Uncategorized

၅ မိနစ် လဲလျောင်းနေရုံနဲ့ခါးအဆီတွေဖြုတ်ချနိုင်မယ့်အထိရောက်ဆုံးနည်းလမ်း

ဟို ဒိန်ချဉ်ဗူးကြော်ငြာထဲကလိုပေါ့ မျက်နှာလေးက ဘယ်လောက်လှလှ ခါးမှာ

အဆီတွေ အတစ်လိုက်တွေ့ရသောအခါ ခရက်ရှ်လေးက ခါးသွယ်သွယ်နဲ့ ကောင်မလေးနောက် ပါသွားတာ ကြည့်ဖူးကြမှာပါ။တစ်ကယ်လည်း ခါးအဆီတွေက အဝတ်အစား ဝတ်တဲ့အခါ အရမ်းဒုက္ခပေးပါတယ်၊မတ်တပ်ရပ်လမ်းလျှောက်စဉ် ပြဿနာမဟုတ် ဖုံးကွယ်ထားနိုင်ပေမယ့်ထိုင်လိုက်တဲ့အခါမှာတော့ အရစ်လိုက်အခေါက်လိုက်နဲ့ အတော်ရုပ်ဆိုးပါတယ်။

အခုဖော်ပြမယ့် နည်းလမ်းကတော့ ငွေကြေးလည်းမကုန် လူလည်းအရမ်းမပင်ပန်းပဲနဲ့တစ်ရက်မှာ ၁၅ မိနစ်လောက် လုပ်ရုံနဲ့ ခါးပတ်လည်က အဆီတွေကို သိသိသာသာ ပျောက်ကွယ်သွားပါလိမ့်မယ်။ဒီနည်းက နယ်နယ်ရရ နည်းလမ်းတော့မဟုတ်ပါဘူး ခန္ဓာကိုယ်အလေးချိန်လျှော့ချနိုင်ဖို့လေ့ကျင့်ခန်းနည်းတွေကို ၁၀ နှစ်ကျော်ကြာ အစဉ်တစိုက်လေ့လာနေတဲ့ဂျပန်လူမျိုး ဒေါက်တာ ဖူးကုရှုဒီ ရဲ့ နည်းလမ်းဖြစ်ပြီး အရိုးအဆစ်ရောဂါတွေကိုပါ သက်သာလျော့ပါးစေပါတယ်။

ရှင်းလင်းချက်အရ ခန္ဓာကိုယ်က အဆီတွေဟာ ထိုင်တဲ့ပုံစံ၊ လဲလျောင်းတဲ့ပုံစံ လွဲမှားတာကြောင့် ဝမ်းဗိုက်ပြင်နဲ့ ခါးတို့မှာ လာစုပြီးခန္ဓာကိုယ်အောက်ပိုင်း နံရိုးနဲ့ တင်ပါးဆုံရိုးတို့က အဲဒီအဆီဖိတဲ့ ဒဏ်ကိုခံရပါတယ်။

ဒါကြောင့် ခါးမှာအဆီများတဲ့သူတွေ ခါးနာတဲ့ ဝေဒနာခံစားရတာဖြစ်ပါတယ်။ဒီလိုဝမ်းပြင်က အဆီတွေကို ဖယ်ရှားဖို့ အလွယ်ဆုံးနည်းလမ်းကတော့ အရိုးအဆစ်တွေရဲ့အနေအထားကို ပုံမှန်ပြန်ဖြစ်အောင်၊ ဝမ်းဗိုက်ကြွသားတွေ တင်းရင်းလာအောင် ပြုလုပ်ရတဲ့ နည်းပဲဖြစ်ပါတယ်။အောက်ဖော်ပြပါ နည်းလမ်းကို အမျိုးသားရော အမျိုးသမီးပါ ပြုလုပ်နိုင်ပါတယ်။

နည်းလမ်း၁။ အရင်ဦးဆုံး အရှည် ၄၀ စင်တီမီတာလောက် ရှိတဲ့မျက်နှာသုတ်ပဝါတစ်ထည်ကို အချင်း ၁၀ စင်တီမီတာလောက်ရအောင် လိပ်ပါ၊အလိပ်မပြေအောင် ကြိုးနဲ့စည်းထားပါက ပိုကောင်းပါတယ်။

