ဆရာခင်ဗျာ ကျွန်တော်ရေနွေးကြမ်း အလွန်ကြိုက်ပါ
တယ်။ ညအိပ်ရာမဝင်ခင် စာအုပ်ဖတ်ရင်း ရေနွေးကြမ်း
သောက်လေ့ရှိတယ်။ ညဘက်အိပ်မပျော်ဘဲ ဆီး နှစ်ကြိမ်၊
သုံးကြိမ် ထသွားရပါတယ်။ ညဘက်ဆီးသွားသူတွေ လေဖြတ်ဝေဒနာ ခံရလေ့ရှိတယ်ဆိုတာ မှန်ပါသလား ဆရာ။ ဆင်ခြင်စရာတွေ တင်ပြပေးပါလို့
လေးလေး စားစား တောင်းဆိုအပ်ပါတယ်။
ရာသီဥတုအေးတဲ့အခါ ညဘက် ဆီးအကြိမ်ကြိမ်
ထသွားသူတွေ လေဖြတ်ခံရလေ့ရှိတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ ဖြစ်လေ့ရှိပါတယ်။ ရက်ရှည်လများ ညဘက်ဆီးသွားနေရင် ဘာ
အကြောင်းကြောင့် ဖြစ်သလဲ စစ်ဆေးသင့်ပါတယ်။ ဆီးချိုကြောင့်၊ ကျောက်ကပ်ကြောင့် ဆီးအကြိမ်ကြိမ်သွားတာဖြစ်နိုင်ပြီး ရေသောက်
များတာ၊ ရေနွေးကြမ်းအသောက်များတာတို့ကြောင့်လည်း ဆီး ခဏခဏသွားတာဖြစ်နိုင်ပါ တယ်။ ရေနွေးကြမ်းဟာ ကောင်းကျိုးပြုတဲ့ အချက်တွေ
ရှိပေမယ့်လည်း ညအိပ်ရာဝင်ခါနီး များများမသောက်
သင့်ပါ။ ဆီးသွားတာကို မထိန်းနိုင်တဲ့လူကြီးတွေ၊ ဆီး
ကျိတ်ပြဿနာရှိတဲ့လူကြီးတွေမှာ အိပ်ရာဝင်ခါနီး ရေ
လျှော့သောက်သင့်ပါတယ်။ ညဘက် ဆီးထသွားရင်
အအေးပပ်ပြီး လေဖြတ်တာမဖြစ်စေဖို့ အိပ်ခန်းမှာ
အိမ်သာပူးတွဲပါရင် အဆင်ပြေတယ်။ မပါရင် လူကြီးတွေ
အတွက် အိပ်ရာဘေးမှာ အပေါ့သွားဖို့ ဆီးအိုးထားပေး တာဟာ အကောင်းဆုံးဖြစ်တယ်။
မင်္ဂလာပါ ဆရာကြီးရှင့်။ ကျွန်မအသက် ၃၇ နှစ်ပါ။
ညာဘက် မျက်စိထဲမှာ တစ်ခုခုရှိနေသလို ခံစားနေရပါ
တယ်။ ဆရာဝန်ပြတော့ ဘာမှမရှိဘူးလို့ ပြောပါ
တယ်။ မျက်စိဆေးရည်နဲ့လည်း ဆေးပါတယ်။ မပျောက်
ဘူးဖြစ်နေပါတယ်။ ဆေးနည်းရှိရင် ညွှန်ပြပေးပါရှင့်။ ကျေးဇူးတင်ပါတယ်။
မျက်စိထဲကို သံပရာသီးခြမ်းအရည် တစ်စက်၊ နှစ်စက်
ရဲရဲညှစ်ထည့်ပါ။ ပြီးရင် ရေသန့် လက်ခုပ်နဲ့ယူ မျက်စိဆေး
ပါ။ သက်သာသွားပါလိမ့်မယ်။
ဆရာ ကျွန်တော့်ခန္ဓာကိုယ်က အမြဲပူနေပါတယ်။ သူများအသားတွေနဲ့ထိရင် နင့်အသားတွေက ပူလိုက်တာ အပြောခံရပါတယ်ဆရာ။ အဲဒါ
ကြောင့် တစ်နေ့ ရေလေးဘူး၊ ငါးဘူး သောက်ဖြစ်တယ်။ မန်ကျည်း
