ပြုစုမဲ့သူမရှိဘူး သေသွားရင်တောင်
ဘယ်သူမှ မသိလိုက်ပဲ သေသွားကြတယ်။သူများလှူတာပဲစားရတယ် ဟင်းမျိုးစုံကို
ခွက်တခုတည်းမှာ ရောပြီးစားရတာ ဘာအရသာ
ဆိုတာတောင် မခံစားဘူး။ကဲ –ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘာသာခြားတယောက်ကို
အဲဒီလို ပုဂ္ဂိုလ်မျိုးကို ဘယ်လိုထင်မလဲလို့
မေးမယ်ဆိုရင် –
အင်မတန်သနားစရာကောင်းပြီး ဆင်းရဲဒုက္ခ
အကြီးကြီးရောက်နေသူလို့ ထင်မှာ ပဲနော် –ဗုဒၶက –ချစ်သားတို့
အဲဒီလိုပုဂ္ဂိုလ်မျိုးရဲ့ စည်းဇိမ်ချမ်းသာဟာ
လူ့ပြည်မှာ အချမ်းသာဆုံး
ခံစားတတ်တဲ့ ဘုရင်စည်းဇိမ်လောက်ကိုမပြောနဲ့
သာမန် နတ်တွေ ဗြဟ္မာတွေတောင်
အဲဒီပုဂ္ဂိုလ်ရဲ့စည်းဇိမ်ကို
ခံစားနိုင်စွမ်းမရှိဘူး တဲ့အဲဒီလို ခံစားနိုင်ဖို့
နည်းစနစ်ကို
သာမန်လူတွေတောင်
မရနိုင္ဘူးတဲ့
အင်မတန်ကံကောင်းမှ
ရနိုင္တာ တဲ့ –ကဲ –မိတ်ဆွေတို့ရော
ယုံကြည်ကြပါရဲ့လား –မယုံရင်
သွားရောက်လေ့လာကြည့်ကြပေါ့မြန်မာနိုင်ငံက
တောတွေ တောင်တွေမှာ
အများကြီး ရှိပါတယ်။ဦးမြင့်