၂။ အောက်ခံမျက်နှာပြင် ညီညာတောင့်တင်းတဲ့ကြမ်းပြင်၊ ယောဂဖျာ၊ ကော်ဇော စသည်ဖြင့် တစ်ခုခုပေါ်မှာ ပက်လက်လဲလျောင်းပြီးလိပ်ထားတဲ့ မျက်နှာသုတ်ပဝါကို ခါးနဲ့ ကြမ်းပြင် ကြားက လွတ်နေတဲ့နေရာမှာ ခုထည့်လိုက်ပါ။ (မှတ်ချက်။ ။ မွေ့ယာပေါ်မှာ မလုပ်ရပါ)

၃။ ခြေထောက် နှစ်ဖက်ကို မျဉ်းပြိုင် တည့်တည့်ဆန့်တန်းပြီး ခြေမထိပ်ခြင်း လှမ်းထိတားပါ။

၄။ လက်နှစ်ဖက်ကိုလည်း ခြေထောက်နည်းတူ တည့်တည့်ဆန့်တန်းထားပြီးလက်ကို မှောက်ခုံအနေအထားလှည့်ပြီး လက်သန်းထိပ်ခြင်း ထိထားပါ။အဆိုပါ အနေအထားအတိုင်း ငြိမ်ငြိမ်ထားပြီး တစ်မိနစ် နှစ်မိနစ်ခန့် ကြာတဲ့အခါဝမ်းဗိုက်သား တောင့်တင်းပူနွေးလာတာကို ခံစားလာရပြီဆိုရင် ဒီနည်းက မှန်ကန်ပြီး အလုပ်ဖြစ်တယ်လို့ မှတ်ယူပါ။

ဒီအနေအထားအတိုင်း ၅ မိနစ်ခန့်နေပြီးရင် ဘေးစောင်းလှဲချပြီး ဖြည်းဖြည်းချင်း ပြန်ထပါ။ဒီလေ့ကျင့်ခန်းကို တစ်နေ့ ၃ ကြိမ် မှန်မှန် လုပ်နိုင်မယ်ဆိုရင်မြန်မြန်ဆန်ဆန် ဗိုက်ခေါက်အဆီကျလာတာကို ကိုယ်တိုင်လက်တွေ့ ခံစားရမှာဖြစ်ပါတယ်။ဒီနည်းကို ကလေးမွေးပြီးကာစ ခန္ဓာကိုယ်အလေးချိန် လျော့ချလိုတဲ့ မိခင်တွေလည်း လိုက်လုပ်နိုင်ပါတယ်။မှတ်ချက်။ ။

ဖော်ပြပါလေ့ကျင့်ခန်းကို ကျောရိုးပြဿနာရှိသူများ၊ အရိုးအဆစ်ရောင်ယမ်းနာ ရှိသူများအနေနဲ့တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ လုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်။လေ့ကျင့်ခန်းလုပ်နေစဉ် ပထမ တစ်မိနစ် နှစ်မိနစ်မှာ နေမထိထိုင်မသာ အဆင်မပြေဖြစ်လာတတ်ပါတယ်။ဒီလိုဖြစ်လာရင် ခဏရပ်လိုက်ပါ။ နောက်တစ်ကြိမ် ပြန်လုပ်ကြည့်ပြီး၅ မိနစ်ခန့် နေနိုင်လာသည်ထိ အချိန်တဖြည်းဖြည်း မြှင့်၍ လေ့ကျင့်သွားပါ။.

ဖော်ပြပါ လေ့ကျင့်ခန်းကို လိုက်လုပ်ကြသူတွေများစွာရှိပြီး လူအတော်များများက လေ့ကျင့်ခန်း လုပ်ပြီးသိပ်မကြာခင်မှာ ခါးအဆီတွေ ၂ စင်တီမီတာလောက် ပြုတ်သွားတယ်လို့ သိရပါတယ်။ကိုယ်တိုင် လေ့ကျင့်ပြီးတဲ့အခါ ခါးအဆီဘယ်လောက် လျော့ကျသွားလည်းဆိုတာ ပြန်လည် ဝေမျှပေးပါဦးနော်။Credit: ပိုပိုလေ