ဖျော်ရည်လည်း တစ်ပတ် တစ်ရက် သောက်ပေးတယ်။ မနက်တိုင်းလည်း ဝမ်းမှန်အောင်လုပ်ပါတယ်။ ဒါပေမယ့် မရဘူးဖြစ်နေတယ်။ ဆံပ
င်လည်းကျွတ်လို့ နောက်စေ့လည်း ကွက်နေပါပြီ။ အသက်က ၂၈ နှစ်ပါ ဆရာ။ ဆေးနည်းလေးညွှန်ကြားပေးပါ။
ဆန်ဆေးရည်ကြည် တစ်နေ့တစ်ဖန်ခွက် သောက်ပေး
ပါ။ ဆန်ဆေးရည်အနှစ်ကို ဦးခေါင်းမှာ လိမ်းပြီး မနက်
စောစောခေါင်းလောင်း ရေချိုးပါ။ ညအိပ်ခါနီး ခြေဖဝါး ဆားပွတ်ပြီး ဒူးအထက်ကနေ ရေလောင်းခြေဆေးပါ။ မြင်းခွာရွက်ကို ဖျော်ရည်လုပ်သော
က်ပေးပါ။
ဆရာကြီးရှင့် သမီး မီးဖွားပြီး သွေးသားမသန့်စင်လို့လား မသိပါဘူး။ အခုဆို ကလေးအသက်ရှစ်နှစ်ရှိပါပြီ။ ပါးပေါ်မှာ တင်းတိပ်လိုအစက်တွေဖြစ်
နေတာ ပျောက်ချင်ပါတယ်ရှင့်။ ဆေးနည်းလေးသိပါရစေရှင့်။
တင်းတိပ်ကို သံပရာသီးစိတ်နဲ့ပွတ်ပါ။ ရှားစောင်း
လက်ပတ်အနှစ်ကို ကပ်ပေးပါ။ အစေးကို သနပ်ခါးနဲ့ စပ်လိမ်းပါ။
ဆရာရှင့် လွန်ခဲ့တဲ့နှစ်ပတ်လောက်က ဆီးစေ့ကို ခြေ
ဖနောင့်နဲ့နင်းမိတာ အခု အဲဒီ ဖနောင့်က ထောက်မရ
အောင် နာနေပါတယ်ရှင့်။ ဆေးနည်းလေးတွေ ကူညီ ပေးပါဦး ဆရာ။
သံပရာသီး ငါးလုံးလောက်ကို ရေနွေးနဲ့ နူးအောင် ပြုတ်လိုက်ပါ။ နူးရင် ဆယ်ယူပြီး အစေ့တွေ ဖယ်ပါ။ ငရုတ်ဆုံမှာ ညက်အောင်ထောင်းပါ။ အဲဒီ
ညက်နေတဲ့ သံပရာသီးကို ဖနောင့်မှာအုံ ပိတ်စထူထူခံပြီး ပတ်တီး
နဲ့စည်းထားပါ။ ညအိပ်ရာဝင်ချိန်စည်းပြီး မနက် အိပ်ရာထမှ ဖြေပါ။ ပတ်တီးဖြည်တဲ့အခါမှာ ခြေထောက်ကို ဆားရည်နွေးနွေးစိမ်ပေးပါ။ ခုနစ်ရက်လောက်ပြု လုပ်ရင် ပျောက်ပါတယ်။
ဆရာကြီးရှင့်၊ သမီးအသက် ၃၇ နှစ်ရှိပါပြီ။ ခန္ဓာကိုယ်
ဝလာပြီးနောက်ပိုင်းမှာ ဦးခေါင်းနောက်စေ့နဲ့ ဝဲဘက်
ကုပ်နား တစ်ဝိုက်တွေမှာ ချွေးထွက်များလာပါတယ်။ ချွေးနံ့တွေနဲ့ အနံ့အသက်ဆိုးပါတယ်။ နှစ်ရက်ခြား တစ်ခါ ခေါင်းလျှော်ရပါတယ်ရှင့်။ ခေါင်း
ချွေးနံ့သက် သာစေမယ့် နည်းရှိရင် မျှဝေပေးပါဆရာ။
ညအိပ်ရာဝင်ခါနီးမှာ ခြေဖဝါးဆားပွတ်၊ ဒူးအထက်
ကနေအောက် ရေလောင်းခြေဆေးပါ။ ပုံမှန်ပြုလုပ်ပေး
ရင် ခေါင်းချွေးထွက် သက်သာပါတယ်။ ချွေးနံ့ဆိုးသက် သာစေဖို့ မန်ကျည်းမှည့် အနှစ်နဲ့ဆားကို ရောနယ်ပြီး လည်ကုပ်မှာ ပွတ်ပေးပါ။ ရေချိုးခါ
နီးတိုင်း ပြုလုပ်ပါ။
ဆရာခင်ဗျာ ကျွန်တော့နားတစ်ဖက်မှာ နားဖာချေးတုံး ရှိနေပါတယ်။ တခြားသူကို ကြည့်ခိုင်းတာ အဲဒီ အတုံးကို နားဖာကလော်နဲ့ထုတ်ဖို့ကျတော့
လည်း နား ထိခိုက်မှာစိုးရိမ်လို့ မလုပ်ရဲပါ။ နားဖာချေးတုံးထွက် လာအောင် ဘယ်လိုပြုလုပ်ရမလဲ ဆရာ၊ ကျေးဇူးပြု လို့ လမ်းညွှန်ပေးပါ။
မုန်ညင်းဆီ ငါးကျပ်သားမှာ ဆားခါးဟင်းစားဇွန်း
တစ်ဇွန်းထည့်ဖျော်ပြီး မီးနဲ့အပူပေးပါ။ အဲဒီဆီကို နားအတွင်းကို ဘေးစောင်းထည့်ပြီး လောင်းထည့် ခဏကြာ ဘေးစောင်းပြန်ထုတ်ပါ။ အဲဒီလို
လေးကြိမ်၊ ငါးကြိမ်ပြုလုပ်ပေးပါ။
ဆရာရှင့် ကျွန်မအဖေ အဆုတ်ပွရောဂါကြောင့် ချောင်းဆိုးပြီး မောမောနေပါတယ်။ ညဆိုအိပ်မပျော် ဖြစ်ရပါတယ် ဆရာ။ မြန်မာဆေးနည်းရှိရင်
သိပါရစေ ဆရာ။
လောက်သေရွက်ကို အခြောက်လှန်းပြီး လက်ဖက်
ခြောက်လို ရေနွေးဆူဆူမှာ ခပ်ပြီးသောက်ပါ။ ချောင်း
ဆိုးပျောက်အောင် သိန္ဓောဆားကိုထောင်း သံပရာ
ရည်နဲ့ဖျော်ပြီး လျက်ပေးပါ။ မောရင် ရှောက်ရည် သုံး
ဇွန်း၊ ပျားရည်တစ်ဇွန်းရောစပ်တိုက်ပေးပါ။ အမောသက်
သာစေပါတယ်။
ဆရာကြီး ကျွန်တော့်သားလေး အသက်က တစ်နှစ် ရှစ်လပါ။ ညက နှာခေါင်းသွေးယိုလာလို့ပါ။ တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဘာလုပ်ရမလဲ လမ်းညွှန်
ပေးပါ။
ရာသီဥတုပူလာတဲ့အခါ ညဘက်မှာ နှာခေါင်းသွေး ယိုတတ်ပါတယ်။ နှာခေါင်းသွေးယိုသူကို ထိုင်ခိုင်း ထားပါ။ နားနောက်က ချိုင့်လေးထဲမှာ ရေခဲက
ပ်ပေး ပါ။ နှာခေါင်းသွေးယိုတာ အမြန်သက်သာပါတယ်။ မာလကာရွက်ကို ချေပြီး ရှူခိုင်းပါ။ ကျေးလက်တောရွာ တွေမှာ ဆေးမြီးတိုအဖြစ် နွား
ချေးခြောက်ကို နှာဝတေ့ ရှူခိုင်းရင် နှာခေါင်းသွေးယိုရပ်တယ်လို့ဆိုပါတယ်။ ကလေးကို မကြာခဏ နှာခေါင်းသွေးမယိုအောင် အုန်းစိမ်းရည်တိုက်ပြီး
မနက်စောစော ခေါင်းကနေ ရေ လောင်းချိုးပေးပါ။
ဆရာ သမီးခင်ပွန်းက ဝပါတယ်။ ပေါင်ချိန် ၁၇ဝ လောက်ရှိပါတယ်။ အလုပ်နည်းနည်း လုပ်လိုက်တာနဲ့ ချွေးတွေထွက်လို့အလုပ်များများမလုပ်