Zawgyi

၅ မိနစ် လဲလျောင်းနေရုံနဲ့ခါးအဆီတွေဖြုတ်ချနိုင်မယ့်အထိရောက်ဆုံးနည်းလမ်းဟို ဒိန်ချဉ်ဗူးကြော်ငြာထဲကလိုပေါ့ မျက်နှာလေးက ဘယ်လောက်လှလှ ခါးမှာ

အဆီတွေ အတစ်လိုက်တွေ့ရသောအခါ ခရက်ရှ်လေးက ခါးသွယ်သွယ်နဲ့ ကောင်မလေးနောက် ပါသွားတာ ကြည့်ဖူးကြမှာပါ။တစ်ကယ်လည်း ခါးအဆီတွေက အဝတ်အစား ဝတ်တဲ့အခါ အရမ်းဒုက္ခပေးပါတယ်၊မတ်တပ်ရပ်လမ်းလျှောက်စဉ် ပြဿနာမဟုတ် ဖုံးကွယ်ထားနိုင်ပေမယ့်ထိုင်လိုက်တဲ့အခါမှာတော့ အရစ်လိုက်အခေါက်လိုက်နဲ့ အတော်ရုပ်ဆိုးပါတယ်။

အခုဖော်ပြမယ့် နည်းလမ်းကတော့ ငွေကြေးလည်းမကုန် လူလည်းအရမ်းမပင်ပန်းပဲနဲ့တစ်ရက်မှာ ၁၅ မိနစ်လောက် လုပ်ရုံနဲ့ ခါးပတ်လည်က အဆီတွေကို သိသိသာသာ ပျောက်ကွယ်သွားပါလိမ့်မယ်။ဒီနည်းက နယ်နယ်ရရ နည်းလမ်းတော့မဟုတ်ပါဘူး ခန္ဓာကိုယ်အလေးချိန်လျှော့ချနိုင်ဖို့လေ့ကျင့်ခန်းနည်းတွေကို ၁၀ နှစ်ကျော်ကြာ အစဉ်တစိုက်လေ့လာနေတဲ့ဂျပန်လူမျိုး ဒေါက်တာ ဖူးကုရှုဒီ ရဲ့ နည်းလမ်းဖြစ်ပြီး အရိုးအဆစ်ရောဂါတွေကိုပါ သက်သာလျော့ပါးစေပါတယ်။

ရှင်းလင်းချက်အရ ခန္ဓာကိုယ်က အဆီတွေဟာ ထိုင်တဲ့ပုံစံ၊ လဲလျောင်းတဲ့ပုံစံ လွဲမှားတာကြောင့် ဝမ်းဗိုက်ပြင်နဲ့ ခါးတို့မှာ လာစုပြီးခန္ဓာကိုယ်အောက်ပိုင်း နံရိုးနဲ့ တင်ပါးဆုံရိုးတို့က အဲဒီအဆီဖိတဲ့ ဒဏ်ကိုခံရပါတယ်။ဒါကြောင့် ခါးမှာအဆီများတဲ့သူတွေ ခါးနာတဲ့ ဝေဒနာခံစားရတာဖြစ်ပါတယ်။ဒီလိုဝမ်းပြင်က အဆီတွေကို ဖယ်ရှားဖို့ အလွယ်ဆုံးနည်းလမ်းကတော့ အရိုးအဆစ်တွေရဲ့အနေအထားကို ပုံမှန်ပြန်ဖြစ်အောင်၊ ဝမ်းဗိုက်ကြွသားတွေ တင်းရင်းလာအောင် ပြုလုပ်ရတဲ့ နည်းပဲဖြစ်ပါတယ်။အောက်ဖော်ပြပါ နည်းလမ်းကို အမျိုးသားရော အမျိုးသမီးပါ ပြုလုပ်နိုင်ပါတယ်။

နည်းလမ်း၁။ အရင်ဦးဆုံး အရှည် ၄၀ စင်တီမီတာလောက် ရှိတဲ့မျက်နှာသုတ်ပဝါတစ်ထည်ကို အချင်း ၁၀ စင်တီမီတာလောက်ရအောင် လိပ်ပါ၊အလိပ်မပြေအောင် ကြိုးနဲ့စည်းထားပါက ပိုကောင်းပါတယ်။

၂။ အောက်ခံမျက်နှာပြင် ညီညာတောင့်တင်းတဲ့ကြမ်းပြင်၊ ယောဂဖျာ၊ ကော်ဇော စသည်ဖြင့် တစ်ခုခုပေါ်မှာ ပက်လက်လဲလျောင်းပြီးလိပ်ထားတဲ့ မျက်နှာသုတ်ပဝါကို ခါးနဲ့ ကြမ်းပြင် ကြားက လွတ်နေတဲ့နေရာမှာ ခုထည့်လိုက်ပါ။ (မှတ်ချက်။ ။ မွေ့ယာပေါ်မှာ မလုပ်ရပါ)

၃။ ခြေထောက် နှစ်ဖက်ကို မျဉ်းပြိုင် တည့်တည့်ဆန့်တန်းပြီး ခြေမထိပ်ခြင်း လှမ်းထိတားပါ။

၄။ လက်နှစ်ဖက်ကိုလည်း ခြေထောက်နည်းတူ တည့်တည့်ဆန့်တန်းထားပြီးလက်ကို မှောက်ခုံအနေအထားလှည့်ပြီး လက်သန်းထိပ်ခြင်း ထိထားပါ။အဆိုပါ အနေအထားအတိုင်း ငြိမ်ငြိမ်ထားပြီး တစ်မိနစ် နှစ်မိနစ်ခန့် ကြာတဲ့အခါဝမ်းဗိုက်သား တောင့်တင်းပူနွေးလာတာကို ခံစားလာရပြီဆိုရင် ဒီနည်းက မှန်ကန်ပြီး အလုပ်ဖြစ်တယ်လို့ မှတ်ယူပါ။ဒီအနေအထားအတိုင်း ၅ မိနစ်ခန့်နေပြီးရင် ဘေးစောင်းလှဲချပြီး ဖြည်းဖြည်းချင်း ပြန်ထပါ။ဒီလေ့ကျင့်ခန်းကို တစ်နေ့ ၃ ကြိမ် မှန်မှန် လုပ်နိုင်မယ်ဆိုရင်မြန်မြန်ဆန်ဆန် ဗိုက်ခေါက်အဆီကျလာတာကို ကိုယ်တိုင်လက်တွေ့ ခံစားရမှာဖြစ်ပါတယ်။ဒီနည်းကို ကလေးမွေးပြီးကာစ ခန္ဓာကိုယ်အလေးချိန် လျော့ချလိုတဲ့ မိခင်တွေလည်း လိုက်လုပ်နိုင်ပါတယ်။

မှတ်ချက်။ ။ ဖော်ပြပါလေ့ကျင့်ခန်းကို ကျောရိုးပြဿနာရှိသူများ၊ အရိုးအဆစ်ရောင်ယမ်းနာ ရှိသူများအနေနဲ့တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ လုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်။လေ့ကျင့်ခန်းလုပ်နေစဉ် ပထမ တစ်မိနစ် နှစ်မိနစ်မှာ နေမထိထိုင်မသာ အဆင်မပြေဖြစ်လာတတ်ပါတယ်။ဒီလိုဖြစ်လာရင် ခဏရပ်လိုက်ပါ။ နောက်တစ်ကြိမ် ပြန်လုပ်ကြည့်ပြီး၅ မိနစ်ခန့် နေနိုင်လာသည်ထိ အချိန်တဖြည်းဖြည်း မြှင့်၍ လေ့ကျင့်သွားပါ။

ဖော်ပြပါ လေ့ကျင့်ခန်းကို လိုက်လုပ်ကြသူတွေများစွာရှိပြီး လူအတော်များများက လေ့ကျင့်ခန်း လုပ်ပြီးသိပ်မကြာခင်မှာ ခါးအဆီတွေ ၂ စင်တီမီတာလောက် ပြုတ်သွားတယ်လို့ သိရပါတယ်။ကိုယ်တိုင် လေ့ကျင့်ပြီးတဲ့အခါ ခါးအဆီဘယ်လောက် လျော့ကျသွားလည်းဆိုတာ ပြန်လည် ဝေမျှပေးပါဦးနော်။

Credit: ပိုပိုလေ