နိုင်ဘဲ တစ်ခါတစ်ရံ အိပ်ရာထဲမှာ ခွေနေတတ်ပါတယ်။ ဆေးစစ် ကြည့်တော့ နှလုံးသွေးကြောကျဉ်းနေတာလို့ သိရတယ်
ဆရာ။ သင့်တော်မယ့်ဆေးနည်းရှိရင် ညွှန်ပြပေးစေလို ပါတယ်။
နှလုံးသွေးကြောကျဉ်းတဲ့သူတွေအတွက် ချင်းကို ထောင်း အရည်ညှစ် တစ်ဇွန်း၊ ကြက်သွန်ဖြူ ထောင်း အရည်တစ်ဇွန်း၊ ပျားရည်တစ်ဇွန်းရောစ
ပ်ပြီး ည
အိပ်ရာဝင်ချိန် ပုံမှန်စွဲသောက်ပါ။ တစ်လခွဲ (၄၅ရက်) စွဲသောက်ပါ။ လက်တွေ့ပျောက်သူရှိပါတယ်။
ဆရာကြီးရှင့် ကျွန်မအသက် ၃၇ နှစ်ပါ။ အိမ်ထောင်
မရှိပါရှင့်။ ၂ဝ၁၄ ခုနှစ်လောက်ထိ ဓမ္မတာပုံမှန်လာ
ပါတယ်။ ၂ဝ၁၅ ခုနှစ်နောက်ပိုင်း ဓမ္မတာမမှန်တော့
ပါ။ အင်္ဂလိပ် ဆေးဝါးတွေ သုံးစွဲခဲ့ရပါတယ်။ ပြန်လာ ပေမယ့်လည်း နည်းပါတယ်။ ဟော်မုန်းကစားတယ် လို့လည်းပြောကြပါတယ်။ သွေးမဆုံး
ချင်သေးလို့ ဘယ် လိုဆေးသောက်သင့်ပါသလဲ ဆရာ။ လမ်းညွှန်ပေးပါ ဆရာ။
ကြိတ်မှန်ရွက် ငါးကျပ်သားမှာ ရှားစောင်းလက်ပပ် အနှစ် ၁ဝ ကျပ်သား၊ ထန်းလျက်ခဲ ၁၅ ကျပ်သားနဲ့ရော ကျို၊ ဆားလှော်သင့်ရုံထည့်ပြီး လက်
ကော်ရအောင် ကျိုပါ။ ဖန်ပုလင်းမှာထည့် နှမ်းဆီအုပ်ထားပြီး နေပြ ပြပေးပါ။ နေ့စဉ် မနက်၊ ည နှစ်ဇွန်းစားပေးပါ။ သွေး ပြန်ပေါ်ပါလိမ့်မယ်။
ဆရာ ကျွန်မအသက်၂၇ နှစ်ပါ။ မျက်စိပါဝါအဝေးကြည့် ၅ဝဝ ရှိပါတယ်။ နေပူထဲသွားရင် ခေါင်းတွေကိုက် လာပါတယ်။ မျက်စိပါဝါကျစေနိုင်မယ့်
ဆေးနည်းလေး လမ်းညွှန်ပေးပါရှင့်။
နေပူထဲသွားပြီး အဝေးက နေရောင်နဲ့အလင်းပြန်တာ
တွေကိုကြည့်ရင် မျက်စိပါဝါပိုတက်ပါတယ်။ အဝေး ကြည့်ပါဝါကျချင်ရင် အဝေးကို အချိန်ကြာကြာကြည့်တာကို ရှောင်ကြဉ်ရပါမယ်။ အထူးသဖြင့်
ကားမှန်အလင်းပြန်တာတွေ ရှောင်ကြဉ်သင့်ပါတယ်။ စိမ်းစိုတဲ့ သစ်ပင်တောတန်းတွေကိုကြည့်ရင်တော့ မျက်စိအတွက်အကျိုးရှိပါတယ်။ မျက်
နှာသစ်တိုင်း ရေကို လက်ခုပ်နဲ့ ယူပြီး မျက်စိကိုဆေးတာ၊ မန်ကျည်းပနီပင်ရဲ့ အခေါက် ကိုသွေးပြီး မျက်စိကွင်းပေးတာ ပြုလုပ်ပါ။ အတွင်းစား
ဆေးအဖြစ် တိုင်းရင်းဆေးခန်းသုံးဆေး အမှတ် ၁၂ (စက္ခုပါလဆေး)ကို ညအိပ်ရာဝင်ချိန်တိုင်း ဆေးမှုန့် ဟင်းစားဇွန်းတစ်ဇွန်း ပုံမှန်သော
က်သုံးပေးရင် ဝမ်း လည်းမှန်၊ မျက်စိအကြောတွေ လျော့ပြီး အဝေးအနီး ဒီဂရီ လျော့ကျစေနိုင်ပါတယ်။
ဆရာ ကျွန်မအစ်မက ကိုယ်ဝန်နှစ်လရှိပါပြီ။ သားဦး
ပါ။ သူ ယိုးဒယားသင်္ဘောသီးထောင်း တစ်ပွဲနီးပါး
စားလိုက်တယ်။ ပြီးတော့ အန်ချင်သလိုဖြစ်နေတယ် ပြောပါတယ် ဆရာ။ ဘာဖြစ်နိုင်ပါသလဲရှင်။ စားပြီး
မှသူများတွေက သင်္ဘောသီးစိမ်းက အပူစာဖြစ်ပြီး
ကိုယ်ဝန်ပျက်ကျနိုင်တယ် ပြောကြလို့ပါဆရာ။ ဘာပြန် ကျွေးသင့်ပါသလဲရှင့်။ ဖြေကြားပေးပါ။
သင်္ဘောသီးစိမ်းက အစေးကုန်အောင် ရေမဆေးရင် ကိုယ်ဝန်ပျက်ကျတတ်တယ်လို့ ဆိုပါတယ်။ လက်တွေ့
တော့ မတွေ့ဖူးပါ။ အန်ချင်တဲ့အတွက် ဖြေဆေးက
ကန်စွန်းရွက်ရိုးနီကိုထောင်းပြီး ထန်းလျက်နဲ့ရော ကျွေး
ပါ။
ဆရာရှင့် မိန်းကလေးရောဂါနဲ့ပတ်သက်ပြီး မေးခွင့်
ပြုပါဆရာ။ ဆီးသွားချင်တာကို မသွားဘဲအောင့်ထားရင် မိန်းမကိုယ်က တအားပူပြီး ယားယံလာတယ်။ ဓမ္မတာ မလာခင်နဲ့ လာပြီးချိန်မှာ ယား
တယ်။ ဘာကြောင့်လဲ ဆိုတာ သိပါရစေ။ အတွင်းခံကြောင့်လားစိတ်ပူလို့ သန့်
ရှင်းအောင်အမြဲဂရုစိုက်ဝတ်ဆင်ပါတယ် ဆရာ။ ဘာကြောင့် ဖြစ်တယ်ဆိုတာ သိပါရစေ။
အဖြူဆင်းချင်တာကို မဆင်းဘဲ ပူပြီး ယားယံတဲ့
ရောဂါဖြစ်တတ်ပါတယ်။ ဆန်ဆေးရည်နဲ့ သကြား ရော
စပ်သောက်ကြည့်ပါ။ ဆန်ဆေးရည် တတိယအရည် (အကြည်)တစ်ဖန်ခွက်မှာ သကြားနှစ်ဇွန်းထည့်ဖျော်ပြီး မနက်စောစောသောက်ပေးပါ။ မီး
ကွင်းဂမုန်းရွက်ကို လည်း အသုပ်ပြုလုပ်ပြီး စားပါ။ ကျောက်ချဉ်ခဲကို ရေ
သန့်နဲ့စိမ်ထားပြီး မိန်းမကိုယ်သန့်ရှင်းအောင် ဆေးပေး ပါ။ ပူစပ်ချဉ်အရသာရှိတဲ့ အစားတွေကို ရှောင်ကြဉ်ပါ။
ဆရာခင်ဗျာ ညဘက် အဲကွန်းဖွင့်အိပ်ပြီး မနက်နိုး
တဲ့အချိန် ချွဲထတတ်ပါတယ်။ ကျေးဇူးပြုလို့ ဘယ်လို လုပ်ရမယ်ဆိုတာ ညွှန်ကြားပေးပါ။
အဲကွန်းကို ညဦးပိုင်းမှာဖွင့်ပြီး ညနက်ပိုင်းမှာ ပိတ်
သွားအောင် နာရီမှတ်တဲ့Timer နဲ့ဖွင့်အိပ်ပါ။ လင်းပိုင်း
မှာ အအေးပပ်ပြီး ချွဲထတတ်ပါတယ်။ ချင်းကို ပါးပါးလှီး
ပြီး ရေနွေး မတ်ခွက်နဲ့စိမ်ထားပါ။ မနက်အိပ်ရာထ သောက်ပေးပါ။ ချွဲထ သက်သာနိုင်ပါတယ်။
မူရင်းတင်သူအား
creditပေးသည်